The Apprentice အစီအစဉ်တွင် Catcha Group CEO ဒိုင်အဖြစ် ပါဝင်မည်

13-5-2020-yyl-007.jpg

ကမ္ဘာ့အကြီးဆုံး ကိုယ်ခံပညာသိုင်းပေါင်းစုံ အားကစားအဖွဲ့အစည်း ONE Championship ကို ထိပ်တန်းကုမ္ပဏီကြီးတစ်ခုဖြစ်လာအောင် အဓိကနေရာက ဦးဆောင်မောင်းနှင်လျက်ရှိတဲ့ Chatri Sityodtong ဟာ ၎င်းလို ထူးချွန်ထက်မြက်တဲ့ စွန့်ဦးစီးပွားရေးလုပ်ငန်းရှင်တစ်ဦး ကို မွေးထုတ်ပေးနိုင်ဖို့အတွက် The Apprentice အစီအစဉ်ကို ယခုနှစ်အတွင်း ရိုက်ကူးထုတ်လွှင့်သွားမှာ ဖြစ်ပါတယ်။ အဆိုပါ အစီအ စဉ်အတွက် ပါဝင်ရွေးချယ်ခံလိုတဲ့ လူငယ်တွေအနေနဲ့ အွန်လိုင်းကနေ စတင်လျှောက်ထားနိုင်ပြီး ကမ္ဘာတစ်လွှားလျှောက်ထားကြသူတွေ ထဲက ဆန်ခါတင် ၁၆ ဦးကို ကနဦးရွေးထုတ်သွားမှာ ဖြစ်ပါတယ်။ ဆန်ခါတင် ၁၆ ဦးစာရင်းထဲ ပါဝင်လာသူတွေကို အကဲဖြတ်ဒိုင်လူကြီး အဖြစ် ပါဝင်ဆောင်ရွက်ကြမယ့် ထိပ်တန်း CEO ၁၂ ဦးက တွေ့ဆုံမေးမြန်းကာ အဲဒီထဲကမှတစ်ဦးကိုသာ Winner အဖြစ် ရွေးချယ်ပေး မှာပါ။

ဆန်ခါတင် ၁၆ ဦးစာရင်းဝင်တွေအနေနဲ့ စီးပွားရေးလောကထဲ ဝင်ရောက်တော့မယ်ဆိုရင် ဘယ်လိုအခက်အခဲတွေ ကြုံတွေ့ရနိုင်တယ်၊ ဘယ်လို ကျော်ဖြတ်ရမလဲဆိုတဲ့ လက်တွေ့မေးခွန်းတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ကာယ၊ ဉာဏ စိန်ခေါ်မှုတွေနဲ့ မဖြစ်မနေရင်ဆိုင်ရမှာ ဖြစ် ပါတယ်။ Winner ဖြစ်သူဟာ ONE Championship ဥက္ကဌ Chatri နဲ့အတူ စင်ကာပူအခြေစိုက်ကုမ္ပဏီမှာ တစ်နှစ်တိတိ အလုပ်အတူတွဲ လုပ်ခွင့်ရရှိမှာဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၅၀၀၀၀ ကိုလည်း ရရှိမှာပါ။ ဟားဗတ်တက္ကသိုလ်ကနေ MBA ဘွဲ့ရရှိကာ ကမ္ဘာကျော်ကုမ္ပ ဏီကြီးတွေမှာ ဆယ်စုနှစ်တစ်ခုကျော် တာဝန်ထမ်းဆောင်လာတဲ့ Chatri ဟာ အာရှတိုက်ရဲ့အနာဂတ်ဘီလျံနာ၊ အထူးချွန်ဆုံး အာရှစွန့် ဦးစီးပွားရေးသမား စတဲ့ ဂုဏ်ပြုမှုတွေရရှိထားပြီး သူ့လိုလူတွေ ထွက်ပေါ်လာစေဖို့အတွက် The Apprentice အစီအစဉ်ကို စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

