အအေးမိတုပ်ကွေးရာသီမှာ သင့်ကလေးကို အစာမှန်မှန်ကျွေးရဲ့လား

sick-man-with-daughter-at-home-the-ill-family-X6NWRZM.jpg

Sick man with daughter at home. Home Treatment. Fighting with a desease. Medical healthcare. Family iIlness. The winter, influenza, health, pain, parenthood, relationship concept. Relaxation at Home

အခုက အအေးမိတုပ်ကွေးရာသီ ဖြစ်လာတဲ့အတွက် မိဘတွေဟာ ကိုယ့်ကလေး ကျန်းမာအောင်စားသင့်တာ သိကို သိထားသင့်ပါတယ်။ ဒါပေမဲ့ ဘယ်လိုကျွေးကြမလဲ။ အခု စာဖတ်ပရိသတ်ကြီးအတွက် ကလေးတွေရဲ့အစားအသောက်တွေကို ကျန်းမာပြီး အာဟာရဖြစ်အောင် နည်းလမ်းလေးတွေကို ပြောပြပေးမယ်နော်။

ကလေးတွေဟာ ရာသီဥတုအေးလာတဲ့အခါ နှာခေါင်းက နှာရည်ယိုတတ်ကြပါတယ်။ အအေးမိတုပ်ကွေးရာသီဟာ ကလေးတွေအတွက် ကြမ်းတမ်းလှပါတယ်။ အထူးသဖြင့် သူတို့ရဲ့ရောဂါကာကွယ်မှုစနစ်က ပိုမွှားတွေကို ဘယ်လိုတွန်းလှန်ရမလဲဆိုတာ သင်ယူနေတုန်းမို့ ဖြစ်ပါတယ်။ သင့်ကလေးတွေကို ကျန်းမာအောင်ထားနိုင်မဲ့ အကောင်းဆုံးနည်းလမ်းကတော့ အိပ်ရေးဝဝအိပ်စက်စေတာ ဖြစ်ပါတယ်။ ပြီးတော့ ဗီတာမင်တွေ၊ အာဟာရဓာတ်တွေပြည့်ဝနေတဲ့ အစားအသောက်တွေ ကျွေးသင့်ပါတယ်။

အအေးမိရာသီအတွက် အစားအစာတွေ

သစ်သီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေဟာ ဗီတာမင်နဲ့ အာဟာရတွေ ပြည့်ဝပါတယ်။ ဗီတာမင်တွေဟာ အရေးကြီးပေမဲ့ ဟင်းသီးဟင်းရွက်တွေအားလုံးဟာ အအေးမိရောဂါမကာကွယ်နိုင်ပါဘူး။ အအေးမိရောဂါကို မတွန်းလှန်နိုင်ပါဘူး။ အအေးမိတုပ်ကွေးရောဂါအတွက် အာဟာရအပြည့်ဆုံး အစားအစာတွေကို အောက်မှာ ဖော်ပြပေးလိုက်ပါတယ်။

ဗီတာမင်စီ

ဗီတာမင်စီကြွယ်ဝတဲ့အစားအစာတွေကတော့ စတော်ဘယ်ရီ၊ လိမ္မော်သီး၊ အာလူးနဲ့ ဟင်းသီးဟင်းရွက်တွေ ဖြစ်ပါတယ်။ ဗီတာမင်စီဟာ အအေးမိရောဂါကို ကာကွယ်ပြီးတော့ ကုသပေးပါတယ်။ ဗီတာမင်စီဟာ ကလေးတွေအကြိုက် ချိုတဲ့သစ်သီးတွေမှာ ပါဝင်ပါတယ်။ သင့်ကလေးကို ဖျော်ရည်ပုံစံမျိုးနဲ့ တိုက်ကျွေးနိုင်ပါတယ်။ အရွက်ဆိုရင်လည်း သုပ်ပြီး ကျွေးနိုင်ပါတယ်။

ဗီတာမင်အီး

ဗီတာမင်အီးကိုတော့ နို့၊ နေကြာစေ့၊ ပြောင်းဖူး၊ ထောပတ်သီးနဲ့ ဥအမျိုးမျိုးတွေမှာ တွေ့ရတတ်ပါတယ်။ ဗီတာမင်အီးဟာ ရောဂါခုခံနိုင်စွမ်းကို မြှင့်တင်ပေးတာမို့လို့ ကလေးတွေဟာ ခဏခဏ မဖျားနာနိုင်ပါဘူး။

ဘီတာကာရိုတင်း

ဘီတာကာရိုတင်းဓာတ်ကို ကန်စွန်းဥ၊ မုန်လာဥနီ၊ ဟင်းနုနွယ်နဲ့ သခွားမွှေးသီးတွေမှာ ပါဝင်ပါတယ်။ ဘီတာကာရိုတင်းဓာတ်ဟာ ဗီတာမင်အေအဖြစ် ပြောင်းလဲပြီးတော့ ခန္ဓာကိုယ်ရဲ့ခုခံမှုစနစ်ကို မြှင့်တင်ပေးပါတယ်။ အဝါရောင်ဒါမှမဟုတ် လိမ္မော်ရောင်အသီးတွေမှာ ပါဝင်မှုများပါတယ်။ ညစာမှာ ကန်စွန်းဥတွေကြော်ပြီးဖြစ်ဖြစ်၊ မနက်စာမှာ သခွားမွှေးသီးအချပ်လေးတွေ ထည့်ပြီး ဖြစ်ဖြစ် ကျွေးကြည့်ပါ။

ဇင့်

အသား၊ ငါး၊ ဂဏန်း၊ နို့ထွက်ပစ္စည်းတွေ၊ ပဲသီး၊ အခွံမာသီးတွေနဲ့ ဆန်စပါးတို့မှာ ဇင့်ဓာတ် ပါဝင်ပါတယ်။ ဗိတာမင်စီလိုပဲ ဇင့်ဟာ နေမကောင်းတာကို ကာကွယ်နိုင်ပြီးတော့ အအေးမိတုပ်ကွေးရောဂါဖြစ်တာကို အမြန်သက်သာစေပါတယ်။

Ref: www.familyeducation.com “Cold and flu season: are you feeding your kids right?”Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top