အသံထက်မြန်တဲ့ ဒုံးကျည် လျို့ဝှက်ချက် ပေါက်ကြားမှုအတွက် စိုးရိမ်မှုမြင့်တက်နေတဲ့ ရုရှား

methode_times_prod_web_bin_cb42cd90-8c31-11e8-a0fd-e428ecc3ac12.jpg

ရုရှား ဖက်ဒရယ်လုံခြုံရေး အဖွဲ့ (FSB) က အာကာသ သုတေသန အဆောက်အဦကို စီးနင်းခဲ့ကြောင်း သိရပါတယ်။ ရုရှားလုံခြုံရေးအဖွဲ့တွေဟာ အသံထက် ၅ ဆမြန်တဲ့ ဒုံးကျည်လျို့ဝှက်ချက်တွေကို အနောက်နိုင်ငံစပိုင်တွေထံ ပေါက်ကြားစေခဲ့တယ်လို့ သံသယဖြစ်ခဲ့ပြီးနောက် စီးနင်းမှုတွေလုပ်ခဲ့တာလို့ သိရပါတယ်။

ရုရှားနိုင်ငံပိုင်အာကာသ အေဂျင်စီ Roskosmos က ဖက်ဒရယ်လုံခြုံရေးအဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေလုပ်နေတယ်လို့ ဆိုထားပါတယ်။ လက်ရှိအချိန်မှာ ရုရုားအာကာသ အေဂျင်စီ က ဝန်ထမ်း ၁၀ ဦးကို အသံထက်မြန်တဲ့ ဒုံးကျည်လျို့ဝှက်ချက် ပေါက်ကြားမှုအတွက် သံသယရှိနေပြီး စုံစမ်း စစ်ဆေးနေတယ်လို့ ရုရှားသတင်းတွေက ဖော်ပြခဲ့ပါတယ်။ အေဂျင်စီအဖွဲ့ ညွန်ကြားရေးမှူးရုံးကို ရှာဖွေစစ်ဆေးမူတွေ ပြုလုပ်နေကြောင်းလည်း သတင်းတွေထွက်ပေါ်နေပါတယ်။

ရုရှားနိုင်ငံဟာ Mach 5 အမည်ရှိ အသံထက် ၅ ဆက်ကျော် ပိုမြန်တဲ့ ဒုံးကျည်ကို ပစ်လွှတ် ပျံသန်းခဲ့ဖူးတဲ့အပြင် ရုရှား အသံထက် ၅ ဆ ကျော်မြန် တဲ့ (Kinzhal) နဲ့ (Avangard) ကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ရုရုား ကာကွယ်ရေးဝန်ကြီးဌာနက ရုပ်သံဖိုင် ထုတ်ပြခဲ့တယ်လို့သိရပါတယ်။

အဆိုပါ ဒုံးကျည်တွေဟာ နျူကလီးယားထိပ်ဖူး တပ်ဆင်ပစ်လွှတ်နိုင်တယ်လို့ သိရပါတယ်။ သံသယရှိသူတွေကို နိုင်ငံတော် သစ္စာဖောက်ဖျက်မုနဲ့ စွဲချက်တင်ဖွယ် ရှိနေတယ်လို့ သတင်းတွေကဖော်ပြခဲ့ပါတယ်။ ရုရှားထောက်လှမ်းရေးအဖွဲ့ နဲ့ နီးစပ်သူတွေက အာကာသ အချက်လက် သုတေသန ဝန်ထမ်းတွေဟာ ဒုံးကျည်လျို့ဝှက်ချက်တွေကို ပေါက်ကြားစေခဲ့တယ်လို့ ပြောပါတယ်။ ဒုံးကျည်ထိပ်ဖူး နဲ့ ပတ်သက်တဲ့ အချက်အလက်တွေ ပေါက်ကြားမှုတွေဟာ အဆုံးသတ်မှာမဟုတ်သေးဘူးလို့ ရုရှား ထောက်လှမ်းရေးအရင်းမြစ်တွေက ပြောပါတယ်။

Ref: Russia fears leak of hypersonic missile secrets to West

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top