အနားယူချိန်မှာတောင် တောမီးဒဏ်ခံစားနေရတဲ့ကိုအာလာလေးတွေကို ဂရုစိုက်ပေးခဲ့တဲ့ သြစတြေးလျစစ်သားတွေ

yyl-003-15.jpg

အခုဆိုရင် သြစတြေးလျတောမီးလောင်ကျွမ်းမှုက တစ်စတစ်စနဲ့ လျော့နည်းလာနေပြီး အခြေအနေကောင်းလာနေပါပြီ။ မရေတွက်နိုင်တဲ့သြစတြေးလျလူမျိုးတွေက တောမီးလောင်ကျွမ်းမှု ငြိမ်းသတ်သွားအောင် လပေါင်းများစွာ ကြိုးပမ်းခဲ့ကြရပါတယ်။ တောမီးကြောင့် အကူအညီလိုအပ်နေတဲ့ လူတွေရော၊ တိရစ္ဆာန်တွေကိုပါ ထောက်ပံ့ကူညီပေးခဲ့ကြပါတယ်။ မကြာသေးခင်ကမှ သြစတြေးလျရဲ့ဝန်ကြီးချုပ်က မီးငြိမ်းသတ်မှုနဲ့ ကူညီဆောင်ရွက်မှုတွေပြုလုပ်နိုင်ဖို့အတွက် စစ်သား (၃၀၀၀) ကို ခေါ်ယူခဲ့ကြပါတယ်။ အခြားလူတွေလိုပဲ သူတို့ကလည်း မရပ်မနား ကြိုးစားအားထုတ်နေကြရပါတယ်။

အလှည့်ကျတာဝန်ထမ်းဆောင်လို့ အနားယူချိန်ရခဲ့ပေမဲ့လည်း စစ်သားတော်တော်များများက တောမီးအန္တရာယ်ကနေ ပြန်လည်ကောင်းမွန်လာအောင် ဆက်လက်ကူညီပေးနေဆဲပါပဲ။ အခုဆိုရင် အနားယူချိန်မှာတောင် ကိုအာလာလေးတွေကို ဂရုစိုက်ပေးနေတဲ့ 16th Regiment Emergency Support Force အဖွဲ့ရဲ့ပုံတွေက လူမှုကွန်ယက်အကောင့်မှာ လူပြောများလို့နေပါတယ်။

လူပြောများတဲ့ပုံတွေထဲက တစ်ပုံက စောင်ပါးလေးနဲ့ထုပ်ပိုးထားတဲ့ကိုအာလာလေးကို ပွေ့ချီပြီး အစာကျွေးမွေးဂရုစိုက်ပေးနေတဲ့ စစ်သားတစ်ယောက်ရဲ့ပုံပါပဲ။ ပို့စ်မှာ ရေးတာက “16 Regiment Emergency Support Force က သူတို့ရဲ့အနားယူချိန်မှာတောင် တိရစ္ဆာန်လေးတွေကို အစာကျွေးမွေးဂရုစိုက်ပေးနေသလို ပန်းခြံထဲမှာ ကိုအာလာလေးတွေ နေလို့ရအောင် သစ်ပင်တွေကို ဖန်တီးပေးနေပါတယ်” ဆိုတာပါပဲ။

16th Regment တပ်ဖွဲ့က တောမီးဒဏ်ခံစားခဲ့ရတဲ့ ကိုအာလာလေးတွေကို ဂရုစိုက်ပေးခဲ့ရုံတင်မကပါဘူး။ သူတို့လေးတွေ သစ်ပင်ပေါ်တတ်ပြီး အနားယူလို့ရအောင် ပြင်ဆင်လုပ်ဆောင်ပေးခဲ့ကြပါတယ်။ အဲဒီတပ်ဖွဲ့က ဗိုလ်ကြီး ဂါနက် ဟောလ်ကို သတင်းဌာနတစ်ခုက မေးခွန်းတွေ မေးမြန်းခဲ့ပါတယ်။ ကိုအာလာလေးတွေကို ဂရုစိုက်တဲ့နေရာမှာ စိန်ခေါ်မှုအများဆုံးအပိုင်းက ဘာလဲလို့ မေးခဲ့တဲ့အခါမှာ “စိတ်ဖိစီးမှုနဲ့ နာကျင်မှုတွေကို လျော့ချပေးရတာက စိန်ခေါ်မှုအမြင့်ဆုံးဖြစ်ခဲ့ပါတယ်။

ကိုအာလာတော်တော်များများက မီးလောင်ကျွမ်းခဲ့ရတာကြောင့် နာကျင်မှုတွေ ခံစားနေရပါတယ်။ ဒီထက်ပိုဆိုးတာက သူတို့တွေ ကြောက်ရွံ့နေတယ်။ သူတို့ခိုနားရာနေရာလည်း ပျက်စီးသွားတယ်၊ သူတို့ရဲ့သူငယ်ချင်းတွေလည်း သေဆုံးသွားတယ်။ ဆေးကုသဖို့အတွက် ထူးဆန်းတဲ့နေရာကို သူတို့တွေခေါ်သွားခံခဲ့ရတယ်။ ဒါကြောင့် သူတို့တွေကို နာကျင်မှုတွေပြေလျော့သွားအောင် ကျွန်တော်တို့ အကောင်းဆုံးလုပ်ရပါတယ်။ သူတို့ရဲ့မီးလောင်ဒဏ်ရာကို သန့်ရှင်းပြီး ဆေးထည့်ပေးရတာကလည်း ခက်ခဲတဲ့အလုပ်ဖြစ်ပါတယ်” လို့ ဖြေကြားခဲ့ပါတယ်။

ဗိုလ်ကြီးဂါနက်က ကိုအာလာလေးတွေနဲ့ ပတ်သက်ပြီး လူတွေကို သိစေချင်တဲ့အရာကတော့ ကိုအာလာတွေက အံ့အာသင့်စရာကောင်းတဲ့၊ စိတ်ဝင်စားစရာကောင်းတဲ့တိရစ္ဆာန်တွေဖြစ်ပြီး အခြားသြစတြေးလျနို့တိုက်သတ္တဝါတွေလိုပါပဲတဲ့။

Ref: Australian Army Soldiers Spend Their Rest Time Caring For Koalas Affected By The Bushfires

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top