ပရီယန်ကာ ချိုပရာတို့စုံတွဲ နောက် (၁၀) နှစ်အတွင်း ကွာရှင်းမယ်လို့ အငြင်းပွားဖွယ် ခန့်မှန်းပြောဆိုခဲ့တဲ့ ကာမားလ် ရာရှစ်တ် ခန်း

unnamed-2.png

မင်းသား ကာမားလ်ရာရှစ်တ်ခန်း (Kammal Rashid Khan) ဟာ ဘောလီဝုဒ်ရဲ့အနုပညာရှင်တွေအကြောင်း မှားယွင်းတဲ့အကြောင်းအရာတွေနဲ့ သတင်းခေါင်းကြီးပိုင်းဖြစ်အောင် ခန့်မှန်းပြောဆိုနေတဲ့ ဝေဖန်ရေးသမားလည်းဖြစ်ပါတယ်။ သူဟာ ဘောလီဝုဒ်ဆယ်လီတွေမှာ မကောင်းတဲ့မှတ်ချက်တွေပေးတာကြောင့် အမြဲတမ်းအငြင်းပွားဖွယ်ရာဖြစ်စေခဲ့ပါတယ်။ အမီရာခမ်း (Aamir Khan) နဲ့ ကီရန်ရာအို (Kiran Rao) တို့ရဲ့ကွာရှင်းပြတ်ဆဲမှုအပေါ် ပက်ပက်စက်စက်ဝေဖန်ပြောဆိုတိုက်ခိုက်ခဲ့ပါသေးတယ်။ အဲဒီနောက် အခုလည်းပဲ နစ်ခ်ဂျိုးနက်စ် (Nick Jonas) နဲ့ ပရီယန်ကာ ချိုပရာ (Priyanka Chopra) တို့စုံတွဲကိုလည်း အငြင်းပွားဖွယ်ရာကောင်းလောက်အောင် ခန့်မှန်းဝေဖန်ပြောဆိုမှုတစ်ခုလုပ်လိုက်ပြန်ပါပြီ။

ကာမားလ်ရာရှစ်တ်ခန်းက သူ့ရဲ့တွစ်တာအကောင့်မှာ အငြင်းပွားဖွယ်ရာခန့်မှန်းပြောဆိုမှုတချို့ကို မကြာသေးခင်က တင်ခဲ့ပါတယ်။ အဲဒီခန့်မှန်းပြောဆိုမှုတချို့မှာ နစ်ခ်ဂျိုးနက်စ်က နောက် (၁၀) နှစ်အတွင်းမှာ သူ့ရဲ့ဇနီးကို ကွာရှင်းမှာဖြစ်တယ်ဆိုတဲ့ ခန့်မှန်းပြောဆိုမှုပါဝင်ပါတယ်။ အဲဒီခန့်မှန်းပြောဆိုမှုက အင်တာနက်အသုံးပြုသူတွေကို အငြင်းပွားဖွယ်ရာဖြစ်စေခဲ့ပါတယ်။ အင်တာနက်အသုံးပြုသူတွေက သူ့ကို ကိုယ့်ကိစ္စကိုပဲ ပူစမ်းပါ။ အခြားသူတွေအပေါ် အခြေအမြစ်မရှိတဲ့ သုံးသပ်ပြောဆိုတာတွေမလုပ်စမ်းပါနဲ့လို့ ပြောဆိုနေကြပါတယ်။

အင်တာနက်အသုံးပြုသူတစ်ယောက်ကဆိုရင် “မင်းက ကန့်သတ်ဘောင်အတွင်း ဘယ်လိုနေရမလဲဆိုတာ သင်ယူဖို့ လိုပြီ။ သူတို့ ဘာတွေပဲလုပ်လုပ် အခြားသူတွေရဲ့ကိုယ်ရေးကိုယ်တာဘဝတွေကို သုံးသပ်ဝေဖန်ပြောဆိုဖို့ ဘာအခွင့်အရေးမရှိဘူး”လို့ ပြောဆိုခဲ့ပါတယ်။ “ကာမားလ်ရာရှစ်တ်ခန်းက လူတွေရဲ့ဘဝတွေကို အခြေအမြစ်မရှိဘဲ ခန့်မှန်းပြောဆိုတဲ့အတွက် နောက် (၁) နှစ်အတွင်း လူမြင်ကွင်းမှာ ရိုက်နှက်ခံရမယ်” လို့လည်း အင်တာနက်အသုံးပြုသူတစ်ဉီးက ပြန်လည်ခန့်မှန်းပြောဆိုလိုက်ပါတယ်။

