အစေ့လွတ်လိုင်ချီးသီးကို သြစတြေးလျလယ်သမားတစ်ဦးက (၁၉) နှစ်အကြာမှာ အောင်အောင်မြင်မြင်စိုက်ပျိုးနိုင်ခဲ့

yyl-016-5.jpg

သြစတြေးလျလူမျိုး လယ်သမားတစ်ဦးဟာ (၁၉) နှစ်ကျော်လောက် ကြိုးစားအားထုတ်ခဲ့ပြီးတဲ့နောက်မှာ အစေ့လွတ်လိုင်ချီးသီးတွေ ဖြစ်ထွန်းအောင်မြင်ခဲ့ပါပြီ။ အဲဒီလယ်သမားက ဆာရီနာကမ်းခြေက တစ်ဘီ ဒိုင်ဇွန် (Tibby Dixon) ဆိုသူဖြစ်ပါတယ်။ သူက လိုင်ချီးမျိုးကွဲတွေကို ဖြစ်ထွန်းအောင်လုပ်ရင်း၊ အခြားလယ်သမားတွေကို လိုင်ချီးပျိုးပင်လေးတွေ ရောင်းချရင်း ဆယ်စုနှစ်တစ်ခုကျော်တဲ့အထိ အချိန်ကုန်ခဲ့ရတယ်လို့ သတင်းတွေအရ သိရပါတယ်။

သူက အစေ့လွတ်လိုင်ချီးသီးရဖို့ တရုတ်နိုင်ငံက တင်သွင်းတဲ့ အသီးပင်တစ်ခုချင်းစီအတွက် အမေရိကန်ဒေါ်လာ (၅၀၀၀) တော့ သုံးခဲ့ရပါတယ်။ ဒီအစေ့လွတ်လိုင်ချီးတွေက ပုံမှန်အရွယ်အစားဖြစ်သလို အရသာကလည်း နံနတ်သီး အရသာလိုထူးကဲလှပါတယ်။

တစ်ဘီဟာ လိုင်ချီးပွင့်ရဲ့ ဝတ်မှုန်ဖိုကို တရုတ်နိုင်ငံက ယူလာတဲ့ ပန်းပွင့်ရဲ့ဝတ်မှုန်အမထဲ ဝတ်မှုန်ကူးပေးရင်း အစေ့လွတ်လိုင်ချီးကို စိုက်ပျိုးခဲ့တာပါ။ အဲဒီလိုနည်းနဲ့ လိုင်ချီးမျိုးကွဲတော်တော်များများကို စမ်းသပ်ခဲ့တာဖြစ်ပါတယ်။ နောက်ဆုံးမှာတော့ အစေ့လွတ်လိုင်ချီးပင်ကို အောင်အောင်မြင်မြင်နဲ့ စိုက်ပျိုးနိုင်ခဲ့ပါတယ်။ မျိုးကွဲမတူတဲ့အပင်နဲ့ ဝတ်မှုန်ကူးပြောင်းပြီး စိုက်ပျိုးရတာက အချိန်တော်တော်ကုန်ပြီး ကျွမ်းကျင်ဖို့လိုအပ်ပါတယ်။

ဒီအစေ့လွတ် လိုင်ချီးသီးတွေက ဖြစ်ထွန်းဆဲ အဆင့်သာရှိသေးတဲ့အတွက် ဈေးကွက်တင်နိုင်လောက်တဲ့ ပမာဏအထိ စိုက်ပျိုးရဦးမှာဖြစ်ပါတယ်။ ဒါပေမဲ့ Balberra ဒေသက Macs Truckstop ဆီဆိုင်ကနေ ရိုးရိုးလိုင်ချီးသီး (၁) ကီလိုဂရမ်ဝယ်ယူရင်းတော့ အစေ့လွတ် လိုင်ချီးသီးတစ်လုံးရနိုင်ပါတယ်။

တစ်ဘီက အခုနှစ်မှာ အစေ့လွတ်လိုင်ချီးသီး ကီလိုအနည်းငယ်သာ ဆွတ်ခူးခဲ့တာပါ။ သြစတြေးလျ စိုက်ပျိုးရေးခြံတွေမှာ ဒီလိုအစေ့လွတ်လိုင်ချီး မျိုးအပင်တွေတော်တော်များများ ဖြစ်ထွန်းအောင် အလေးပေးစိုက်ပျိုးချင်ခဲ့ပါတယ်။ စိုက်ပျိုးရေးခြံတွေက (၂) နှစ်အတွင်းမှာ ဈေးကွက်တင်ရောင်းချဖို့ လုံလုံလောက်လောက် စိုက်ပျိုးသင့်တယ်လို့ တစ်ဘီက ပြောပါတယ်။

Ref:Farmer grows Australia’s first ever seedless lychees after trying for almost 20 years using fruit trees bought from China

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top