အပတ်စဉ် ဗေဒင်ဟောစာတမ်း (၁၉-၁-၂၀၂၀ မှ ၂၅-၁-၂၀၂၀ ရက်နေ့အထိ)

baydin19jan20-scaled.jpg

ဆရာကင်္ကသူရဲ့ စန္ဒသူရိယ နက္ခတ္တဝေဒ ဟောစာတမ်းကို ရိုးရာလေး ပရိသတ်တွေအတွက် တင်ဆက်ပေးလိုက်ပါတယ်။ (၁၉-၁-၂၀၂၀ မှ ၂၅-၁-၂၀၂၀ ရက်နေ့အထိ) တွက်ချက် လမ်းညွှန်ပေးထားမှုကို ဖော်ပြပေးထားပါတယ်။

တနင်္ဂနွေ

ယခုအပတ်အတွက် တနင်္ဂနွေသားသမီးတို့အတွက်-

စီးပွားရေး။ ။ ရတနာပစ္စည်း၊ကျောက်မျက်ရတနာနှင့်ဆိုင်သောလုပ်ငန်းများ၊ ကျောက်မျက်တူးဖော်ခြင်း၊သတ္တုတွင်း လုပ်ငန်း၊ရွှေ၊ရေနံ တူးဖော်ခြင်းနှင့်ဆိုင်သောပစ္စည်းများ ရောင်းဝယ်ခြင်းကောင်းပါသည်။ ရေလုပ်ငန်းနှင့် ဆောက်လုပ်သောလုပ်ငန်းများ အညံ့ဘက်ပါတတ်သည်။ ချေးငွေကိစ္စအတွက် စိတ်သောကများနေတတ်ပါသည်။

ကျန်းမာရေး။ ။ မျက်လုံးထိခိုက်မိခြင်း၊ရေချိုးမှားသဖြင့်အဆုတ်ရေဝင်ခြင်း၊ချောင်းဆိုးခြင်း စသည့် ရောဂါများရတတ်ပါ သည်။ သတိထားပါ။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ ချစ်ရသောသူနှင့် မကြာခဏ ရန်ဖြစ်နေတတ်သည်။ အိမ်ထောင်ရေးအနေနှင့် မိသားစု ယာယီခရီးသွားရတတ်သည်။ကောင်းသောခရီးဖြစ်မည်။

ပညာရေး။ ။ ပညာရေးအနေနှင့် နိုင်ငံဝန်ထမ်းများ ကံကောင်းပြီး အစိုးရစရိတ်ဖြင့် အဆင့်မြင့်တန်းများတက်ရမည်။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း ရတနာပစ္စည်းရတတ်သည်။စက်ပစ္စည်းအသေးစားများ စသည့်ပစ္စည်းသစ်များ ရောက်လာတတ်သည်။ နိုင်ငံဝန်ထမ်းများ အရာထမ်း စာမေးပွဲ ဖြေပါက အောင်မည်။

အကျိုးပေးဂဏန်းမှာ ။ ။၁။၄။၉

ယတြာ။ ။ အုန်းသီး (၆) စိတ်ကို အိမ်ဘုရားတွင် လှူပေးပါ။

တနင်္လာ

ယခုအပတ်အတွင်း တနင်္လာသားသမီးတို့ကတော့-

စီးပွားရေး။ ။ ရေထွက်ပစ္စည်းများ၊ ငါးလုပ်ငန်း၊ရေသန့်လုပ်ငန်း၊ ရေခဲနှင့်ဆိုင်သောလုပ်ငန်း၊အအေးခန်းနှင့်ဆိုင်သော စက်ရုံအလုပ်ရုံများ နှင့်ပါတ်သက်ပြီး ကံကောင်းပါသည်။ အထည်လုပ်ငန်း၊စားသောက်ဆိုင်လုပ်ငန်းများ အညံ့ဘက်ပါတတ်သည်။ မီးအထူးသတိပြုပါ၊ လုပ်ငန်းတွင် မီးလောင်သဖြင့် ရုံးတွင်ဖြေရှင်းရတတ်သလို စီးပွားရေးလည်း များစွာထိခိုက်နိုင်ပါသည်။