ကာမားလ်က နစ်ခ်ဂျိုးနက်စ်တို့စုံတွဲကို ခန့်မှန်းပြောဆိုတာအပြင် မင်းသမီး ကန်ဂါနာ ရာနက် (Kangana Ranaut) က ဘယ်တော့မှ လက်ထပ်ရမှာမဟုတ်ဘူးလို့လည်း ခန့်မှန်းရေးသားခဲ့ပါတယ်။ ကရီနာ ကပူး (Kareena Kapoor) နဲ့ ဆာအစ်ဖ် အလီခန် (Saif Ali Khan) တို့ရဲ့သားတွေကလည်း အိန္ဒိယရုပ်ရှင်လောကမှာ အောင်မြင်မှာမဟုတ်ဘူးဆိုတာကိုလည်း တွစ်တာအကောင့်မှာ ရေးတင်ခဲ့ပါတယ်။

မကြာသေးခင်က အမီရာ နဲ့ ကီရန်တို့ရဲ့ကွာရှင်းမှုအကြောင်းပြောဆိုရာမှာကာမားလ်က အမီရာက ကက်ထရီနာ ကေဖ် (Katrina Kaif)၊ ဖာတီမာ ဆာနာ ရှိက်ခါ (Fatima Sana Shaikh) တို့လိုလှပတဲ့မိန်းကလေးနဲ့လက်ထပ်မယ်လို့ အမြဲထင်ကြောင်း၊ ကီရန်ရာအို ကို သာမန်မိန်းမတစ်ယောက်သာဖြစ်ကြောင်း ပြင်းပြင်းထန်ထန်ဝေဖန်ပြောဆိုခဲ့ပါတယ်။ အမီရာက အခုလိုအချိန်ကာလအတွင်းမှာ သူတို့ရဲ့ချစ်ခြင်းမေတ္တာနဲ့ ရိုသေလေစားမှုအကြောင်းပြောဆိုတဲ့အတုအယောင်တွေကို မထုတ်ပြန်သင့်ကြောင်းလည်း ကာမားလ်က ပြောဆိုခဲ့ပါသေးတယ်။

အခုနှစ် မေလတုန်းကလည်း ဆယ်လ်မန်ခန်း (Salman Khan)က ကာမားလ်ကို အသေရေဖျက်မှုနဲ့ တရားစွဲဆိုခဲ့ပါသေးတယ်။ ဆယ်လ်မန်ရဲ့ဉပဒေအဖွဲ့က ကာမားလ်ဟာ ဆယ်လ်မန်ခန်းနဲ့သူ့ရဲ့ကုန်အမှတ်တံဆိပ်ဖြစ်တဲ့ “Being Human” တို့က ငွေကြေးခဝါချတာ၊ ကြိုးကိုင်ခြယ်လှယ်တာတွေမှာ ပါဝင်တဲ့အတွက် ဆယ်လ်မန်က အကျင့်ပျက်ချစားတယ်ဆိုတာအပါအဝင် အသရေဖျက်တဲ့စွပ်စွဲပြောဆိုမှုတွေ ရေးသားခဲ့တဲ့အတွက် သူ့ကို တရားစွဲဆိုခဲ့တာဖြစ်တယ်လို့ ရှင်းလင်းပြောဆိုခဲ့ပါတယ်။

Ref: Tribune “KRK predicts Nick Jonas, Priyanka Chopra will be divorced in 10 years”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top