အသင်းအပေါ် သစ္စာရှိလွန်းတဲ့ ပရိသတ်ကို ဗလင်စီယာ ရုပ်တုထု ဂုဏ်ပြု

62015062_2410846202279619_7990944666054819840_n.jpg

အမြင်အာရုံဆုံးရှုံးသွားပေမဲ့ တစ်ရာသီစာလက်မှတ် ဝယ်ယူပြီး ကွင်းထဲအရောက် လာအားပေးတဲ့ ပရိသတ်ကို ဗလင်စီယာအသင်းက ရုပ်တုထုပြီး ဂုဏ်ပြုခဲ့ပါတယ်။ ဗင်းဆင့်အပါရီစီယိုလို့ အမည်ရတဲ့ ပရိသတ်ဟာ မြင်လွှာကွာတဲ့ရောဂါ (detached retina)ကြောင့် အသက် (၅၀) အရွယ်မှာ အမြင်အာရုံ ဆုံးရှုံးခဲ့ပါတယ်။ ဗင်းဆင့်ဟာ အမြင်အာရုံဆုံးရှုံးခဲ့ပေမဲ့ တစ်ရာသီစာ လက်မှတ်ဝယ်ယူပြီး ဗလင်စီယာအသင်းရဲ့ အိမ်ကွင်းပွဲစဉ်တိုင်းကို အားပေးခဲ့ပါတယ်။

၁၉၉၄ ခုနှစ်ကစပြီး တစ်ရာသီစာ လက်မှတ်ဝယ်ယူအားပေးခဲ့တဲ့ ဗင်းဆင့်ဟာ ၂၀၁၇ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။ မက်စ်တဲလားကွင်းမှာ ဗင်းဆင့် ထိုင်နေကြဖြစ်တဲ့ ဗဟိုပွဲကြည့်စင်ရဲ့ (၁၅) တန်းမြောက်မှာရှိတဲ့ ထိုင်ခုံနံပါတ် (၁၆၄) ကို ဗလင်စီယာအသင်းက ဖယ်ရှားပြီး အဲဒီနေရာမှာ ဗင်းဆင့်ရဲ့ ရုပ်တုကို နေရာချခဲ့ပါတယ်။ ၁၉၁၉ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ ဗလင်စီယာဟာ အသင်းတည်ထောင်မှု နှစ် (၁၀၀) ပြည့်အထိမ်းအမှတ်အဖြစ် ဗင်းဆင့်ကို အခုလိုဂုဏ်ပြုခဲ့တာပါ။ ဗင်းဆင့်ရဲ့ဘဝမှာ အပျော်ဆုံးအချိန်ကတော့ ၂၀၀၄ ခုနှစ်လို့ သူ့ရဲ့သားဖြစ်သူက ဆိုပါတယ်။ အဲဒီနှစ်မှာ ဗလင်စီယာက လာလီဂါဖလားနဲ့ ယူအီးအက်ဖ်အေဖလား ဆွတ်ခူးနိုင်ခဲ့လို့ပါပဲ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top