ကျန်းမာရေး။ ။ အရိုးထိခိုက်ခြင်း၊ ယာဉ်အန္တရာယ်ဖြစ်ခြင်းများရှိသည်။ သွားရောဂါ ဖြစ်တတ်ပါသည်။ ပြင်ပထိခိုက်ခြင်းကြောင်း(မီး၊ရေနွေးပူလောင်ခြင်း) ဆေးရုံရောက်ရတတ်သည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့်အနည်းငယ်ညံ့ပါသည်။ ချစ်သူ၏ မိဘမောင်နှမများနှင့်ပါတ်သက်ပြီး ပြသနာတက်တတ်သည်။ အိမ်ထောင်ရေးတွင် ခရီးဝေးသွားရတတ်သည်၊ သို့သော် ပြသနာမရှိ ကံကောင်းပါသည်။

ပညာရေး။ ။ပညာရေးအနေနှင့် ကံကောင်းသောအချိန်ကာလဖြစ်ပြီး တက္ကသိုလ်ဝင်တန်းဖြေမည့်သူများ အထူးသဖြင့် တွက်စာကို သတိပြုပါ။
အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း အဝတ်အထည်သစ်များ ရတတ်သည်။ အစိုးရဝန်ထမ်းများ ငွေကံကောင်းပါလိမ့်မည်။

အကျိုးပေးဂဏန်း – ၄ ၊ ၅ ၊ ၉။

ယတြာ– တနင်္လာနေ့တွင် တံခိုးကြီးဘုရားတွင် ဆီမီးသက်စေ ကပ်လှူပါ။

အင်္ဂါ

ယခုအပတ်အတွင်း အင်္ဂါသားသမီးတွေကတော့-

စီးပွားရေး။ ။ သစ်လုပ်ငန်း၊သစ်တောနှင့်ပါတ်သက်သော လုပ်ငန်းများကံကောင်းနေပါလိမ့်မည်။ ပရိဘောက၊ကြိမ်နှင့် ပါတ်သက်သောလုပ်ငန်း၊ယွန်းထည်နှင့် ရိုးရာလက်မှု့လုပ်ငန်းများ အထူးကံကောင်းသည်။ ပြည်ပပို့ရမည်။ ကားလုပ်ငန်းနှင့် ဆောက်လုပ်ရေးလုပ်ကိုင်သူများ သောကရောက်ရလိမ့်မည်။

ကျန်းမာရေး။ ။ သွေးနှင့်ပါတ်သက်သည့်ရောဂါနှင့် အဆုတ်ရောင်ရောဂါရရှိတတတ်သည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် အထူးသတိထားရန်မှာ ချစ်သူနှင့် သဘောမတူသဖြင့် ခိုးပြေးရသည့်အခြေအနေမျိုးဖြစ်တတ်သည်။ အိမ်ထောင်ရေးအနေနှင့်လည်း အညံဘက်ပါပြီး အိုးအိမ်နှင့်ပါတ်သက်ပြီး စကားများရတတ်သည်။

ပညာရေး။ ။ပညာရေးအနေနှင့် နိုင်ငံခြား ဘာသာစကားကို စတင်လေ့လာသင့်သည့်အချိန်ဖြစ်သည်။
အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း ဘာသာရေးနှင့်ဆိုင်သော ကုသိုလ်တစ်ခုတွင် ပါဝင်ရမည်။ လက်နက်ကိုင်ဝန်ထမ်းများ သတိရှိပါစေ။

အကျိုးပေးဂဏန်း – ၃၊ ၄ ၊ ၉။

ယတြာ – အင်္ဂါနေ့တွင် အင်္ဂါနံဘုရားတွင် ဇီးသီးများလှူပြီး လိုရာဆုတောင်းပါ။

ဗုဒ္ဓဟူး

ယခုအပတ်အတွင်း ဗုဒ္ဓဟူးသားသမီးတို့အနေဖြင့် –

စီးပွားရေး။ ။ စားသောက်ဆိုင်နှင့်ဆိုင်သောလုပ်ငန်းများ၊စားသောက်ကုန်လုပ်ငန်းများ၊ ဖုန်း၊ကွန်ပျူတာနှင့်ဆိုင်သော လုပ်ငန်းများ ကောင်းပါသည်။ အစားအသောက်နှင့်ဆိုင်သော လုပ်ငန်းသုံး စက်ပစ္စည်းများ တင်သွင်းခြင်းလုပ်ငန်းလည်း အထူးကောင်းပါသည်။ ညံ့နေသည်မှာ ကျောက်မျက်ရတနာလုပ်ငန်းဖြစ်သည်။

