ဆည်ထဲမှာ ဆယ်လ်ဖီရိုက်ဖို့ ကြိုးစားရင်း ပူပူနွေးနွေး သတို့သမီးနဲ့ မိသားစုဝင် (၃)ဦး သေဆုံး

intl05.jpg

ဆည်ထဲမှာ ဆယ်လ်ဖီရိုက်ဖို့ ကြိုးစားရင်း ပူပူနွေးနွေး သတို့သမီးတစ်ယောက်နဲ့ မိသားစုဝင်(၃)ဦး သေဆုံးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံ တောင်ပိုင်း တမီလ်နာဒူ ပြည်နယ် ပမ်ဘာဆည်မှာ အခုလို မတော်တဆမှု ဖြစ်ပွားခဲ့တာလို့ ခရစ်ရှ်နာဂီရိခရိုင် ရဲအရာရှိက ပြောပါတယ်။ မကြာသေးခင်ကမှ မင်္ဂလာဆောင် ထားတဲ့ အသက်(၂၀)အရွယ် အမျိုးသမီး နီဝီဒါဟာ သူ(မ)ရဲ့ ခင်ပွန်း ပီရူမယ်ဆာမီ၊ မိသားစုဝင်တွေနဲ့အတူ ပမ်ဘာဆည်ထဲကို ဆင်းပြီး ဆယ်လ်ဖီရိုက်ခဲ့ ကြပါတယ်။

သူတို့ဟာ လက်ချင်းချိတ်ပြီး ခါးလောက် နက်တဲ့ ရေထဲမှာ ဆယ်လ်ဖီရိုက် ခဲ့ကြတာပါ။ အဲဒီအချိန်မှာ အသက်(၁၄)နှစ်အရွယ် မောင်ဖြစ်သူ ဆန်တိုရှာ က ခြေလဲပြီး ရေထဲကျသွားလို့ လက်ချင်းချိတ်ထားတဲ့သူတွေ အကုန်လုံးကို ဆွဲချသလို ဖြစ်ခဲ့ပါတယ်။ ပီရူမယ်ဆာမီက အသက် (၁၅) နှစ်အရွယ် ညီမဖြစ်သူ ယူဝရာနီကို ကယ်တင်နိုင်ခဲ့ပေမဲ့ ဇနီးသည်နဲ့ တခြားသူတွေကို မကယ်နိုင်ခဲ့ပါဘူး။ (၂၀၁၁)ခုနှစ် နောက်ပိုင်း ကမ္ဘာ တစ်ဝန်းမှာ ဆယ်လ်ဖီရိုက်ရင်း သေဆုံးသူ ၂၅၉ ဦး ရှိခဲ့တဲ့အနက် အိန္ဒိယနိုင်ငံကတော့ ဆယ်လ်ဖီရိုက်လို့ လူသေဆုံးမှု အများဆုံး နိုင်ငံ အဖြစ် မှတ်တမ်း ဝင်ခဲ့ပါတယ်။ (၂၀၁၁)ခုနှစ်နောက်ပိုင်း အိန္ဒိယနိုင်ငံမှာ ဆယ်လ်ဖီရိုက်လို့ သေဆုံးသူ ၁၅၉ ယောက်ရှိခဲ့ပါတယ်။ ဆယ်လ်ဖီ ကြောင့် သေဆုံးသူ အများဆုံးနိုင်ငံ တွေထဲမှာ အိန္ဒိယနိုင်ငံပြီးရင် ရုရှား၊ အမေရိကန်၊ ပါကစ္စတန်နိုင်ငံတွေ ရပ်တည်နေပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top