အိုဇေးလ်က ထိပ်တန်း ခြေစွမ်းမျိုး စွမ်းဆောင်ပြချင်စိတ်ရှိမှ ကစားသမား စာရင်းမှာ ပါဝင်ခွင့်ရမယ်လို့ အာတီတာ ပြော

19-6-2020-yyl-010.jpg

အိုဇေးလ်က သူ့ရဲ့ထိပ်တန်းခြေစွမ်းမျိုး စွမ်းဆောင်ပြချင်စိတ်ရှိတယ်လို့ သက်သေပြနိုင်ရင် အာဆင်နယ်အသင်း ကစားသမားစာရင်းမှာ ပါဝင်လာလိမ့်မယ်လို့ အာဆင်နယ်နည်းပြ အာတီတာက ပြောပါတယ်။ အိုဇေးလ်ဟာ မန်စီးတီးကို ၃ ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ အာဆင်နယ်အသင်း ကစားသမားစာရင်းကနေ ချန်လှပ်ခံခဲ့ရပါတယ်။ မန်စီးတီးနဲ့ပွဲမှာ နည်းဗျူဟာပိုင်းအရ အိုဇေးလ်ကို ချန်လှပ်ခဲ့တာလို့ အစောပိုင်းမှာ အာတီတာက ပြောခဲ့ပါတယ်။ အာဆင်နယ်အသင်း လေ့ကျင့်ရေးအစီအစဉ်မှာ အိုဇေးလ်ဆီကနေ ဒီထက်ကောင်းတဲ့ စွမ်းဆောင်မှုမျိုး မြင်တွေ့ချင်တယ်လို့ ဘရိုက်တန်နဲ့ပွဲမတိုင်ခင် အာတီတာက ပြောပါတယ်။

” အာဆင်နယ်ကို စရောက်ကတည်းက မီဆတ်(အိုဇေးလ်)ကို ပွင့်ပွင့်လင်းလင်း ပြောထားတာပါ။ ကျွန်တော် စရောက်လာကတည်းက အိုဇေးလ်က အသင်းနဲ့ အံ့ဝင်ခွင်ကျဖြစ်မယ်၊ သူ့ရဲ့ ထိပ်တန်းခြေစွမ်းမျိုး စွမ်းဆောင်ချင်စိတ်ရှိလိမ့်မယ်လို့ ကျွန်တော် တွေးထားတာပါ။ သူက အဲဒီလိုစွမ်းဆောင်ပြဖို့ အသင့်ဖြစ်ပြီလို့ ကျွန်တော် သတ်မှတ်ရင် သူ့ကိုလည်း တခြားကစားသမားတွေနည်းတူ ဆက်ဆံမှာပါ။ သူနဲ့ပတ်သက်ရင် ကျွန်တော်က မျှတတယ်ဆိုတာထက်တောင် ပိုပါသေးတယ်”လို့ အာတီတာက ပြောပါတယ်။ အာဆင်နယ်ဟာ မန်စီးတီးကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီး ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့်(၉) နေရာအထိ ရောက်ရှိခဲ့ပြီး အဆင့်(၄) နေရာက ချဲလ်ဆီးထက် ၈ မှတ် နည်းနေပါတယ်။ အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ပွဲစဉ်(၉)ပွဲ ကစားဖို့ကျန်ရှိနေချိန်မှာ ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့ ပိုခက်ခဲလာတဲ့ အနေအထားပါ။

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top