ကျန်းမာရေး။ ။ ဒူးနာခါးနာဖြစ်မည်။ သွေးနှင့်ပါတ်သက်သော သွေးတိုးရောဂါသတိထားပါ။ ခေါင်းကိုက်မည်။

အချစ်ရေး/အိမ်ထောင်ရေး။ ။အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ မိမိအားအလွန်ချစ်တတ်ပြီး နာလည်မှု့ပေးနိုင်သော ချစ်သူကို ရရှိမည်။သို့သော် အိမ်ထောင်ရေးအနေနှင့် အေးစက်သော အိမ်ထောင်ရေး ဖြစ်နေတတ်ပါသည်။
ပညာရေး။ ။ပညာရေးအနေနှင့် တက္ကသိုလ်ဝင်တန်းဖြေမည့်သူများ အင်္ဂလိပ်စာကို အထူးအလေးပေးပါ။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း မိမိနှင့်ပါတ်သက်သောအစိုးရဝန်ထမ်းတစ်ဦးထံမှ အကူအညီရမည်၊ ဝန်ထမ်းများ စိတ်သောကများရတတ်သည်။

ရာဟု ရာဟု သားသမီးတို့ကတော့ ကျန်းမာရေး အနေနှင့် ခါးနာရောဂါရတတ်သည်။ အချစ်ရေးတွင်လည်း အညံ့ဖြစ်မည်။ စီးပွားရေးတွင် ရောင်း/ဝယ်ရေးကို ဦးစားပေးသင့်ပါတယ်။ ဝန်ထမ်းဖြစ်ပါက ကံကောင်းပါလိမ့်မည်။
အကျိုးပေးဂဏန်း – ၄ ၊ ၂ ၊ ၆။

ယတြာ။ ။ ဗုဒ္ဓဟူးနေ့တွင် ငါးအရှင်များလွတ်ပေးပါ။

ကြာသပတေး

ယခုအပတ်အတွင်း ကြာသာပတေး သားသမီးတို့အတွက် –

စီးပွားရေး။ ။ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း အထူးကောင်းမွန်ပါသည်။ စားသောက်ဆိုင်နှင့် ခရီးသွားဝန်ဆောင်မှု့ကောင်းပါသည်။

ကျန်းမာရေး။ ။ ဝမ်းဗိုက်နှင့်ဆိုင်သောရောဂါ ၊အသဲနှင့် သက်ရက်ရွက်ဆိုင်သောရောဂါ တို့ကြောင့် ဆေးရုံဆေးခန်းတွင် ကုသရလိမ့်မည်။ အစားအသောက်ကြောင့်ဖြစ်တတ်သဖြင့် သတိထားပါ။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ ချစ်ရသောသူနှင့် အမြန်ဆုံးလက်ထပ်ရ လိမ့်မည်။ အိမ်ထောင်သည်များလည်း အလုပ်ကိစ္စများနှင့်ပါတ်သက်ပြီး ခရီးဝေးသွားရပြီး ခွဲနေရမည်။

ပညာရေး။ ။ တက္ကသိုလ်ဝင်တန်းဖြေမည့်သူများ အင်္ဂလိပ်စာ၊နှင်သိပ္ပံဘာသာရပ်များ အထူးပြုကျက်မှတ်ပါ။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း ဘာသာရေးခရီးသွားရပါက ထီထိုးလိုက်ပါ။ ဝန်ထမ်းများ ကောင်းသော ပြောင်ခြင်းဖြင့် နယ်ပြောင်းရမည်။

အကျိုးပေးဂဏန်း – ၅ ၊ ၃ ၊ ဝ။

ယတြာ –ကြာသာပတေးနေ့တွင် ကြာသာပတေးနံပါသော ဘုရားတွင် သစ်သီး(၉) မျိုးပူဇော်ပါ။

သောကြာ

ယခုအပတ်အတွင်း သောကြာသားသမီးတို့သည် –

စီးပွားရေး။ ။ လယ်၊ယာ လုပ်ငန်း၊ တောင်သူလုပ်ငန်း၊ ဥယဉ်ခြံမြေများနှင့် စိုက်ပျိုးရေးလုပ်ငန်းများ အထူးကောင်းမွန်သောအချိန်ဖြစ်ပြီး၊ စီးပွားဖြစ်ထွန်းပါလိမ့်မည်။ ပွဲရုံလုပ်ငန်းနှင့် ပဲအမျိုးမျိုးလုပ်ငန်းများ တိုးတက်မည်။ ငွေကြေးကိစ္စများတွင် သတိထားပါ။ ငွေလိမ်ခံရတတ်သည့် အချိန်ဖြစ်သည်။

