မြောက်ကိုရီးယားကို လုံခြုံရေးအာမခံချက် အပြည့်အဝပေးဖို့တောင်းဆိုလိုက်တဲ့ ရုရှားသမ္မတ

russia_001.jpg

ရုရှားသမ္မတ ပူတင်က အမေရိကန်န်ိုင်ငံအနေနဲ့ မြောက်ကိုရီးယားနဲ့ နျူကလီးယားဖျက်သိမ်းရေး စာချုပ် ချုပ်ဆိုလိုရင် အမေရိကန်က မြောက်ကိုရီးယားနိုင်ငံကို လုံခြုံရေးအာမခံချက်အပြည့်အဝပေးရမယ် လို့ တောင်းဆိုလိုက်ပါတယ်။

ရုရှားသမ္မတ ပူတင်ဟာ တရုတ်နိုင်ငံပိုင် သတင်းဌာနနဲ့အင်တာဗျူးချိန်မှာ အခုလိုမျိုးပြောဆိုသွားခဲ့တာဖြစ်ပြီး အင်တာဗျုးချိန်အတွင်း လာမယ့်သီတင်းပတ်အတွင်း တွေဆုံဆွေးနွေးမယ့် အမေရိကန် သမ္မတဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်တို့ဆွေးနွေးမှုက အပေါင်းလက္ခဏဆောင်တဲ့ရလဒ်တွေ ရမယ်လို့ မျှော်လင့်ကြောင်း ရုရှားသမ္မတက ပြောခဲ့ပါတယ်။

ရုရှားသမ္မတက မြောက်ကိုရီးယားနိုင်ငံဟာ အီရတ်နဲ့ လစ်ဗျား စစ်ပွဲအခြေနေကို တွေမြင့်ခဲ့ပြီးနောက် နျူကလီးယားဖျက်သိမ်းရေးနဲ့ ပတ်သက်လို့ လုံခြုံရေးအာမခံချက် အပြည့်ဝရဖို့လိုလားနေတယ်လို့ ထပ်မံပြောဆိုခဲ့ပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ဟာ သူတို့ရဲ့ စစ်ရေးလှုပ်ရှားမှုကို ထိန်းချုပ်ဖို့ ပျက်ကွက်နေတာနဲ့ ပတ်သက်လို့ နောင်တ ရမယ်လို့လည်း ရုရှား သမ္မတက ပြောခဲ့ပါတယ်။ ပူတင်က ရုရှားနိုင်ငံအနေနဲ့ ဒေသအတွင်းမှာတည်ငြိမ်မှုရစေဖို့ ကိုရီးယား နှစ်နိုင်ငံစလုံးနဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်းစီမံကိန်း၊ မီးရထားလမ်းစီမံကိန်း ဖွံဖြိုးတိုးတက်အောင် ကူညီပေးနေတယ်လို့ ပြောခဲ့ပါတယ်။

အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ဟာ လာမယ့်သီတင်းပတ်အတွင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်နဲ့ ဆွေးနွေးမှာဖြစ်ပြီး အဲဒီတွေဆုံမှုကြောင့် မြောက်ကိုရီးယား ခေါင်းဆောင်နဲ့တွေဆုံဆွေးနွေးဖူးတဲ့ ပထမဆုံးအမေရိကန်သမ္မတ ဖြစ်လာဖွယ်ရှိနေပါတယ်။ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအမ်ကတော့ သူနိုင်ငံအတွက် လုံခြုံရေးအာမခံချက်ရမယ်ဆိုရင် နျူကလီးယားလက်နက်ကို စွန့်လွတ်ဖို့ ရှိတယ်လို့ ပြောခဲ့ဖူးပါတယ်။

 

Ref: …. FoX news “Putin us would need to offer firm guarantees to nkorea”

Kaung Htet Ngwe (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top