ပိုးသားလိုနူးညံ့တဲ့ ဆံကေသာလေးတွေပိုင်ဆိုင်နိုင်ဖို့

silky-hair.jpg

ကဲ … ပြောကြည့်ပါဦး။ ပိုးသားလေးလိုနူးညံ့ပြီး သန်စွမ်းတောက်ပတဲ့ ဆံကေသာကိုမပိုင်ဆိုင်ချင်တဲ့သူ ဘယ်နှယောက်များရှိသလဲလို့။ ဘယ်ရှိမှာလဲနော်။

ဆံပင်ဆိုတာလူရဲ့ ဒုတိယမျက်နှာပဲလေ။ လန်ပျံနေအောင်ဘယ်လောက်ပဲ ပြင်ဆင်ထားပြင်ဆင်ထား မသေသပ်ဘဲ မွဲခြောက်၊ အရောင်လွင့်နေတဲ့ဆံသားနဲ့ဆို ဂွမ်းတာပါပဲ။ အဲတော့ကြိုးစားပမ်းစားပြင်ဆင်ထားလေသမျှ မဂွမ်းရလေအောင် စာရေးသူက လွယ်ကူရိုးရှင်းလှတဲ့ အထူးစပါရှယ် ဆံသားထိန်းသိမ်နည်းလေးတွေကို ရိုးရာလေးပရိတ်သတ်တွေအတွက် ပြောပြပေးချင်ပါတယ်။

၁။ ကျန်းမာအောင် စားသောက်နေထိုင်ဖို့လိုပါတယ်

ဗီတာမင်ဓာတ်ပါဝင်မှုများတဲ့အသီးတွေဆို စားသာစားပါ။ ဗီတာမင်ဓာတ်ဟာ ဆံပင်အရှည်မြန်စေဖို့နဲ့ ဆံကေသာထူထဲစေဖို့အတွက် များစွာအထောက်အကူပြုပါတယ်။ ရေနဲ့ တခြားအရည်ပါတဲ့အစားအစာတွေကိုလည်း တတ်နိုင်သလောက်အများကြီးစားသောက်ပေးပါနော်။

၂။ ရွေးချယ်တဲ့ထုတ်ကုန်က မှန်ကန်မှုရှိပါစေ

မျက်နှာအသားအရေအတွက် အလှကုန်ပစ္စည်းတွေဆို ဂရုတစိုက်ရွေးချယ်ကြသလိုပဲ ဆံကေသာအတွက် ခေါင်းလျှော်ရည်နဲ့ ပေါင်းဆေးတို့လိုထုတ်ကုန်တွေကိုလည်း သေသေချာချာဂရုပြုပြီး ရွေးချယ်စေချင်ပါတယ်။ အရွေးမှားရင် ရေရှည်သင့်ဆံသားကို ထိခိုက်လာစေနိုင်ပါတယ်။ အယ်လ်ကိုဟောဓာတ်ပါဝင်တဲ့ ခေါင်းလျှော်ရည်တွေကိုတော့ လုံးဝရှောင်ပါ။ အယ်လ်ကိုဟောဓာတ်ဟာ ဆံကေသာရဲ့သဘာဝအဆီဓာတ်ကို ခမ်းခြောက်စေနိုင်ပါတယ်။

၃။ အဆီဓာတ်ဖြည့်ပေးပါ

သင့်ဦးရေပြားက ခမ်းခြောက်တတ်တယ်ဆို အုန်းဆီ၊ သံလွင်ဆီနဲ့ လျှားစောင်းလပတ်တို့လို အဆီဓာတ်ပါဝင်ပြီး ဆံသားကိုနူးညံ့တောက်ပလာစေနိုင်တဲ့ သဘာဝပစ္စည်းတွေကိုအသုံးပြုပြီး မကြာခဏပေါင်းတင်ပေးပါ။ ပျက်စီးနေတဲ့ဆံသားတွေ ပြန်လည်ကောင်းမွန်လာစေနိုင်ဖို့အတွက်ပဲ ဖြစ်ပါတယ်။

၄။ ဘီးဖြီးပေးပါ

ဘီးဖြီးပေးပါ။ သွေးလည်ပတ်မှုကောင်းမွန်စေနိုင်ဖို့အတွက် အားမနည်းမများနဲ့ ဦးရေပြားကိုထိဖြီးပေးပါ။ ဒီလိုပြုလုပ်ပေးခြင်းဟာ ဦးခေါင်းအရေပြားကထွက်တဲ့ သဘာဝအဆီတွေကို ဆံသားအစွန်းပိုင်းအထိ ပျံ့နှံ့ပေးသွားစေနိုင်ပါတယ်။

၅။ ရေအေးနဲ့ လျှော်မလား ရေနွေးနဲ့ လျှော်မလား

ရေနွေးဟာ အဆီဓာတ်ကို ခမ်းခြောက်စေနိုင်တဲ့အတွက် ဦးခေါင်းအဆီပြန်တတ်သူဆိုရင်တော့ ရေနွေးနဲ့လျှော်ဖို့ သင့်လျှော်ပါတယ်။ ဦးရေပြားအဆီပြန်တတ်သူတွေဟာ တစ်ပတ် (၂) ကြိမ်လောက်လျှော်မှ အဆင်ပြေတတ်တာမို့ တစ်ကြိမ်ကိုရေနွေးနဲ့လျှော်ပြီး နောက်တစ်ကြိမ်ကိုတော့ ရေအေးနဲ့လျှော်ပေးပါ။ ရေနွေးက အဆီဓာတ်ကိုခမ်းခြောက်စေနိုင်ပြီး ဆံသားကြမ်းတမ်းစေနိုင်တာမို့ဖြစ်ပါတယ်။ ဦးရေပြားခြောက်သွေ့တတ်သူတွေကတော့ တောက်ပပြီးနူးညံ့တဲ့ဆံသားကိုပိုင်ဆိုင်နိုင်ဖို့ ရေအေးလေးနဲ့ပဲ ပုံမှန်လျှော်ပေးပါ။

၆။ ပုံမှန်ညှပ်ပေးပါ

ဆံကေသာပညာရှင်တွေရဲ့ အကြံပြုချက်အရ ဆံသားပျက်စီးမှုကို ကာကွယ်နိုင်ဖို့နဲ့ ကျန်းမာသန်စွမ်းတဲ့ ဆံကေသာကိုပိုင်ဆိုင်နိုင်ဖို့ ဆံပင်အောက်နားတွေကို (၆) ပတ်တစ်ခါ (သို့) (၈) ပတ်တစ်ခါလောက် ပုံမှန်ညှပ်ပေးသင့်တယ်လို့ဆိုပါတယ်။

Ref: newsrepublic “How to get Silky Hair ?”

Po Mo Htoo Aung (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top