နယ်သာလန်အထိလာပြီး သူ့ပရိသတ်နဲ့ လာတွေ့ဆုံခဲ့တဲ့ ဂျွန်ဆီနာ

10-6-2022-yyl07.jpg

ရုရှားရဲ့ ကျူးကျော်စစ်ကြောင့် မာရီယာပိုမြို့မှာရှိတဲ့ သူတို့ နေအိမ် ပျက်စီးဆုံးရှုံးခဲ့ပြီး ယူကရိန်းကနေ ထွက်ပြေးရမယ့်အချိန်မှာ ဒေါင်းဆင်ဒရုန်း ခံစားနေရတဲ့ သားငယ်ကို ချော့မော့ဖျောင်းဖျတဲ့အနေနဲ့ ဂျွန်ဆီနာကို သွားတွေ့ဖို့ ခရီးထွက်မယ်ဆိုပြီး သူ့အမေက ခေါ်လာခဲ့တာပါ။

ပြီးခဲ့တဲ့လက နယ်သာလန်ကို ရောက်ချိန်မှာ သူ့ရဲ့ဟီးရိုး ဂျွန်ဆီနာကို မတွေ့ရလို့ ၁၉ နှစ်သား မိုင်ရှာ စိတ်ပျက်သွားခဲ့ပါတယ်။ Wall Street Journal ရဲ့ ဆောင်းပါးတစ်ပုဒ်မှာ ဒီအကြောင်းကို ရေးသားခဲ့ပြီး ဂျွန်ဆီနာက ဖတ်မိသွားပါတယ်။ အဲဒီနောက်မှာတော့ အမေရိကန်နပန်းသမား ဂျွန်ဆီနာက နယ်သာလန်ကို လာရောက်ပြီး မိုင်ရှာနဲ့ တွေ့ဆုံခဲ့တာပါ။

နပန်းသမား တဖြစ်လဲ သရုပ်ဆောင် ဂျွန်ဆီနာကို သူ့ပရိသတ်တွေက အလွန်ချစ်ခင်ကြပြီး Make-A-Wish စာရင်းမှာ သူနဲ့ တွေ့ဆုံခွင့်ရဖို့ ဆုတောင်းသူ အများဆုံး ဖြစ်နေပါတယ်။ လက်ရှိအချိန်အထိ သူနဲ့တွေ့ဆုံခွင့်ရဖို့ ဆန္ဒပြုသူ အရေအတွက်က ၆၅၀ အထိ ရှိတယ်လို့ ဆိုပါတယ်။

Ref: Sunnyskyz ” Disabled Teen Who Fled Ukraine Meets His Hero, John Cena, Who Motivated His Journey”

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top