လူငယ်တွေထက်တောင် ဖက်ရှင်ကျလွန်းတဲ့ ဆယ်လီဘွားဘွား

yyl-042-7.jpg

အသက်အရွယ်ဆိုတာ ကိန်းဂဏန်းတစ်ခုသာဖြစ်တယ်ဆိုတာကို အသက် (၉၂) နှစ်အရွယ် ဆယ်လီဘွားဘွားတစ်ယောက်ကလည်း သက်သေပြလို့နေပါတယ်။ အဲဒီဘွားဘွားဟာ ဟယ်လင် ရက်သ် ဗန် ဝပ်ကယ် ဆိုသူဖြစ်ပြီး follower (၃) သန်းရှိတဲ့ အင်စတာဂရမ်ဆယ်လီတစ်ယောက်ပါ။ သူ့ရဲ့follower တွေထဲမှာ နိုင်ငံတကာက နာမည်ကြီးအနုပညာရှင်တွေလည်းပါဝင်ပါတယ်။ ရီဟားနားနဲ့ မိုင်လီ ဆိုင်းရပ်စ်တို့ကလည်း သူ့ရဲ့ပရိသတ်တွေပါပဲ။ အဲဒီဆယ်လီဘွားဘွားနဲ့ တွေ့ဆုံကြည့်လိုက်ကြရအောင်..။

အဘွား ဟယ်လင်က ၂၀၁၄ခုနှစ်ကစပြီး အင်တာနက်မှာ လူသိများလာခဲ့တာဖြစ်ပါတယ်။ သူ ဆယ်လီမဖြစ်ခင်က ကင်တပ်ကီပြည်နယ်၊ ဝါကိုမြို့မှာ သာမန်ဘဝလေးနဲ့ နေထိုင်ခဲ့တာပါ။ (၆) ဧကရှိတဲ့ လယ်ကွင်းလေးမှာ နေထိုင်ရင်း သူ့ရဲ့မြစ်ကလေးတွေကို ဂရုစိုက်စောင့်ရှောက်တာ၊ စိုက်ခင်းစိုက်တာ၊ ဘုရားကျောင်းသွားတာကို လုပ်ခဲ့တာပါ။

တစ်နေ့မှာတော့ သူ့ရဲ့မြစ်မလေးက ဆံပင်အတို၊ အရောင်စုံတီရှပ်အင်္ကျီနဲ့ သူ့ရဲ့ပုံတစ်ပုံကို အမှတ်တမဲ့ဓာတ်ပုံရိုက်ခဲ့ပြီး အင်စတာဂရမ်မှာ တင်ခဲ့ပါတယ်။ အဲဒီနောက်မှာ သူ့ရဲ့မြေးမလေးတွေအကူအညီနဲ့ သူ့ရဲ့ကိုယ်ပိုင် အင်စတာဂရမ်အကောင့်ကို ဖွင့်ပေးခဲ့ပါတယ်။ သူ့ရဲ့အင်စတာဂရမ်အကောင့်နာမည်က Baddie Winkle ပါတဲ့။ Baddie Winkleရဲ့ ပထမဆုံးပို့စ်က မြန်မြန်ဆန်ဆန်ပဲ လူမှုကွန်ယက်အသုံးပြုသူတွေက မြင်တွေ့သွားခဲ့ပြီး follower အရေအတွက်ဟာ တဖြည်းဖြည်းနဲ့ တိုးလာခဲ့ပါတော့တယ်။

အင်စတာဂရမ်မှာ တင်တဲ့သူ့ရဲ့ပုံတွေကလည်း အမိုက်စားပါပဲ။ အဲဒီဆယ်လီဘွားဘွားက ဖက်ရှင်ကလည်း လူငယ်တွေထက်တောင် မိုက်လွန်းတာကြောင့် လူငယ်တွေကတောင် ဆရာတင်ရလောက်ပါတယ်။ အခုဆိုရင် သူ့မှာ ကိုယ်ပိုင်ဖက်ရှင်Collection Sephora ရှိနေပါပြီ။ သူ့ရဲ့ဖက်ရှင်တွေနဲ့ ကိုယ့်ကိုယ်ကိုယုံကြည်ချက်ရှိမှုတွေက လူငယ်တွေကို အတုယူစေနိုင်ပါတယ်။ ဒါ့အပြင် အသက်ကြီးပေမယ့် ပျော်ပျော်ရွှင်ရွှင်နေတာကလည်း လူကိုနုပျိုနိုင်တယ်ဆိုတာ လူတွေကို ပြောပြနေတာဖြစ်ပါတယ်။

Ref: Over 3 Million People Follow This Fashionable 92-Year-Old Grandma

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top