“Snowdrop” ဇာတ်လမ်းတွဲမှာ ဇာတ်လိုက်မင်းသမီးရဲ့အခန်းဖော်အဖြစ် ပါဝင်ထားတဲ့ မင်းသမီး ကင်မီဆိုး ကွယ်လွန်

snowdrop.jpg

လက်ရှိထုတ်လွှင့်ပြသနေတဲ့ “Snowdrop” ဇာတ်လမ်းတွဲမှာ ဇာတ်ပို့အဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့ မင်းသမီး ကင်မီဆိုး (Kim Mi Soo) ဟာ အသက် ၃၁ နှစ်အရွယ်မှာ ကွယ်လွန်သွားခဲ့ပါပြီ။ Osen သတင်းဌာနရဲ့ထုတ်ပြန်ချက်အရ ကင်မီဆိုးသေဆုံးသွားတာကို သိရှိခဲ့ရတာပါ။ သေဆုံးရခြင်းအကြောင်းအရင်းကိုတော့ ထုတ်ဖော်ပြောကြားထားခြင်းမရှိပါဘူး။ သူ့ရဲ့နာရေးအခမ်းအနားကို Sungsi Funeral Home မှာ ပြုလုပ်ဖို့ စီစဉ်ထားပါတယ်။

ကင်မီဆိုးရဲ့အေဂျင် Landscape Entertainment ကလည်း ကင်မီဆိုး သေဆုံးသွားတဲ့သတင်းကို ထုတ်ပြန်ချက်နဲ့အတူ အတည်ပြုပေးခဲ့ပါတယ်။ ” မင်းသမီး ကင်မီဆိုးရဲ့အေဂျင်စီ Landscape Entertainment ပါ။ ဒီကြေကွဲဝမ်းနည်းစရာသတင်းကို ပြောပြဖို့ ဒီနေရာမှာ ကျွန်တော်တို့ရှိနေတာပါ။ မင်းသမီး ကင်မီဆိုးက ဇန်နဝါရီလ ၅ ရက်နေ့မှာ ရုတ်တရက်ကွယ်လွန်သွားခဲ့ပါတယ်။ ဒီ ရုတ်တရက်ဆန်တဲ့ဝမ်းနည်းစရာသတင်းကြောင့် ကျန်ရစ်သူမိသားစုတွေလည်း အရမ်းကြေကွဲဝမ်းနည်းနေကြပါတယ်။ သေဆုံးသွားသူရဲ့ကောလဟာလတွေ၊ ခန့်မှန်းပြောဆိုတဲ့စကားတွေ၊ ထုတ်ပြန်ချက်တွေကို မဖြန့်ဝေဖို့ ကျွန်တော်တို့ အနူးအညွှတ်တောင်းဆိုပါတယ်။ ဒါမှ တုန်လှုပ်ဝမ်းနည်းပူဆွေးမှုတွေနဲ့ ပြည့်နေတဲ့ ကျန်ရစ်သူမိသားစုက ကွယ်လွန်သွားသူကို အောက်မေ့သတိရနိုင်မှာပါ။ သူ့ရဲ့နာရေးအခမ်းအနားကို မိသားစုရဲ့ဆန္ဒအရ တံခါးပိတ်နောက်ကွယ်ကနေ တိတ်တဆိတ်ကျင်းပသွားမှာပါ။ ကျေးဇူးပြုပြီး သူမအတွက် ဆုတောင်းပေးကြပါ။ ကွယ်လွန်သူအတွက် မိသားစုနဲ့အတူ ကျွန်တော်တို့ ထပ်တူထပ်မျှ ဝမ်းနည်းပူဆွေးရပါတယ်” လို့ ထုတ်ပြန်ခဲ့ပါတယ်။

ကင်မီဆိုးက Snowdrop ဇာတ်ကားမှာ ယောင်ရိုရဲ့အခန်းဖော်တွေထဲက တစ်ယောက်ဖြစ်တဲ့ ယွန်ဂျောင်မင်း အဖြစ် ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ “Snowdrop” ဇာတ်လမ်းတွဲက ဇာတ်ကားတစ်ခုလုံးပြီးစီးအောင်ရိုက်ကူးပြီးမှ ထုတ်လွှင့်ပြသခဲ့တာဖြစ်ပါတယ်။ Hellbound၊ Yumi’s Cells၊ Hi, Bye Mama ဇာတ်လမ်းတွဲတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။

Ref: Koreaboo “Snowdrop” Actress Kim Mi Soo Has Passed Away”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top