အချိန်ကို စနစ်တကျ ဘယ်လိုစီမံခန့်ခွဲမလဲ

time-management.jpg

အခုလိုပြေးလွှားနေရတဲ့ခေတ်ကြီးထဲမှာ အချိန်တွေကကုန်ဆုံးဖို့အလွယ်ကူဆုံးအရာတွေ ဖြစ်နေပါတယ်။ အချိန်ကို သေချာစီမံနိုင်မှအလုပ်ကိစ္စများ ပြီးမြောက်အောင်မြင်နိုင်သလို မိမိအတွက်လည်း အကျိုးကျေးဇူးတွေရစေမှာဖြစ်ပါတယ်။ ဒါကြောင့် မိမိရဲ့ တစ်နေ့တာကို ဘယ်လိုစီမံခန့်ခွဲကြမလဲဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

၁။ နေ့တစ်နေ့တာကို စနစ်တကျစတင်လိုက်ပါ။ မိုးလင်းတာနဲ့အပြေးအလွှားဘာလုပ်ရမှန်းမသိ ဖြစ်နေတာကိုရှောင်ပါ။ ခဏလောက်ထိုင်ပြီး အတွေးတွေကို စုစည်းပါ။ ဘယ်အရာကအရေးကြီးသလဲဦးစားပေးသင့်သလဲဆိုတာကို ခဏလောက်စဉ်းစားပါ။

၂။ ကိုယ်လုပ်ချင်တာတွေအတွက် အစီအစဉ်ဆွဲပါ။ တစ်နေ့တာလုပ်ဆောင်ရမယ့်ကိစ္စတွေကို တစ်ခုချင်းစီအစီအစဉ်ချမှတ်ပါ။

၃။ ပြီးရင်တော့ လုပ်ဆောင်ရမယ့်ကိစ္စတွေထဲကမှတစ်ခုချင်းစီကို အဆင့်တွေပြန်ခွဲပြီးလုပ်ဆောင်ပါ။ တစ်ကယ်လို့လုပ်ဆောင်ရမယ့်ကိစ္စကအရမ်းကြီးမားနေရင် စိတ်ပျက်မိတာတွေဖြစ်တတ်ပါတယ်။ အဆင့်ခွဲပြီးတစ်ဆင့်ချင်းလုပ်ဆောင်သွားမယ်ဆိုရင်တော့ ပိုမိုမြန်မြန်ဆန်ဆန် ပြီးမြောက်နိုင်ပါတယ်။

၄။ တစ်ကယ်အရေးကြီးတဲ့ကိစ္စတွေကို အရင်ဦးစားပေးပြီးမလိုအပ်တဲ့ကိစ္စတွေကို ဘေးဖယ်ထားရပါမယ်။ ကိုယ်တစ်ကယ်လုပ်သင့်တဲ့ကိစ္စက ဘာဆိုတာကိုသေချာဆုံးဖြတ်ပါ။ ပြီးရင်သေချာလုပ်ပါ။ တစ်ခြားလူတွေက ကိုယ်အချိန်မပေးနိုင်တဲ့ကိစ္စတွေကို လုပ်ဆောင်ခိုင်းတဲ့အခါငြင်းတတ်ပါစေ။

၅။ ဖြစ်နိုင်မယ်ဆိုရင် အလုပ်တာဝန်တွေခွဲဝေပေးပါ။ အလုပ်ကိစ္စတွေပြီးမြောက်ဖို့ရာလုပ်ဖော်ကိုင်ဖက်တွေရဲ့ ကူညီမှုလည်း လိုအပ်ပါတယ်။ ကိုယ်လည်း ကိုယ်လုပ်နိုင်တဲ့အရာလုပ်သလို သူတို့ကိုလည်း သူတို့ကျွမ်းကျင်တဲ့အပိုင်းတွေလုပ်ပါစေ။

၆။ အစာစားချိန်၊ လေ့ကျင့်ခန်းလုပ်ချိန်၊ စကားစမြည်ပြောချိန်တွေအတွက်လည်း အစီအစဉ်ချထားပါ။ အလုပ်ချည်းပဲလုပ်နေတာထက် ညီမျှအောင် ဘက်ညှိပြီးလုပ်ဆောင်ပါ။

၇။ တစ်ခါတစ်လေမှာ deadline တွေနဲ့ ခေါင်းကိုက်ရတာမျိုးရှိတတ်ပါတယ်။ တစ်ခါတစ်လေ အချိန်ပိုဆင်းရတာမျိုးတွေပေါ့။ ဒါကကောင်းပါတယ်။ အမြဲတမ်းတော့ လုပ်စရာမလိုပါဘူး။

၈။ အားလုံးမှာ စိုးရိမ်ပူပန်ရတဲ့အလုပ်ကိစ္စတွေရှိကြပါတယ်။ သူတို့က ရှုပ်ထွေးအောင်လုပ်ပြီးစိုးရိမ်စိတ်တွေဖြစ်ပေါ်စေကာ အားအင်ကုန်ခမ်းစေပါတယ်။ ဒီအချိန်ကို (၁၀) မိနစ်လောက်ပဲ ကြာရှည်ပါစေ။ (၁၀) မိနစ်ပြီးတာနဲ့ အားတင်းပြီး စတင်အစီအစဉ်ဆွဲကာအလုပ်စလုပ်ပါ။

၉။ တစ်နေ့တာကုန်ခါနီးတိုင်းမှာ နောက်တစ်နေ့အတွက်ကြိုတင်အစီအစဉ်ဆွဲထားပါ။ ဒါဆိုရင် နောက်တစ်နေ့မနက်မှာ ပေါ့ပေါ့ပါးပါးနဲ့နိုးထလာနိုင်မှာပါ။ အစီအစဉ်တွေကြိုချထားတဲ့အတွက် အလောသုံးဆယ်ဖြစ်နေစရာမလိုတော့ဘူးပေါ့။

Ref : Entrepreneur : Nine Rules for Successful Time Management

Sophia (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top