အလုပ်စားပွဲမှာ အလှပန်းအိုးထားခြင်းက အလုပ်ဖိစီးမှုဒဏ်ကို လျော့ချပေးနိုင်

yyl-013-4.jpg

အလုပ်လုပ်ကိုင်နေကြတဲ့သူတွေက အလုပ်ခွင်မှာလည်း စိတ်ဖိစီးမှုဒဏ်ကိုခံစားရနိုင်ပါတယ်။ အလုပ်တွေပိလာတာ၊ အလုပ်ပတ်ဝန်းကျင်မှာ လိုက်လျောညီထွေအောင်နေရတာတွေကြောင့် စိတ်ဖိစီးမှုဒဏ်ကို ခံစားလာကြရပါတယ်။ ဒီလိုဖြစ်လာရင်တော့ တစ်ခုခုလုပ်ဖို့လိုလာပါပြီ။ ဝန်ထမ်းတွေက မိမိတို့ရဲ့အလုပ်စားပွဲပေါ်မှာ အလှပန်းအိုးထားမယ်ဆိုရင် အလုပ်ခွင်မှာ ကြုံတွေ့ရတဲ့စိတ်ဖိစီးမှုကို လျော့ချပေးနိုင်တယ်လို့ လေ့လာချက်က ဆိုပါတယ်။

သင့် အလုပ်စားပွဲမှာ ပန်းအိုးထားတာက အလုပ်နဲ့ပတ်သက်တဲ့စိတ်ဖိစီးမှုကို ဖြတ်တောက်ပေးတဲ့နေရာမှာ ကူညီပေးနိုင်တယ်လို့ မကြာသေးခင်က စမ်းသပ်ခဲ့တဲ့ University of Hyogoရဲ့ လေ့လာချက်မှာ တွေ့ရှိခဲ့ပါတယ်။ လေ့လာစမ်းသပ်ခဲ့တဲ့ သုတေသီတွေက ဝန်ထမ်းတွေကြားမှာ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကို မြှင့်တင်ပေးဖို့အတွက် အခန်းတွင်းမှာ ပန်းအိုးတွေကို လက်တွေ့အသုံးချခဲ့ပါတယ်။

သုတေသီတွေက ဝန်ထမ်းတော်တော်များများဟာ အပင်က ထောက်ပံ့ပေးတဲ့ စိမ်းလန်းစိုပြေမှုရဲ့အရေးပါမှုကို လျစ်လျူရှုထားသလို ခံစားခဲ့ရပါတယ်။ သူတို့က ဂျပန်နိုင်ငံက ဝန်ထမ်း (၆၃) ဦးကို လေ့လာစမ်းသပ်ခဲ့ပြီး စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုတွေကို တွေ့ရှိခဲ့ရပါတယ်။ သူတို့က အပင်နဲ့ပတ်သက်ပြီး တက်ကြွမှုရှိတာကောမရှိတာကော ပြသခဲ့ပါတယ်။

ဝန်ထမ်းတစ်ဦးက အလုပ်ချိန်အတွင်းမှာ ပင်ပန်းနွမ်းလျသလိုခံစားခဲ့တဲ့အခါမှာ ရုံးခန်းထဲက ပန်းအိုးကို စိုက်ကြည့်မယ်ဆိုရင် စိတ်ဖိစီးမှု လျော့ချပေးနိုင်တာကို တွေ့ရှိခဲ့ရပါတယ်။ ဒီလိုမျိုးလေ့လာတွေ့ရှိချက်က ဒါက ပထမဆုံးမဟုတ်ပါဘူး။ အရင်ကလည်း အပင်နဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကြားက ဆက်စပ်မှုကို စမ်းသပ်ခဲ့တဲ့လေ့လာချက်များစွာရှိခဲ့ဖူးပါတယ်။

Ref: Plants help reduce workplace stress. Here is why

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top