လျှာဂျွမ်းပြန်ကော်ရည် ခေါက်ဆွဲလုပ်စားကြမယ်

3-7-2020-yyl-028.jpg

ခုလို မိုးအေးအေးမှာ လျှာဂျွမ်းပြန်ကော်ရည်လေး ဆွဲလိုက်ရရင် အရသာကို ရှိသွားမှာပဲနော်။ ပူပူစပ်စပ်နဲ့ ချွေးလေးလည်းထွက်သွားတာပေါ့။ ပါဝင်ပစ္စည်းကတော့ စားမယ့် လူအရေအတွက်ပေါ်မူတည်ပြီး ပြောင်းလို့ရပါတယ်။

ပါဝင်ပစ္စည်းများ (နှစ်ယောက်စာ)ကြက်သား ၁၀ သား၊ ဂျုံခေါက်ဆွဲ ၂ စည်း၊ မွှေးကော်မှုန့် တစ်ဝက်၊ ပဲငံပြာရည်အကြည်/ အနောက် အနည်းငယ်၊ ဂျင်း အနည်းငယ်၊ ကြက်သွန်ဖြူ ၁ လုံး၊ မှိုခြောက် ၇ ပွင့်၊ ကြက်သားမှုန့် အနည်းငယ်၊ ပဲပင်ပေါက် ၅ ကျပ်သား၊ ကန်စွန်းရွက် အနည်းငယ်၊ ဘဲဥ ၂ လုံး၊ ဆား၊ သကြားငရုတ်ကောင်းမှုန့်။

ငါးပိထောင်းလုပ်ဖို့ အတွက်ကတော့- မျှင် ငါးပိ၊ ကြက်သွန်ဖြူ ၊ငရုပ်သီးစိမ်း ၊ သံပုရာသီး

– ပထမဆုံး မျှင် ငပိကို ကင်ရပါမယ်။ ပြီးတာနဲ့ကြက်သွန်ဖြူနဲ့ငရုပ်သီးစိမ်းကို ကြေညက်နေအောင် ထောင်းထားပြီး ကြေညက်လာတာနဲ့ငပိကိုပါ ထည့်ပေါင်းထောင်းပေးရပါမယ် ။ သံပုရာသီးကိုတော့ စားခါနီးမှ ငပိထောင်း အပေါ်ကနေ အရည်ညှစ်ပြီး တွဲစားပေးရမှာပါ ။

ပြုလုပ်နည်းအဆင့်ဆင့်ကိုပြောပြပါမယ်၁။ ကြက်သားကို သန့်စင်အောင်ရေဆေးပြီး အတုံးခပ်ကြီးကြီးတုံးပါ။ ဆား၊ သကြား၊ ပဲငံပြာရည် ၊ ဂျင်းထောင်းပြီးသား တို့နဲ့နယ်ပြီး ခဏနှပ်ထားပေးပါ။ ပြီးတော့မှ အိုးထဲမှာ ရေကို အသားမြုပ်ရုံထည့်ပြီး ပြုတ်ပေးထားရပါမယ်။ အသားနူးလောက်ပြီဆိုရင်တော့ အိုးထဲက ကြက်သားတွေကိုဆယ်ပြီး အအေးခံကာ အသားနွှင်ထားရပါမယ်။

၃။ ကော်မှုန့်ကိုတော့ ကော်ရည်အပျစ်အကျဲအကြိုက်ပေါ် မူတည်ပြီး ဖျော်ပေးရပါမယ်။ ကော်မှုန့်ဖျော်တဲ့အခါမှာ ဆား၊ သကြားပါရောပြီး ထည့်ဖျော်ပေးပါ။

၄။ ပဲပင်ပေါက် နဲ့ ကန်စွန်းရွက် တို့ကို ရေနဲ့သေသေချာချာ အထပ်ထပ်ဆေးပြီး ရေစစ်ထားပေးပါ။ မှိုခြောက်ကိုလည်း ရေစိမ်ထားရပါမယ်။

၅။ အိုးတစ်လုံးထဲ ရေထည့်ပြီး မီးပြင်းပြင်းနဲ့ဆူအောင်တည်ပါ။ ရေနွေးဆူပြီဆိုတာနဲ့ ခေါက်ဆွဲထည့်ပြုတ်ပါ။ ခေါက်ဆွဲတွေကို စကာနဲ့ စစ်ယူပြီး ရေအေးအေးနဲ့လောင်းကာ စကာနဲ့ ရေစစ်ထားရပါမယ်။ ပဲပင်ပေါက်ကိုလည်း ရေနွေးဖျောပြီး ရေစစ်ထားရပါမယ်။

၆။ ။ အသားနွှင်ထားပြီးလို့ကျန်တဲ့ ကြက်ရိုးတွေကို ငရုတ်ဆုံထဲ မညက်တညက်ထည့်ထောင်းပြီး အရိုးထောင်းရေကို အိုးတစ်လုံးထဲ စစ်ယူရပါမယ်။ ကြက်ရိုးထောင်းရည်ထဲ ဆား၊ သကြား အနည်းငယ်ထည့်ပြီး မီးဖိုပေါ်မှာ ဆူအောင်တည်ရပါမယ်။ ဆူလာပြီဆိုရင် ခုနက နွှင်ထားပြီးသား ကြက်သားဖတ်လေးတွေထည့်၊ ကြက်သွန်ဖြူနဲ့ ငရုတ်ကောင်းမညက်တညက်ထောင်းပြီး ထည့်ပါ။

၇။ကြက်ပြုတ်ရည် ဆူလာပြီဆိုရင် ကော်ရည်ဖျော်ထားတာ ထည့်ပြီး မွှေပေးပါ။ မှိုခြောက်ပါ ထည့်ပြုတ်ရပါမယ်။

၈။ ဟင်းရည်ဆူနေတုန်း ဘဲဥ နှစ်လုံးကို ဇလုံထဲမှာ ခလောက်မွှေပြီး ဟင်းရည်အိုးထဲထည့်ပေးပါ။ ဘဲဥရည်ထည့်နေတုန်း ဇွန်း တစ်ဇွန်း နဲ့ ဖြည်းဖြည်း ချင်း ဟင်းအိုးကို မွှေပေးရပါမယ်။

အားလုံးအသင့်ဖြစ်ပြီဆိုရင်တော့ ပန်းကန်လုံးထဲကို ခေါက်ဆွဲ၊ ပဲပင်ပေါက် ၊ ကန်စွန်းရွက်ထည့်ပြီး အပေါ်က ကော်ရည်လောင်းပါ။ ငါးပိထောင်းစပ်စပ်လေးထည့်ပြီး ရောသမမွှေ လိုက်ရင် လျှာဂျွမ်းပြန်ကော်ရည်ရပါပြီ။

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top