အမှိုက်ကားလာရင်ထွက်လာပြီး သန့်ရှင်းရေးအလုပ်သမားတွေကို နှုတ်ဆက်လေ့ရှိတဲ့ကလေးလေး

67801966_473370786783580_6051003149286637568_n.jpg

ဥက္ကလာဟိုးမားပြည်နယ်က သန့်ရှင်းရေးအလုပ်သမားတစ်ယောက်ဟာ သူ သွားရာလမ်းကြောင်းက ကလေးလေးတစ်ယောက်နဲ့ မိတ်ဖွဲ့ဖြစ်ခဲ့ပါတယ်။ အဲ့ဒီကလေးလေးက အမှိုက်ကားလာရင် သူ့ရဲ့အိမ်ထဲက အပြင်ကိုထွက်ပြီး သန့်ရှင်းရေးအလုပ်သမားကို ပုံမှန်လိုလို နှုတ်ဆက်ဖြစ်ပါတယ်။ ဒါကြောင့်မို့ သန့်ရှင်းရေးအလုပ်သမားက ကလေးလေးကို အခုလိုအိမ်ထဲကထွက်လာပြီး နှုတ်ဆက်လေ့ရှိတဲ့အတွက် ကျေးဇူးတင်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။

သန့်ရှင်းရေးအလုပ်သမား အာရွန် မစ်ချယ်လ် (Aaron Mitchell) နဲ့ အမှိုက်ကားကနေ သူဆင်းလာရင် လာလာပြီး နှုတ်ဆက်တဲ့သူ့ရဲ့မိတ်ဆွေလေးတို့ရဲ့ပုံကို city of Jenks ဆိုတဲ့ ဖေ့စ်ဘွတ်အကောင့်ကတင်ခဲ့ပါတယ်။ “ကလေးလေးက အမှိုက်ကားလာရင် သန့်ရှင်းရေးအလုပ်သမားတွေကို နှုတ်ဆက်ဖို့နေ့တိုင်းလိုလို ထွက်လာပါတယ်” ဆိုတဲ့ စာသားလေးလည်း ရေးသားထားပါတယ်။

အဲ့ဒီကလေးလေးက မစ်ချယ်လ် နဲ့ သူ့အဖွဲ့သားတွေအတွက် သွားရည်စာနဲ့ ရေဗူးတို့ကိုတောင် ယူလာပေးပါတယ်။ အဲ့ဒီလို ယူလာပေးရင်းနဲ့ သန့်ရှင်းရေးအဖွဲ့က ကလေးလေးရဲ့မိသားစုနဲ့ပါ မိတ်ဆွေတွေဖြစ်လာခဲ့တယ်လို့ သိရပါတယ်။ မစ်ချယ်လ်က သူတို့အဖွဲ့လာရင် ထွက်လာပြီး နှုတ်ဆက်တတ်တဲ့ သူ့မိတ်ဆွေလေးကို ကျေးဇူးတင်တဲ့အနေနဲ့ အမှိုက်ကားအရုပ်လေးကို ပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

အဲ့ဒီအကြောင်းကို တင်ပေးတဲ့ ဖေ့စ်ဘွတ်ပေ့ချ်ကလည်း ကြင်နာတတ်တဲ့သန့်ရှင်းရေးသမားကို မြို့တော်သန့်ရှင်းအောင်လုပ်ပေးတဲ့အတွက်ကော၊ နေထိုင်သူရဲ့နေ့ရက်တွေကို တောက်ပအောင် လုပ်ပေးတဲ့အတွက်ကော ကျေးဇူးတင်ခဲ့ပါတယ်။ မစ်ချယ်လ်ရဲ့အကြောင်းကို လူမှုကွန်ယက်မှုပျံ့နှံ့သွားပြီး သူ့ကို ချီးမွှမ်းပြောဆိုလို့နေပါတယ်။

“ကောင်လေးက တော်တယ်။ အမြဲတမ်း လက်ပြတယ်။ ကလေးတွေကိုလည်း လက်ဆောင်ပေးတယ်”၊ “သူ့နာမည်ကိုတော့ မသိပါဘူး။ ဒါပေမဲ့ သူကတကယ်ကို သဘောကောင်းတယ်။ ကလေးတွေက သူ့ကို မြင်တဲ့အခါတိုင်း သူက အမြဲတမ်း လက်ပြတယ်”ဆိုပြီး မစ်ချယ်လ်ကို ချီးကျူးစကားဆိုခဲ့ပါတယ်။ ကလေးတွေက မစ်ချယ်လ်ကေို ချစ်ခင်ကြတာကြောင့် လူတော်တော်များများရဲ့ အကောင်းမြင်မှုကို ရရှိလို့နေပါတယ်။

Ref: Sanitation worker in Oklahoma gives toy recycling truck to boy who regularly greets him outside
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top