မြင်လိုက်တာတဲ့ ကြက်သီး ထလောက်အောင် လှပတဲ့ မြန်မာပြည်မှ မြိတ် ကျွန်းစုများ

da.jpg

နိုင်ငံခြားကို ငွေဆယ်သိန်း၊ သိန်းနှစ်ဆယ်ကုန်အောင် သွားမယ့်အစား မြန်မာနိုင်ငံမှ မြိတ် ကျွန်းစုတွေဆီ တစ်ခေါက်လောက် သွားပြီးတော့ အပန်းဖြေ သွားကြည့်ပါအုံးနော်။

မြင်လိုက်တာနဲ့ ကြက်သီးထလောက်အောင် လှပတဲ့ သဘာဝစစ်စစ် မြန်မာ့အမွေအနှစ်တွေ များစွာရှိပါတယ်။

ကြည်လင်ပြီး ကျောက်စိမ်းရောင်ရှိတဲ့ ရေများ၊ အဝေးမှာ ကြည့်ရင် စိမ်းစိုအုံ့မှိုင်းနေသော သဘာဝ သစ်တောများကို ခရီးသွားများ အနေဖြင့် မြင်တွေ့ရမှာ
ဖြစ်ပါတယ်။ အေးဆေးပြီး အပန်းဖြေဖို့ အလွန်ကောင်းမွန်တဲ့ နေရာတွေလည်း များစွာရှိပါတယ်။ ယခုဆိုရင် မြန်မာနိုင်ငံမှာ Travel & Tour များမှာ အချိုသာဆုံးဈေးနှုန်းများနဲ့ ထိုနေရာများကို စုံလင်စွာ ပို့ဆောင်ပေးနေပါတယ်။

မြိတ်ကျွန်းစုဟာ အရင်က ခရီးသွားတွေ အရောက်နည်းပေမယ့် ယခုမှာတော့ တဖြည်းဖြည်း စည်ကားလာပြီး ဖြစ်ကြောင်းလည်း သိရပါတယ်။ ဒါကြောင့် အားလပ်ရက်တွေမှာ ခရီးသွားဖို့ စဉ်စားနေတယ်ဆိုရင် မြိတ်ကျွန်းစုဘက်ကို သွားရောက်လည်ပတ် ကြည့်ဖို့ကိုလည်း တိုက်တွန်းလိုပါတယ်။

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top