ဟိုတယ်အခန်းပြန်အပ်တဲ့အခါ ဒီအရာတွေကို မလုပ်မိပါစေနဲ့

39753021_250899172427280_3035935437479739392_n.jpg

ခရီးသွားလို့ ဟိုတယ်မှာတည်းတဲ့သူတော်တော်များများက ဟိုတယ်အခန်းပြန်အပ်တဲ့ကိစ္စကို မေ့မေ့လျော့လျော့ပဲ

ထားတတ်ကြပါတယ်။ အင်းလေ … အိမ်မပြန်ခင် နောက်ဆုံးလုပ်ရမယ့်အရာမဟုတ်လား။ အရေးမကြီးဘူးလို့ ထင်ကြတာပေါ့။

ဒါပေမဲ့ ကြိုတင်ပြင်ဆင်မှုမရှိတဲ့အခါမျိုးမှာ မျှော်လင့်မထားတဲ့ အလွဲအချော်တွေက ဖြစ်လာတတ်ပါတယ်။ ဒါကြောင့်မို့လို့ စာရေးသူက ဒီဆောင်းပါးလေးမှာ ဟိုတယ်အခန်းပြန်အပ်တဲ့အခါ ရှောင်ကြဉ်သင့်တဲ့အရာတွေကို ဖော်ပြပေးထားပါတယ်။ ဆက်လက်ဖတ်ရှူကြည့်လိုက်ကြပါဦး။

၁။ နောက်ကျမှ အခန်းခမရှင်းပါနဲ့

ပထမဆုံးအချက်က ဟိုတယ်အခန်းခကို နောက်ကျမှ မရှင်းပါနဲ့ဆိုတာပါပဲ။ ကားအငှားလိုက်တဲ့ ကုမ္ပဏီတွေလိုပါပဲ။ ငှားထားတဲ့သတ်မှတ်ရက်ထက် သင်ကားပြန်အပ်တဲ့အချိန်ကနောက်ကျမယ်ဆို ရက်ပိုကြေး (သို့) အချိန်ပိုကြေးတော့ ပေးရမှာပါပဲ။ တချို့ဟိုတယ်တွေက နာရီပိုင်းနဲ့ဆို ပိုဈေးကြီးတဲ့အတွက် မလိုအပ်ဘဲပိုက်ဆံမကုန်ရလေအောင် သတိထားပြီးလုပ်ဆောင်ပေးပါ။

၂။ ကိုယ်သုံးထာတဲ့အခန်းကို (၂) ခါလောက်တော့ပြန်စစ်ပေးပါ

ကဲ … ဒီအကျင့်လေးကတော့ ဘယ်နေရာမှာပဲဖြစ်ဖြစ် အသုံးဝင်ပါတယ်။ တစ်နေရာရာက ထွက်တော့မယ်ဆို ဘာကျန်ခဲ့လဲဆိုတာ အနောက်ပြန်လှည့်ပြီး စစ်ဖို့မမေ့ပါနဲ့။ အိပ်ယာအောက်တွေ၊ ဘေးတွေမှာ ကိုယ့်ဖုန်းအားသွင်းကြိုးတို့၊ ခြေအိတ်တို့ ဒါတွေပြုတ်ကျနေတတ်တာမို့ သေချာစစ်ပါ။ မနက်လေယာဉ်နဲ့အမီပြန်ရမယ်ဆိုလည်း ညကတည်းကစစ်ထားပါ။ နောက်ဆုံး လွယ်လွယ်ထုတ်လို့ရအောင်ဆိုပြီး အခန်းဝကစားပွဲမှာ သင်တင်ထားတဲ့ နိုင်ငံကူလက်မှတ်တွေ၊ ဖုန်းတွေက လောလော၊ လောလောနဲ့ မေ့ကျန်ခဲ့တတ်ပါတယ်။ သေချာစစ်ပါ။

၃။ မုန့်ဖိုးပေးဖို့မမေ့ပါနဲ့

တချို့သူတွေကတော့ ဒါကိုမလိုဘူးလို့ထင်မှာပေါ့။ ဆိုပေမဲ့ ကိုယ့်အခန်းသန့်ရှင်းရေးလုပ်ပေးတဲ့သူကို ဘောက်ဆူး (သို့) သဒ္ဒါကြေးလေးပေးတတ်တာက ယဉ်ကျေးမှုတစ်ခုပါပဲ။ မှတ်ထားပြီး စိတ်ပါမယ်ဆို လိုက်လုပ်ကြည့်ကြပါ။

၄။ ငွေတောင်းခံလွှာ ပြန်ယူခဲ့ဖို့မမေ့ပါနဲ့

စစချင်း ဟိုတယ်ကြိုတင်စာရင်းသွင်းထားတုန်းက တစ်ဈေး၊ ခုအပြန်ငွေရှင်းတော့တစ်ဈေး ဘာလို့ဖြစ်နေရလဲဆိုတာ ပြန်စစ်ကြည့်ဖို့အတွက်ပါ။ အလျင်လိုနေလို့ ဘာမှမစစ်ပဲထွက်လာမိရင် ဂျင်းမိတတ်ပါတယ်။ ဖြစ်ခဲတယ်ဆိုပေမဲ့ပေါ့။ လွဲနေခဲ့တယ်ဆိုလည်း ဟိုတယ်ကိုပြန်ပြောလို့ရပါတယ်။ ဘာပဲဖြစ်ဖြစ် ခရီးစဉ်တစ်လျှောက်လုံးမှာ ကိုယ်တည်းခဲ့တဲ့ဟိုတယ်ကုန်ကျစရိတ်ကိုတော့ သိထားဖို့လိုတာပေါ့နော်။

၅။ အပြန်ဟိုတယ်က စီစဉ်ပေးတဲ့ကားနဲ့ မသွားပါနဲ့

ဒါကတော့ ဘတ်ဂျက်ကြည့်ခရီးသွားတတ်သူတွေအတွက်ပါ။ ဟိုတယ်က အပြန်လေယာဉ်ကွင်း (သို့) ကားဂိတ်သွားဖို့ စီစဉ်ပေးထားတဲ့ကားဆိုပြီး အပျော်မလွန်သွားပါနဲ့။ ရိုးရိုးအငှားကားတွေထက် (၃) (၄) ဆလောက်ကို ဈေးပိုနေတတ်ပါတယ်။ ဒါကြောင့်မို့လို့ အဲဒီဝန်ဆောင်မှုကို ဖယ်လို့ရတယ်ဆိုဖယ်ထားလိုက်ပါ။ ကိုယ့်ဘာသာအရင်စုံစမ်းပြီး အငှားကားငှားလို့လွယ်ရင် အငှားကားနဲ့ပဲသွားပါ။

Ref: newsrepublic “8 things you should never do at hotel checkout”Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top