စေတန်ဂြိုဟ်ရဲ့ ပတ်လမ်းထဲမှာ လအများဆုံး လှည့်လည်နေ

intl06.jpg

စေတန်ဂြိုဟ်ကတော့ ဂျူပီတာဂြိုဟ်ကို ကျော်ဖြတ်ပြီး ပတ်လမ်းထဲမှာ လအများဆုံး လှည့်လည်နေတဲ့ ဂြိုဟ်ဖြစ်လာခဲ့ပြီလို့ အမေရိကန် သုတေသီတွေက ပြောပါတယ်။ အမေရိကန်သုတေသီအဖွဲ့ဟာ စေတန်ဂြိုဟ်ရဲ့ ပတ်ပတ်လည်မှာ လှည့်လည်နေတဲ့ လအစင်းရေ ၂၀ ထပ်မံ တွေ့ရှိခဲ့ပါတယ်။ အဲဒါကြောင့် စေတန်ဂြိုဟ်ကို လှည့်လည်နေတဲ့ လအစင်းရေ ၈၂ စင်းအထိ ရှိလာပြီး ဂျူပီတာဂြိုဟ်ရဲ့ ပတ်လမ်းထဲမှာ လှည့်ပတ်နေတဲ့ လအစင်းရေ (၇၉ စင်း လှည့်ပတ်နေ)ထက် ပိုများသွားခဲ့တာပါ။

သုတေသီ အဖွဲ့ဟာ အမေရိကန်နိုင်ငံ ဟာဝိုင်အီကျွန်း ပေါ်က မော်နာကီယာတောင်ပေါ် မှာ တပ်ဆင်ထားတဲ့ ဆူဘာရူ (Subaru) နက္ခတ်တာ ရာကြည့် မှန်ပြောင်းကနေ စေတန်ဂြိုဟ်ကို လှည့်ပတ်နေတဲ့ လတွေကို တွေ့ရှိခဲ့တာပါ။ အသစ်တွေ့ရှိရတဲ့ လတွေဟာ အချင်း (၃)မိုင် ကွာ အဝေး အတွင်းကနေ စေတန်ဂြိုဟ်ကို လှည့်ပတ်နေကြတာပါ။ လ ၁၇ စင်းက ပြောင်းပြန်လှည့်ပတ်နေပြီး(စေတန်ဂြိုဟ် လည်နေတဲ့ လမ်း ကြောင်းနဲ့ ပြောင်းပြန်လှည့်သည်)လ ၃ စင်းကတော့ စေတန်ဂြိုဟ်နဲ့ လှည့်လည်မှု ဦးတည်ရာချင်း တူညီပါတယ်။

လမ်းကြောင်းတူညီတဲ့ လ ၃ စင်းအနက် ၂ စင်းကတော့ စေတန်ဂြိုဟ်ကို တစ်ပတ်ပတ် နိုင်ဖို့ (၂)နှစ် အချိန်ကြာမြင့်ပါတယ်။ လမ်းကြောင်း တူတဲ့ လတစ်စင်းနဲ့ ပြောင်းပြန်လှည့်ပတ်နေတဲ့ လ ၁၇ စင်းကတော့ စေတန်ဂြိုဟ်ကို လှည့်ပတ်ဖို့ အချိန် ၃ နှစ်ကျော် ကြာမြင့်ပါတယ်။ အသစ်တွေ့ရှိ ရတဲ့ လတွေဟာ အနည်းဆုံး အရာဝတ္တုကြီး(၃)ခု ကနေ ပဲ့ထွက်လာတဲ့ အပိုင်းအစ တွေဖြစ်မယ်လို့ သိပ္ပံပညာရှင်တွေက ယူဆ ထားပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top