အစ္စလာမ်ဘာသာဝင်တွေကို ငရဲကျစေနိုင်တဲ့ K-pop ဂီတကို ရှောင်ကြဉ်ကြဖို့ တရားဟောဆရာ တိုက်တွန်း

i3.jpg

တောင်ကိုရီးယားနိုင်ငံရဲ့ K-pop ဂီတက လိင်တူစိတ်ဝင်စားမှုနဲ့ ပွင့်လင်းတဲ့ လိင်မှုကိစ္စကို အသားပေးနေလို့ အစ္စလာမ်ဘာသာဝင်တွေအနေနဲ့ K-pop ဂီတကို ရှောင်ကြဉ်ကြဖို့ အစ္စလာမ် တရားဟောဆရာတစ်ယောက်က တိုက်တွန်းခဲ့ပါတယ်။

အစ္စလာမ်တရားဟောဆရာ ဖူအက်နာရင်ဟာ အင်စတာဂရမ်ပေါ်မှာ ထောက်ခံအားပေးသူ ၅၆၀၀၀ နီးပါးရှိသူပါ။ လိင်တူစိတ်ဝင်စားမှုနဲ့ ပွင့်လင်းတဲ့ ဘဝနေထိုင်မှုပုံစံတွေကို ချပြနေတဲ့ K-pop ဂီတက အစ္စလာမ်ဘာသာဝင်တွေကို ငရဲကျအောင် လုပ်နေတယ်လို့ ဖူအက်နာရင်က ဆိုပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့က ဂျာကာတာမြို့တောင်ပိုင်းက ဗလီမှာ ဖူအက်နာရင်က အခုလို ပြောခဲ့တာပါ။ ဖူအက်နာရင်ဟာ အရင်တုန်းကလည်း ”ကိုရီးယားလှိုင်းတံပိုး”တွေရဲ့ ရိုက်ခတ်မှု ခံနေရပြီလို့ ပြောခဲ့ဖူးသူပါ။

အခုချိန်မှာတော့ ဖူအက်နာရင်က K-pop ဂီတကို ဆန့်ကျင်ရေးလှုပ်ရှားမှုလုပ်နေပြီး သူ့ရဲ့ အတွေးအမြင်၊ အယူအဆ ပျံ့နှံ့သွားစေဖို့အတွက် အင်ဒိုနီးရှားနိုင်ငံက မြို့ (၃၀) ကို သွားရောက်ပြီး ဟောပြောမှုတွေ လုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်ကလည်း စကတ်အတိုတွေ ဝတ်ဆင်ထားတဲ့ Blackpink အဖွဲ့ရဲ့ ရုပ်သံကြော်ငြာတစ်ခုကို အင်ဒိုနီးရှားနိုင်ငံ အမျိုးသားရုပ်သံကော်မရှင်က မသင့်တော်ဘူးလို့ ယူဆတဲ့အတွက် ထုတ်လွှင့်ဖို့ ပိတ်ပင်ခဲ့ဖူးပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top