ကာရေဘီယံပင်လယ်မှာ ပြင်းအား ၇.၇ မဂ္ဂနီကျူ့စ်ငလျင် လှုပ်ခတ်

yyl-009-18.jpg

ကာရေဘီယံပင်လယ်ကို ဗဟိုပြုပြီး ပြင်းအား ၇.၇ မဂ္ဂနီကျူ့စ်ငလျင် လှုပ်ခတ်ခဲ့လို့ ဆူနာမီသတိပေးချက်တွေ ထွက်ပေါ်ခဲ့ပြီး မိုင်ယာမီမြို့မှာ အရေးပေါ်ဖယ်ရှားမှုတွေ လုပ်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့အင်္ဂါနေ့က ဂျမေကာ၊ ကေးမန်းကျွန်းနဲ့ ကျူးဘားနိုင်ငံကြားမှာ မြေအောက်အနက် ၆.၂ မိုင်အကွာကို ဗဟိုပြုပြီး ငလျင်လှုပ်ခတ်ခဲ့တာလို့ အမေရိကန်ဘူမိဗေဒတိုင်းတာရေးအဖွဲ့က ပြောပါတယ်။

ကာရေဘီယံဒေသတစ်ဝိုက်မှာ အဆောက်အအုံတွေ ခါယမ်းပြီး တုန်ခါမှုဒဏ် ခံစားခဲ့ရပေမဲ့ လူသေဆုံးတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာခြင်းမရှိပါဘူး။ အမေရိကန်နိုင်ငံ မိုင်ယာမီမြို့နဲ့ ဂျမေကာနိုင်ငံရဲ့ တချို့ဒေသတွေမှာ ရုံးခန်းတချို့မှာရှိနေသူတွေကို ယာယီဖယ်ရှားခဲ့ရပါတယ်။ ပစိဖိတ်ဆူနာမီသတိပေးစင်တာ(PTWC)က သတိပေးချက်တွေ ထုတ်ပြန်ခဲ့ပေမဲ့ နောက်ပိုင်းမှာတော့ သတိပေးချက်ကို ပြန်ရုပ်သိမ်းခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top