ကျန်းမာရေး။ ၊ မတော်တဆထိခိုက်မိတတ်သည်။ ယာဉ်ကားအန္တရယ်ရှိသည်။ အစာအိမ်သတိထားပါ။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံကောင်းသော်လည်း ချစ်သူနှင့် နယ်ဝေးနေရတတ်သည်။ အိမ်ထောင်သည်များလည်း ခွဲနေရတတ်သည်။ စိတ်ပူရန်မရှိပါ။

ပညာရေး။ ။ ပညာရေးအနေနှင့် ဝန်ထမ်းအရာရှိနှင့် ဆိုင်သော သင်တန်းတက်ရမည်။ကံကောင်းပလိမ့်မည်။ နိုင်ငံခြားဘာသာတစ်ခုခုကို လေ့လာပါ။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း ကား၊ဆိုင်ကယ် စသည့် ယာဉ်တစ်ခုခုဝင်တတ်ထွက်တတ်သည့်အချိန်ဖြစ်ပါသည်။ ဝန်ထမ်းများလည်း မိမိနှင့် ဌာနတွင်း နေရာပြောင်းရတတ်သည်။
အကျိုးပေးဂဏန်း – ၂ ၊ ၅ ၊ ၉။

ယတြာ – သောကြာနေ့တွင် ငှက်များကို တတ်နိုင်သလောက် လွတ်ပေးပါ။

စနေ

ယခုအပတ်အတွင်း စနေသားသမီးတို့သည် –

စီးပွားရေး။ ။ ကျောက်မျက်ရတနာနှင့်ဆိုင်သောလုပ်ငန်း၊ သတ္တုလုပ်ငန်း၊ဆောက်လုပ်ရေးလုပ်ငန်းများ စသည်တို့ ကံကောင်းသည့်အချိန်ဖြစ်သည်။ ဆောက်လုပ်ရေး၊အိမ်ဆောက်ပစ္စည်းလုပ်ငန်း၊ သံထည်ပစ္စည်းလုပ်ငန်းများ ကောင်းပါသည်။ သတိထားရမည်မှာ သစ်လုပ်ငန်းဖြစ်သည်။

ကျန်းမာရေး။ ။ကျောရိုးနှင့်ဆိုင်သောရောဂါ၊ အာရုံကြောရောဂါများရတတ်သည်။ သတိပြုပါ။

အချစ်ရေး/အိမ်ထောင်ရေး။ ။ အချစ်ရေးအနေနှင့် ကံကောင်းပါသည်။ ချစ်သူတို့ အိမ်ထောင်ပြုရန် အဆင်ပြေမည်။ အိမ်ထောင်သည်များ အနေဝေးနေပါက ယခုတစ်ပါတ်တွင် ပြန်လည်ပေါင်းစုံရပါမည်။ သတိထားရမည်မှာ နှစ်ဘက်မိဘတို့ကြောင့် စိတ်ညစ်ရတတ်သည်။

ပညာရေး။ ။ပညာရေးအနေနှင့် တက္ကသိုလ်ဝင်တန်းအတွက် ဘာသာစုံအထူးကြိုးစားရန်လိုအပ်ပါသည်။

အထွေထွေ။ ။ ယခုတစ်ပါတ်အတွင်း ဝန်ထမ်းများ ကံကောင်းပါသည်။ ခရီးသွာရပါက အပိုဝင်ငွေရပါလိမ့်မည်။

အကျိုးပေးဂဏန်း – ၃။၄။၉ ၊

ယတြာ – ရဟန်းတစ်ပါးကို ဆေးပစ္စည်းများလှူပေးပါ။

ဆရာကင်္ကသူ (ရိုးရာလေး)
Ph.D-Palmistry. (H.A.P.R.I)
Ph- 09-2550 68533

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top