ဖုန်းကင်မရာနဲ့ အလွန်သေးငယ်တဲ့အရာတွေကို ရိုက်ကူးခဲ့တဲ့ အသက်(၂၀) အရွယ်ကောင်လေး

yyl-001-13.jpg

ကျွန်တော်တို့ရဲ့ပတ်ဝန်းကျင်မှာ အလှတရားများစွာ၊ သဘာတရားများစွာရှိပါတယ်။ တချို့အလှတရားနဲ့ သဘာဝတရားတွေက မြင်တွေ့ရဖို့ အရမ်းကို သေးလွန်းပါတယ်။ အိန္ဒိယနိုင်ငံက အသက် (၂၀) နှစ်အရွယ်ကောင်လေး ဆာဆီ ကူမား (Sasi Kumar) ကလည်း သေးငယ်တဲ့အင်းဆက်ပိုးမွှားတွေရဲ့အမိုက်စားပုံတွေကို သူ့ရဲ့ဖုန်းကင်မရာတစ်ခုတည်းနဲ့ ရိုက်ကူးခဲ့ပါတယ်။ သူက ဓာတ်ပုံဆရာတစ်ယောက်အတွက် စိတ်ရှည်မှုနဲ့ ဓာတ်ပုံပညာအပေါ်ရူးသွပ်မှုတွေက ဘယ်လောက်အရေးကြီးကြောင်း၊ အထူးသဖြင့် သေးငယ်တဲ့အရာတွေကို ရိုက်ကူးတဲ့အခါမျိုးမှာဆိုတာကို အင်တာဗျူးတစ်ခုမှာ ပြောခဲ့ဖူးပါတယ်။

ကူမားဟာ သေးငယ်တဲ့ဓာတ်ပုံတွေကို အရင်ဆုံးဘယ်လိုဆွဲခဲ့ကြောင်းနဲ့ သူရင်ဆိုင်ခဲ့ရတဲ့ အကြီးမားဆုံးစိန်ခေါ်မှုတွေကို သိရတာအရမ်းစိတ်ဝင်စားဖို့ကောင်းပါတယ်။ “အရင်ဆုံး သာမန်ဓာတ်ပုံတွေရိုက်ခဲ့ပါတယ်။ ရက်အနည်းငယ်ကြာတော့ ထူးခြားပြီး ဆွဲဆောင်မှုရှိဖို့ စဉ်းစားခဲ့ပါတယ်။ ဒါကြောင့် သေးငယ်တဲ့အရာတွေကို ဓာတ်ပုံရိုက်ကြည့်ဖို့ ဆုံးဖြတ်ခဲ့တယ်”လို့ ပြောပါတယ်။ သူက သေးငယ်တဲ့အရာတွေကို ဓာတ်ပုံရိုက်တာက တော်တော်လေးခရီးပေါက်နေပါပြီ။ ဒါပေမဲ့ နေ့တိုင်း ပိုလေ့လာနေခဲ့ရပါတယ်။

သူ့အတွက် စိန်ခေါ်မှုအဖြစ်ဆုံးအရာက မှန်ဘီလူးပါတဲ့ဖုန်းကို ကိုင်ဖို့ရာ အတော်လေးခက်ခဲတာပါပဲ။ လက်နည်းနည်းလှုပ်လိုက်တာနဲ့ ဓာတ်ပုံကောင်းထွက်မှာမဟုတ်တဲ့အတွက်ကြောင့်ပါ။ ဒါက စိတ်ရှည်မှုဟာ သော့ချက်ဖြစ်တယ်လို့ ဆိုလိုတာဖြစ်တယ်လို့ ကူမားက ဆိုပါတယ်။

ကူမားက သူ ဓာတ်ပုံရိုက်ရင်းနဲ့ Software Developer ဖြစ်ချင်တဲ့ အင်ဂျင်နီယာကျောင်းသားတစ်ယောက်ပါ။ သူ့ရဲ့အမြင်ကမှာတော့ အင်းဆက်ပိုးမွှားတွေက သဘာဝတရားရဲ့အလှကို တိုးစေတဲ့ လှပတဲ့သက်ရှိတွေဖြစ်တာပါပဲ။ ဒါကြောင့် အင်းဆက်ပိုးမွှားတွေကို ဓာတ်ပုံရိုက်ဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ကူမားက သူ့ရဲ့ဓာတ်ပုံတွေကို OnePlus 6t နဲ့ Redmi Note 3 အစရှိတဲ့ ဖုန်း(၂) မျိုးနဲ့ ရိုက်ကူးခဲ့တာပါ။ သူက အင်းဆက်ပိုးမွှားတွေကို ရိုက်ကူးဖို့အတွက် သူ့ရဲ့ဖုန်းမှာ မှန်ဘီလူးအမျိုးမျိုးအသုံးပြုခဲ့ပါတယ်။

ကူမားက အခြားဓာတ်ပုံဆရာတွေအတွက် အကြံပေးထားပါသေးတယ်။ အလွန်သေးငယ်တဲ့အရာတွေကို ဓာတ်ပုံရိုက်ဖို့ဆိုရင် စိတ်ရှည်ရမယ်၊ ရူးသွပ်ရမယ်၊ စိတ်နစ်ထားရမယ်။ ဒါ့အပြင် ဓာတ်ပုံမကောင်းတာကိုလည်း သင်ယူရပြီး ဓာတ်ပုံမကောင်းလို့ဆိုပြီး လေ့လာရိုက်ကူးဖို့ကို ဘယ်တော့မှ မရပ်တန့်ပါနဲ့။ ပုံတစ်ခုချင်းစီအတွက် ရိုက်ချက်တိုင်းက နောက်ပိုင်းမှာ အမိုက်စားဓာတ်ပုံတွေဖြစ်လာမှာပါ။ အရင်ပုံတွေက အမှားကိုလည်း လက်ခံပြီး မကောင်းတဲ့တုံ့ပြန်ချက်၊ အကြံပေးချက်တွေကိုလည်း နားလည်လက်ခံပါလို့ ပြောပါတယ်။

Ref: 20-Year-Old Indian Guy Takes Incredible Macro Pics Using His Smartphone, Shows How You Could Do It Too

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top