နိုင်ငံပေါင်း ၁၉၃ နိုင်ငံကို အလည်အပတ်သွားခဲ့ပြီးပြီဖြစ်တဲ့ အသက် ၇၉ နှစ်အရွယ် အမျိုးသမီး

5.2.24-yyl-1.jpg

လုဆာယုအမည်ရတဲ့ အသက် ၇၉ နှစ်အရွယ် အမျိုးသမီးက ကမ္ဘာပေါ်ရှိ နိုင်ငံပေါင်း ၁၉၃ နိုင်ငံကို အလည်အပတ်သွားရောက်မယ်ဆိုတဲ့ သူ့ရဲ့ရည်မှန်းချက်ပြည့်သွားခဲ့ပါပြီ။ အိပ်မက်တွေအမှန်တကယ်ဖြစ်လာခဲ့ပြီလို့ သူက ပြောပါတယ်။

လုဆာယုဟာ ဖိလစ်ပိုင်မှာနေထိုင်ခဲ့စဉ် ငယ်ငယ်ကတည်းက ခရီးထွက်ရဖို့ အမြဲအိပ်မက်မက်ခဲ့တာပါ။ သူ ရုပ်ရှင်ဇာတ်ကားတွေကြည့်တဲ့အချိန်မှာ ရှုခင်းတွေ၊ သဘာဝတရားတွေ၊ မြစ်တွေ၊ တောင်တန်းတွေနဲ့ပတ်သက်ပြီး လှပတဲ့နောက်ခံတွေကို မြင်ခဲ့ရပါတယ်။ အဲ့ဒါက သူ့ကို ဆွဲဆောင်ခဲ့တာပါ။ ဒါကြောင့် တစ်နေ့ကျ အဲ့ဒီနေရာတွေဆီ သွားမယ်လို့ သူ အမြဲတွေးထားခဲ့တာပါ။

သူ့အသက် ၂၃ နှစ်မှာ အမေရိကန်နိုင်ငံကို Exchange Student အနေနဲ့ လာခဲ့ရပြီး အဲဒီမှာ သူ တက်နိုင်သလောက် ခရီးစထွက်ဖြစ်ခဲ့ပါတယ်။ ဆေးဘက်ဆိုင်ရာနည်းပညာနယ်ပယ်မှာ အလုပ်လုပ်ခဲ့ပြီးနောက် သူဟာ ခရီးသွားအေးဂျင့်အဖြစ် ဒုတိယအသက်မွေးဝမ်းကျောင်းပြုခဲ့ပါတယ်။ ဒါကြောင့် ခရီးထွက်ဖို့ အချိန်ပိုရခဲ့ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ် ၅ စုအတွင်း အီတလီလို ဥရောပနိုင်ငံတွေကစလို့ ထိုင်းလို အာရှနိုင်ငံတွေ၊ လစ်ဗျားလို အာဖရိကနိုင်ငံတွေ၊ အီရန်လို အရှေ့အလယ်ပိုင်းနိုင်ငံတွေအထိ သွားရောက်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၃ နိုင်ငံကို အလည်အပတ်သွားရောက်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

အလည်အပတ်သွားရောက်ချင်တဲ့ သူ့ရဲ့ရည်မှန်းချက်ပန်းတိုင်က ၂၀၂၃ ခုနှစ် နိုဝင်ဘာ ၉ ရက်နေ့မှာ ပြည့်မြောက်သွားခဲ့တာပါ။ Nomad Mania အဖွဲ့အစည်းက လုဆာကို ၁၉၃ နိုင်ငံကို အလည်အပတ်ခရီးထွက်နိုင်ခဲ့တဲ့ သူ ( UN Master) တစ်ယောက်ဖြစ်လာဖို့ ဖိလစ်ပိုင်နိုင်ငံရဲ့ လူ ၂ ဦးထဲက တစ်ဦးအဖြစ် အသိအမှတ်ပြုခဲ့ပါတယ်။

နိုင်ငံအများအပြားကို အလည်ပတ်သွားရောက်ခဲ့ပြီး မရေတွက်နိုင်တဲ့လူတွေနဲ့ တွေ့ဆုံခဲ့ပြီးတဲ့နောက် လူတော်တော်များများနဲ့လည်း မိတ်ဆွေသူငယ်ချင်းတွေဖြစ်လာခဲ့ပါတယ်။ ခရီးထွက်ချင်တဲ့အိပ်မက်ရှိတဲ့သူတွေကို လုဆာ တိုက်တွန်းထားတာကတော့ မကြောက်ပါနဲ့၊ အပြင်ထွက်ပါ၊ ခရီးထွက်ပါ။ လိုလျှင်ကြံဆနည်းလမ်းရဆိုရင် မဖြစ်နိုင်တာမရှိပါဘူးတဲ့။

Ref: Meet the 79-year-old who has traveled to all 193 countries in the world

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top