ဝူဟန်ရောက် မြန်မာကျောင်းသားတွေကို အထူးလေယာဉ်စေလွှတ်ပြီး ပြန်လည်ခေါ်ယူမယ်

Wuhan.jpg

Corona Virus ဖြစ်ပွားနေတဲ့ တရုတ်နိုင်ငံ ဟူပေပြည်နယ် ဝူဟန်မြို့မှာ ပညာသင်ကြားနေကြတဲ့ မြန်မာကျောင်းသူ/ကျောင်းသားတွေကို အထူးလေယာဉ်စေလွှတ်ခေါ်ယူဖို့ မြန်မာအစိုးရက ခွင့်ပြုလိုက်ပြီလို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့မနက်မှာ ထုတ်ပြန်ထားပါတယ်။

ဝူဟန်မြို့မှာ မြန်မာကျောင်းသူ ကျောင်းသား (၆၃) ဦး ပညာသင်ကြားနေကြတာဖြစ်ပြီး သူတို့ကို ပြန်လည်ခေါ်ယူနိုင်ဖို့အတွက် လိုအပ်တဲ့ လေယာဉ်ဖြတ်ကျော် ပျံသန်းခွင့်နဲ့ ဆင်းသက်ခွင့်ရရှိဖို့ တရုတ်နိုင်ငံအစိုးရနဲ့ သံတမန်လမ်းကြောင်းကနေ ဆက်သွယ်ဆောင်ရွက်နေတယ်လို့လည်းအသိပေးထားပါတယ်။

မြန်မာနိုင်ငံကို ပြန်လည်ခေါ်ယူပြီးပါ ကျောင်းသူ/ကျောင်းသားတွေမှာ Corona Virus ကူးစက် ခံထားရမှု ရှိ/မရှိ လိုအပ်တဲ့ ကျန်းမာရေးအရ စောင့်ကြပ်စစ်ဆေးမှုတွေကို စနစ်တကျပြုလုပ်သွားဖို့လည်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ စီစဉ်ဆောင်ရွက်ထားတယ်လို့ သိရပါတယ်။

KST (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top