လုပ်ငန်းခွင်တစ်ခု တိုးတက်ဖို့အတွက်

successful-business-group-working-at-the-office-4XNVZ7Y.jpg

လုပ်ငန်းခွင် တစ်ခု တိုးတက်ဖို့ အတွက် ဝန်ထမ်းတွေဟာ အလွန် အရေးကြီးပါတယ်။ ဝန်ထမ်း မရှိဘဲ ကြီးမားတဲ့ လုပ်ငန်း တစ်ခုကို တည်ထောင်ဖို့ မဖြစ်နိုင်ပါဘူး။ အဲဒါကြောင့် လုပ်ငန်းခွင်မှာ သူဌေးနှင့် ဝန်ထမ်း အကြားက ထားရှိရမယ့် စိတ်နေစိတ်ထားနဲ့ အခြေအနေတွေကို ပြောပြပါရစေ။

ဝန်ထမ်းတွေကို အချိန် အများကြီး မပိုပါစေနဲ့

အချိန်ပိုနေတဲ့ ဝန်ထမ်းတွေဟာ ပျင်းနေလိမ့်မယ်။ ပျင်းနေရင် ဘာလုပ်ရမှန်း မသိ၊ ကုမ္ပဏီလည်း မတိုးတက် ဝန်ထမ်းလည်း မတိုးတက် အချိန်တန်လို့ လစာ ထုတ်ရင်လည်း လစာ တိုးချင်တဲ့ ဝန်ထမ်းတွေကြား များစွာသော ပြဿနာတွေ ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ဝန်ထမ်းတွေကို အချိန် အများကြီး ပိုမနေအောင် စီမံပါ။

ဝန်ထမ်းများ အလုပ်မှာ ပျော်ပါစေ

တကယ် အရေးကြီးပါတယ်။ အလုပ်မှာ မပျော်တဲ့ ဝန်ထမ်းတွေ ခန့်ထားရင် ကုမ္ပဏီက ထုတ်တဲ့ ထုတ်ကုန် (သို့) ဝန်ဆောင်မူ တွေကလည်း ကောင်းမှာ မဟုတ်ပါဘူး။ ထုတ်ကုန် (သို့) ဝန်ဆောင်မူဟာ သူဌေးက ထုတ်တာ မဟုတ်ပါဘူး ဝန်ထမ်းက ထုတ်တာပါ။ ဒါကြောင့် အလုပ်မှာ ဝန်ထမ်းများ ပျော်ပါစေ။

လုပ်သလောက် အကျိုးမြတ် ပေးနိုင်အောင် စဉ်စားပါ

ဝန်ထမ်းတွေရဲ့ ဘဝဟာ သူတို့ လုပ်တဲ့ အလုပ်အပေါ် မူတည်ပြီး ရှေ့ဆက်နေရတာပါ။ သူဌေးအတွက် ငွေ အနည်းငယ်က ရုတ်လျော့ မသွားပေမယ့် ဝန်ထမ်းအတွက် အများကြီး ထိခိုင်နိုင်ပါတယ်။ ဒါကြောင့် ဝန်ထမ်း အလုပ် လုပ်သလောက် အကျိုးအမြတ် ပေးနိုင်ပါစေ။

စေတနာ မပါတဲ့ ဝန်ထမ်း

စေတနာ မပါတဲ့ ဝန်ထမ်းက အလုပ်တော့ လုပ်တယ်။ စေတနာ မပါဘဲ တာဝန်အရ အလုပ် လုပ်တော့ မတိုးတက်နိုင်။ မအောင်မြင်နိုင်။ တစ်နေ့ အလုပ်ချိန် ၅ နာရီ သတ်မှတ်လို့ ၁၀ မိနစ်ကိုတော့ အပိုစောင်း မလုပ်နိုင်တဲ့ ဝန်ထမ်း မဖြစ်စေနဲ့။

သာရာပြောင်းတဲ့ ဝန်ထမ်းနဲ့ ပိုခိုင်းတတ်တဲ့ သူဌေး

အလုပ် တစ်ခု ဝင်လုပ်တယ်။ သာမှ လုပ်တယ်။ မသာရင် နောက်တစ်ခု ပြောင်းလုပ်တဲ့ ဝန်ထမ်း မဖြစ်စေနဲ့။ အဲလိုပဲ ဝန်ထမ်းတွေကို အလုပ် လုပ်ချိန်ထက် ပိုပြီး ခိုင်းချင်တဲ့ သူဌေးမျိုး၊ သူများ အခက်အခဲကို မသိ ကိုယ့်အလုပ်ပြီးဖို့ အဓိက ထားတဲ့ သူဌေးမျိူး မဖြစ်စေပါနဲ့။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top