ONE Championship ကမ္ဘာ့ချန်ပီယံအားကစားသမားတွေ၊ နာမည်ကျော်အနုပညာရှင်တွေ၊ ကျော်ကြားသူတွေကလည်း အဆိုပါ အစီ အစဉ်မှာ ထိပ်တန်း CEO ၁၂ ဦးနဲ့အတူ ဧည့်ဒိုင်လူကြီးအဖြစ် တာဝန်ယူသွားကြမှာပါ။ The Apprentice Reality Television Series မှာ ဧည့်သည်ဒိုင်လူကြီးအဖြစ် တာဝန်ယူမယ့် ထိပ်တန်း CEO တစ်ယောက်ကို ONE Championship က မိတ်ဆက်ပေးခဲ့ပြီး အဆိုပါ ပုဂ္ဂိုလ် ကတော့ Catcha Group တည်ထောင်သူ Patrick Grove ပဲ ဖြစ်ပါတယ်။ အသက် ၄၅ နှစ်အရွယ် သြစတြေးလျနိုင်ငံသား Grove ဟာ စင်ကာပူနိုင်ငံမှာ မွေးဖွားခဲ့သူဖြစ်သလို Media၊ Internet၊ E-Commerce လုပ်ငန်းတွေလုပ်ကိုင်တဲ့ Catcha Group ကို အောင်မြင်တဲ့ ကော်ပိုရေးရှင်းကြီးတစ်ခုအဖြစ် ပုံဖော်နိုင်ခဲ့သူပါ။ ၎င်းဟာ Catcha Group အပြင် iProperty၊ iCar Asia၊ iFlix၊ Rev Asia စတဲ့ ထိပ် တန်းကုမ္ပဏီတွေကို အခြားစီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေနဲ့ ပူးတွဲတည်ထောင်ခဲ့သလို CEO တာဝန်တွေကို ထမ်းဆောင်လျက်ရှိပါ တယ်။

၎င်းဦးစီးလုပ်ကိုင်နေတဲ့ ကုမ္ပဏီ ၅ ခုရဲ့တန်ဖိုးက အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော်အထိရှိပြီး ကမ္ဘာကျော် Forbes မဂ္ဂဇင်းက ၂၀၁၉ ခုနှစ်ထုတ်ပြန်ချက်အရ Grove ရဲ့ပိုင်ဆိုင်မှုက အမေရိကန်ဒေါ်လာ သန်း ၄၀၀ ရှိတယ်လို့ ဆိုပါတယ်။ The Apprentice အစီအစဉ်မှာ Grove ပါဝင်လာတာက ပြိုင်ပွဲဝင်တွေအတွက် ၎င်းရဲ့အတွေ့အကြုံတွေကို ရရှိစေမှာဖြစ်လို့ အဖိုးထိုက်တန်တဲ့ အချိန်တွေဖြစ်လာမှာ သေချာပါတယ်။ Grove နဲ့ Chatri တို့ဟာ စီးပွားရေးလုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေဖြစ်သလို ကိုယ်ပိုင်အရည်အချင်းနဲ့အတူ ထိုက် တန်တဲ့ နေရာတစ်ခုကိုရယူထားတဲ့ စွန့်ဦးစီးပွားရေးလုပ်ငန်းရှင်တွေ ဖြစ်ပါတယ်။

“The Apprentice: ONE Championship Edition အစီအစဉ်မှာ Catcha Group ရဲ့CEO ဖြစ်တဲ့ ကျွန်တော့်ရဲ့သူငယ်ချင်း Patrick Grove ပါဝင်လာမှာဖြစ်လို့ နွေးနွေးထွေးထွေး ကြိုဆိုပါတယ်။ သူဟာ အာရှပစိဖိတ်ဒေသမှာ ကိုယ်ပိုင်အရည်အချင်းနဲ့အောင်မြင်နေတဲ့ စွန့်ဦးစီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ဖြစ်တယ်ဆိုတာ သံသယရှိစရာမလိုပါဘူး။ The Apprentice: ONE Championship Edition အစီအစဉ်မှာ ပါဝင်ယှဉ်ပြိုင်ခွင့်ရမယ့် ပြိုင်ပွဲဝင် ၁၆ ဦးအနေနဲ့ Patrick ဆီကနေ လေ့လာသင်ယူစရာ သူ့ရဲ့အတွေ့အကြုံတွေ၊ ဗဟုသု တတွေ အများကြီးရယူနိုင်မှာပါ” လို့ Chatri က ပြောပါတယ်။

Grove ကလည်း “အနာဂတ် စွန့်ဦးတီထွင် စီးပွားရေးသမားတွေကို Chatri နဲ့အတူရှာဖွေပြီး မြေတောင်မြှောက်ပေးရခွင့်ရမယ့် အခွင့်အ ရေးက အရမ်းကောင်းပါတယ်။ ONE Championship က တစ်ဦးနဲ့တစ်ဦး အကြိတ်အနယ်ယှဉ်ပြိုင်ကြမယ့် ပြိုင်ပွဲဝင်တွေထဲက တစ်ဦးကို အံ့အားသင့်စရာကောင်းတဲ့ အလုပ်အကိုင်အခွင့်အလမ်းကို ပေးအပ်သွားမှာပါ။ Chatri နဲ့အတူ စီးပွားရေးလောကရဲ့စွန့်ဦးတီထွင်သူတွေ ကို သေချာပေါက်ရှာဖွေနိုင်မှာပါ” လို့ ဖွင့်ဟပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top