FBI ရဲ့အလိုရှိစာရင်းထဲက တစ်ဦးတည်းသော အမျိုးသမီး(သို့)ပျောက်ဆုံးနေသော ခရစ်တိုဘုရင်မ

1-7-2022-03.jpg

FBI ရဲ့ အလိုအရှိဆုံး လူ(၁၀)ဦးစာရင်းမှာ အမျိုးသမီးတစ်ဦးပဲ ပါဝင်ပါတယ်။ သူကတော့ သမိုင်းတစ်လျှောက် အကြီးမားဆုံး လိမ်ညာမှုတစ်ခုဖြစ်တဲ့ OneCoin ကနေ အမေရိကန်ဒေါ်လာ ၄ ဘီလျံကျော် လိမ်ညာခဲ့တဲ့ ဘူလ်ဂေးရီးယားအမျိုးသမီး ရူဂျာအစ်ဂ်နာတိုဗာပါပဲ။

OneCoin ဟာ တခြားခရစ်တိုငွေကြေးတွေလို blockchain နည်းပညာနဲ့ ကာကွယ်ထားခြင်းမရှိသလို တန်ကြေးလည်း မရှိပါဘူး။ အစ်ဂ်နာတိုဗာက အဲဒီတန်ကြေးမရှိတဲ့ OneCoin ကို အရောင်းအဝယ်လုပ်ကြစေဖို့အတွက် ကော်မရှင်မက်လုံးနဲ့ မျှားခဲ့တာပါ။ သူဟာ နောက်လူရဲ့ ရင်းနှီးငွေနဲ့ အရင်လူကို အမြတ်ပြန်ပေးတဲ့ပုံစံ(Ponzi scheme) လိမ်ညာခဲ့တာဖြစ်ပါတယ်။

၂၀၁၇ ခုနှစ်ကတည်းက ပျောက်ဆုံးသွားခဲ့တာဖြစ်ပြီး သူနဲ့အတူ အမေရိကန်ဒေါ်လာ သန်း ၅၀၀ လောက် ပါသွားလို့ သူ့ကို ရှာဖွေဖို့ အရမ်းခက်ခဲနေပါတယ်။ အဲဒါကြောင့် သူ့ကို ဖမ်းမိအောင် သတင်းပေးရင် အမေရိကန်ဒေါ်လာ ၁ သိန်း ဆုချီးမြှင့်မယ်လို့ ထုတ်ပြန်ထားပါတယ်။

Ref: Missing Cryptoqueen: FBI adds Ruja Ignatova to top ten most wanted

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top