ယူရိုပါလိဂ်ပြိုင်ပွဲဝင်ခွင့်ရခဲ့တဲ့ တက္ကသိုလ်ဘောလုံးအသင်း

60852058_2388554897842083_2033983334702383104_n.jpg

၂၀၁၅-၂၀၁၆ ရာသီမှာ လက်စတာအသင်း ပရီးမီးယားလိဂ်ဖလားဆွတ်ခူးမှုက အားကစားသမိုင်းမှာ ထင်မှတ်မထားရတဲ့ အကြီးမားဆုံးအောင်မြင်မှုလို့ ဆိုနိုင်ပါတယ်။ ဒါပေမဲ့ ဝေးလ်တက္ကသိုလ်ဘောလုံးအသင်းရဲ့ အောင်မြင်မှုကလည်း လက်စတာထက်မသာရင်တောင် မလျော့တဲ့ အနေအထားမျိုးပါ။ ဘာလို့လဲဆိုတော့ လစာမရဘဲ အပျော်တမ်းဘောလုံးကစားသူတွေနဲ့ ဖွဲ့စည်းထားတဲ့အသင်းက လာမယ့်ရာသီမှာ မန်ယူအသင်းကစားရမယ့်ယူရိုပါလိဂ်ပြိုင်ပွဲမှာ ဝင်ခွင့်ရရှိခဲ့လို့ပါပဲ။ ကာဒစ်ဖ်တက္ကသိုလ်ဘောလုံးအသင်း(Cardiff Met University FC) ဟာ ဘာလာတောင်းအသင်းကို ပင်နယ်တီအဆုံးအဖြတ်နဲ့ အနိုင်ယူပြီး လာမယ့်ရာသီယူရိုပါလိဂ်ပြိုင်ပွဲ ခြေစစ်ပွဲအောင်မြင်ခဲ့ပါတယ်။

ကာဒစ်ဖ်တက္ကသိုလ်ဘောလုံးအသင်းဟာ အားကစားဆိုင်ရာ စိတ်ပညာ၊ အားကစားနည်းပြ၊ စွမ်းဆောင်မှုခွဲခြားသုံးသပ်ရေး အစရှိတဲ့ ဘာသာရပ်အမျိုးမျိုးမှာ ပါရဂူဘွဲ့၊ မာစတာဘွဲ့ယူဖို့ ပညာသင်ကြားနေတဲ့ ကျောင်းသားတွေနဲ့ ဖွဲ့စည်းထားတဲ့အသင်းပါ။ သူတို့ဟာ အရင်တုန်းက ယူရိုပါလိဂ်ပြိုင်ပွဲအတွက် နောက်ဆုံးရှုံးထွက်အဆင့် ပွဲစဉ် (၂) ပွဲကစားရာမှာ (၂) ပွဲလုံး ရှုံးနိမ့်ခဲ့ဖူးပါတယ်။ ကာဒစ်ဖ်တက္ကသိုလ်ဘောလုံးအသင်းဟာ ဝေးလ်ပရီးမီးယားလိဂ်မှာ ယူရိုပါလိဂ်ပြိုင်ပွဲအတွက် ရှုံးထွက်ပွဲစဉ်ကစားခွင့်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်မှာ ကာနာဖွန်တောင်းအသင်းကို အနိုင်ရခဲ့ပါတယ်။ ဘာလာတောင်းနဲ့ပွဲစဉ်မှာ တစ်ဂိုးစီ သရေကျခဲ့လို့ ပင်နယ်တီအဆုံးအဖြတ်ခံယူရာမှာ ကာဒစ်ဖ်တက္ကသိုလ်ဘောလုံးအသင်း ဂိုးသမား ဝီလ်ဖူလာက ပင်နယ်တီ (၃) လုံး ကာကွယ်ပြီး လက်စွမ်းပြခဲ့ပါတယ်။ ကာဒစ်ဖ်တက္ကသိုလ်အသင်းဟာ ယူရိုပါလိဂ် နောက်ဆုံးအဆင့်ပွဲစဉ်တွေကို ယှဉ်ပြိုင်ဖို့အတွက်ကြားထဲမှာ နောက်ထပ်ခြေစစ်ပွဲတွေ ကစားရဦးမှာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top