အိန္ဒိယရဲ့ အကြီးဆုံးမြို့တစ်မြို့မှာ ရေပြတ်လပ်မှုကြုံတွေ့နေ

64733194_2438794209484818_822520167425638400_n.jpg

အိန္ဒိယနိုင်ငံရဲ့ ဆဋ္ဌမမြောက် အကြီးဆုံးမြို့ဖြစ်တဲ့ ချန်နိုင်းမြို့မှာ ရေလှောင်တမံလေးခုလုံး ရေခန်းခြောက်နေလို့ တစ်မြို့လုံး ရေပြတ်လပ်မှု ကြုံတွေ့နေပါတယ်။ သီတင်းပတ် တော်တော်ကြာအောင် ရေပြတ်လပ်နေလို့ စားသောက်ဆိုင်တွေ ပိတ်ထားရပြီး အစိုးရရုံးတချို့မှာ ရေချွေတာနိုင်ဖို့အတွက် ဝန်ထမ်းတွေကို ရုံးမတက်ဘဲ အိမ်ကနေ အလုပ်လုပ်ကြဖို့ ညွှန်ကြားထားပါတယ်။ ဆိုးရွားတဲ့ ရေပြတ်လပ်မှုကို ဖြေရှင်းဖို့အတွက် ရေတွင်းအသစ်တွေ တူးဖော်မှုအပါအဝင် အရေးပေါ် ဖြေရှင်းနည်းတွေ အသုံးပြုနေရပါတယ်။

မိုးရေချိန်နည်းပါးသလို မြေအောက်ရေ လျော့နည်းနေတဲ့အတွက် ချန်နိုင်းမြို့က ဒေသခံတွေဟာ ရေသယ်ယာဉ်တွေကနေ ရေပေးဝေတဲ့ အစိုးရရေပေးဝေရေးစနစ်ကို မှီခိုနေရပါတယ်။ မိုးရွာမှပဲ လက်ရှိအခြေအနေက လွတ်မြောက်လိမ့်မယ်လို့ ချန်နိုင်းမြို့ အရာရှိတစ်ဦးက ပြောပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top