BLACKPINKအဖွဲ့ဝင်လီဆာအသုံးပြုခဲ့တဲ့ပစ္စည်းတွေကို ရောင်းဖို့ကြိုးစားခဲ့လို့ ဝေဖန်ပြောဆိုမှုတွေခံနေရတဲ့ ထိုင်းနိုင်ငံက ကော်ဖီဆိုင်

yyl-032-1.jpg

ကိုရီးယားအဆိုအဖွဲ့ BLACKPINK ဟာ တစ်ကမ္ဘာလုံးက ပရိသတ်တွေရဲ့အားပေးနှစ်ခြိုက်မှုကို အပြည့်အဝရရှိထားတဲ့အဖွဲ့တစ်ဖွဲ့ပါ။ အဲဒီအဖွဲ့မှာ ထိုင်းနိုင်ငံဖွားလီဆာ (Lisa) ကလည်း မိန်းကလေးပရိသတ်တွေကော ယောကျ်ားလေးပရိသတ်တွေပါ ရရှိထားတဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့အပတ်က လီဆာဟာ ထိုင်းနိုင်ငံက MQQN Cafe ဆိုင်မှာ ဓာတ်ပုံရိုက်ကူးရေးလုပ်ခဲ့ပါတယ်။

အဲဒီဓာတ်ပုံတွေကို သူ့အင်စတာဂရမ်အကောင့်မှာ တင်ခဲ့ပြီးတဲ့နောက်မှာ Cafe ဆိုင်ပိုင်ရှင်က ဓာတ်ပုံရိုက်ကူးစဉ်က လီဆာအသုံးပြုခဲ့တဲ့ ထိုင်ခုံ၊ ဇွန်း၊ ခက်ရင်းအပါအဝင် အသုံးအဆောင်ပစ္စည်းတွေကို ရောင်းဖို့ကြိုးစားခဲ့တာကြောင့် လီဆာရဲ့ပရိသတ်တွေက စိတ်ဆိုးသွားခဲ့ပြီး ဝေဖန်ပြောဆိုမှုတွေရှိခဲ့ပါတယ်။

Cafeဆိုင်ပိုင်ရှင်က လီဆာ အသုံးပြုခဲ့တဲ့ ထိုင်ခုံကို အမေရိကန်ဒေါ်လာ (၃၃၀၀) နဲ့ ရောင်းမယ်ဆိုတဲ့အကြောင်းကို ဖေ့စ်ဘွတ်ခ်မှာ “ကျွန်တော် ဒီဈေးနှုန်းနဲ့ မကျေနပ်နိုင်ပါဘူး။ သူမ အသုံးပြုခဲ့တဲ့ ဖန်ခွက်နဲ့ ဇွန်းခရင်းတို့လည်း ရှိပါသေးတယ်” ဆိုတဲ့စာသားနဲ့ ဖေ့စ်ဘွတ်ခ်ပေါ်တင်ခဲ့တာဖြစ်ပါတယ်။ အဲဒီလိုတင်ပြီး မကြာခင်မှာပဲ လီဆာကို မလေးစားသလိုဖြစ်စေတဲ့အတွက် ဆိုရှယ်မီဒီယာအသုံးပြုသူတွေက ပြစ်တင်ရှုပ်ချခဲ့ပြီးသူတို့ရဲ့မကျေနပ်မှုတွေကို ထုတ်ပြခဲ့ပါတယ်။

Cafe ဆိုင်ပိုင်ရှင်က သူ့ရဲ့လုပ်ရပ်ကြောင့် အွန်လိုင်းပေါ်ကနေ “ကျွန်တော်ရဲ့မကောင်းတဲ့ပို့စ်အတွက် တောင်းပန်ပါတယ်။ လီဆာနဲ့ ပတ်သက်သမျှလူတိုင်းကို တောင်းပန်ပါတယ်။ ဝေဖန်ပြောဆိုမှုတွေအားလုံးကို ကျွန်တော်လက်ခံပါတယ်။ ကျွန်တော်တို့အားလုံးက လီဆာကို ချစ်ပါတယ်။ ဖြစ်ခဲ့တဲ့အရာအတွက် ကျွန်တော်တို့တောင်းပန်ပါတယ်” ဆိုတဲ့စာရေးသားပြီး ပရိသတ်တွေကို တောင်းပန်ခဲ့ပါတယ်။

Cafe ဆိုင်ပိုင်ရှင်ရဲ့ ဖေ့စ်ဘွတ်ပေ့ချ်ဟာ အဲဒီကတည်းက တိတ်ဆိတ်နေခဲ့ပါတယ်။ ဒါပေမဲ့ သူ့ရဲ့တောင်းပန်မှုက BLACKPINKဖန်တွေရဲ့ဒေါသတွေကို ဖြေဖျောက်မှုအနည်းငယ်တော့ဖြစ်စေခဲ့ပါတယ်။ အဲဒါကြောင့်ပဲ MQQN Cafe ဆိုင်ကို တနင်္ဂနွေနေ့ကတည်းက ပိတ်ထားခဲ့ရပါတယ်။

Ref: After trying to sell toilet seat used by Blackpink’s Lisa, Thai cafe is closed amid online backlash

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top