ထူးဆန်းသော အလင်းရောင်တစ်ခုအား မားစ်ပေါ်တွင် ဓာတ်ပုံရိုက်ကူးနိုင်သော Curiosity rover

NRB_613927069EDR_S0760832NCAM00595M_.jpg

နာဆာရဲ့ နာမည်ကျော် Curiosity rover လေးဟာ မားစ်ပေါ်မှာ ဓာတ်ပုံများကို အဆက်မပြတ်ရိုက်ကူးနေလေ့ရှိပြီး အခုသူရိုက်ကူးလိုက်တဲ့ ပုံတစ်ပုံမှာဆိုရင် ပဟေဠိဆန်တဲ့ အလင်းရောင်တစ်ခု ကို တွေ့ခဲ့ရပါတယ်။

ဂျွန်လ ၁၆ ရက်နေ့၊ Curiosity ရဲ့ Sol 2438 မှာ ရိုက်ကူးခဲ့တဲ့ ဒီဓာတ်ပုံမှာဆိုရင် လေထဲမှာ ဝဲနေတဲ့ အလင်းရောင်တစ်ခုကို တွေ့ခဲ့ရပါတယ်။ (Sol ဆိုတာကတော့ မားစ်ပေါ်က အချိန်တစ်ရက်ကိုဆိုလိုတာဖြစ်ပြီး ၂၄ နာရီ ၃၉ မိနစ် နဲ့ ၃၅ စက္ကန့်ကြာမြင့်တဲ့အချိန်ကို ဆိုလိုတာဖြစ်ပါတယ်။)

ဒါပေမယ့် ဒီအလင်းရောင်ဟာ အခြားသက်ရှိများရဲ့ လက်ချက်လို့တော့ လုံးဝမယူဆနိုင်သေးဘူးလို့ နာဆာက ကြေငြာထားပါတယ်။

Curiosity ဟာ မားစ်ရဲ့ မျက်နှာပြင်ပေါ်မှာ သွားလာနေတာ ၂၀၁၂ ခုနှစ်ကတည်းကဖြစ်ပြီးတော့ ကမ္ဘာပေါ်က သိပ္ပံပညာရှင်များ အလုပ်ရှုပ်စေဖို့အတွက် ဓာတ်ပုံပေါင်းများစွာကို ပေးပို့နေခဲ့ပါတယ်။ (selfie များပါ ပါဝင်ပါတယ်။) သူ့ဆီမှာ ကင်မရာ (၁၇) ခုပါရှိပြီး ဒါဟာ နာဆာပိုင်ဆိုင်တဲ့ Mars mission အတွက် probe များအားလုံးထဲမှာ အများဆုံးပဲဖြစ်ပါတယ်။ အခုလို ကင်မရာများစွာ ပါရှိတဲ့အတွက် တစ်ခါတစ်ရံ ရောင်ပြန်များပါရှိတဲ့ ဓာတ်ပုံများကို တွေ့ရတတ်ပါတယ်။

Curiosity ဟာ မားစ်ရဲ့ မျက်နှာပြင်ပေါ်မှာ သွားလာနေတာ ၂၀၁၂ ခုနှစ်ကတည်းကဖြစ်ပြီးတော့ ကမ္ဘာပေါ်က သိပ္ပံပညာရှင်များ အလုပ်ရှုပ်စေဖို့အတွက် ဓာတ်ပုံပေါင်းများစွာကို ပေးပို့နေခဲ့ပါတယ်။

ဒါဟာ အနည်းငယ် တောက်ပတဲ့ ကျောက်တုံးတစ်ခုဆီမှတစ်ဆင့် နေရဲ့ အလင်းရောင်ပြန်နေခြင်းလဲဖြစ်နိုင်သလို cosmic rays များလဲ ဖြစ်နိုင်ပါတယ်။ ဒီ ၂ ခုလုံးလဲဖြစ်နိုင်သလို ကင်မရာမှာပါရှိတဲ့ မှန်ဘီလူးအလင်းပြန်ခြင်း (lens flare) ကြောင့်လဲဖြစ်နိုင်ပါတယ်။

တကယ်လို့ ဒီအလင်းဟာ အခြားသက်ရှိများရဲ့ လက်ချက်ဖြစ်မယ်ဆိုရင်တော့ သူတို့ဟာ သူတို့ဓာတ်ပုံရိုက်ကူးခံလိုက်ရတာကိုလဲ သိကြသလို အလွန်လျင်မြန်တဲ့ ယာဉ်တစ်ခုခုကို စီးနေလို့ပဲဖြစ်ရပါမယ်။ ဘာကြောင့်လဲဆိုတော့ ဒီအလင်းဟာ ပထမဆုံး ရိုက်ကူးတဲ့ပုံမှာသာ ပါဝင်ခဲ့ပြီး စက္ကန့်ပိုင်းသာခြားက ရိုက်ကူးတဲ့ ထပ်ဆင့်ပုံများမှာတော့ ပါဝင်လာတာ မတွေ့ရပါဘူး။ အောက်က ဓာတ်ပုံများကို ကြည့်ရှုနိုင်ပါတယ်။ တစ်ပုံချင်းစီဟာ ၃ စက္ကန့်သာ ခြားပါတယ်။

ဒါဆိုအခုလို ပုံများကို ရလေ့ရှိတယ်ဆိုရင် လူတွေက ဘာလို့ စိတ်လှုပ်ရှားနေရသေးတာလဲ။ ဘာကြောင့်လဲဆိုတော့ လူတိုင်းရဲ့ အတွင်းစိတ်ထဲမှာ ဒါဟာ ဂြိုဟ်သားတွေလက်ချက်သာဖြစ်တယ်လို့ ကြားချင်နေတဲ့အတွက်ပဲဖြစ်ပါတယ်။

ဒီဆောင်းပါးကို ရိုးရာလေးရဲ့မိတ်ဖက် သိပ္ပံစာပေဝက်ဘ်ဆိုက် Curiosity မှာဖော်ပြထားတာဖြစ်ပါတယ်။

Ref: Curiosity
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top