ဂျူဗင်တပ်ကို (၃) နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ဖို့ ဆာရီ သဘောတူညီခဲ့တယ်လို့ သတင်းထွက်ပေါ်

61247346_2348176298558942_5390851695045509120_n.jpg

ချဲလ်ဆီးနည်းပြ ဆာရီဟာ ဂျူဗင်တပ်အသင်းကို ပြောင်းရွှေ့ဖို့ သဘောတူညီခဲ့ပြီလို့ သတင်းတွေက ဖော်ပြလိုက်ပါတယ်။ ရာသီအကုန်မှာ နည်းပြအယ်လီဂရီ ထွက်ခွာတော့မယ့်အတွက် နည်းပြသစ်ရှာဖွေခဲ့တဲ့ ဂျူဗင်တပ်အသင်းဟာ မန်စီးတီးနည်းပြ ပက်ဂွာဒီယိုလာကို အဓိကပစ်မှတ်ထားခဲ့ပေမဲ့ ဂွာဒီယိုလာကတော့ မန်စီးတီးက ထွက်မှာမဟုတ်ဘူးလို့ တုံ့ပြန်ခဲ့ပါတယ်။

ဆာရီဟာ သူ့ရဲ့ပထမဆုံးရာသီမှာ ချဲလ်ဆီးကို အဆင့် (၃) နေရာနဲ့ ရာသီသိမ်းအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး ယူရိုပါလိဂ်မှာ ဗိုလ်လုပွဲထိပို့ဆောင်ပေးနိုင်ခဲ့ပေမဲ့ ပရိသတ်တွေရဲ့ ဝေဖန်မှုကြုံခဲ့ရသူပါ။ ဆာရီဟာ ဂျူဗင်တပ်နဲ့အတူ တစ်နှစ်လုပ်ခ ပေါင် (၆.၁) သန်းတန် (၃) နှစ်စာချုပ်ချုပ်ဆိုမယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ ဒါပေမဲ့ ယူရိုပါလိဂ်ဗိုလ်လုပွဲပြီးတဲ့အထိ ဆာရီနဲ့ ဂျူဗင်တပ်အသင်းရဲ့ အပြောင်းအရွှေ့ကို တရားဝင်ကြေညာဖို့ မရှိပါဘူး။

ဆာရီဟာ ချဲလ်ဆီးကို ပြောင်းရွှေ့မလာခင် နာပိုလီအသင်းကို ကိုင်တွယ်ခဲ့တုန်းက အစွမ်းပြနိုင်ခဲ့သူပါ။ ချဲလ်ဆီးကတော့ ဆာရီနေရာမှာအစားထိုးဖို့ ကစားသမားဟောင်း ဖရန့်လမ်းပတ်ကို ပစ်မှတ်ထားနေတယ်လို့ ဆိုပါတယ်။ လမ်းပတ်ဟာ ချန်ပီယံရှစ်ကလပ် ဒါဘီကောင်တီအသင်းနည်းပြအဖြစ် ဆောင်ရွက်နေသူပါ။ ဒါဘီကောင်တီအသင်းဟာ ပရီးမီးယားလိဂ်တန်းတက်ခွင့် Play-off ပွဲစဉ်တွေ ကစားခွင့်ရရှိခဲ့ပြီး အက်စတွန်ဗီလာအသင်းနဲ့ အဆုံးအဖြတ်ပွဲစဉ် ကစားရမှာဖြစ်ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top