နှစ် (၂၀) ကျော်ကြာ ပျောက်ဆုံးနေခဲ့တဲ့ ပီကာဆိုပန်းချီကားကို ‘အနုပညာလောကရဲ့ အင်ဒီယာနာဂျုံးစ်’ ရှာဖွေပေး

56184359_2305043676193206_2884783881792258048_n.jpg

အနုပညာလောကရဲ့ အင်ဒီယာနာဂျုံးစ်လို့ တင်စားခံထားရတဲ့ ဟော်လန်နိုင်ငံသားတစ်ဦးက နှစ် (၂၀) ကျော်တိုင် ပျောက်ဆုံးနေခဲ့တဲ့ ပီကာဆိုရဲ့ ပန်းချီကားတစ်ချပ်ကို ရှာဖွေပေးခဲ့ပါတယ်။ Buste de Femme (Dora Maar) လို့ အမည်ပေးထားတဲ့ ဒီပန်းချီကားကို ပီကာဆိုက ၁၉၃၈ ခုနှစ်မှာ ရေးဆွဲခဲ့တာဖြစ်ပြီး အခုချိန်မှာတော့ တန်ကြေး ယူရို (၂၅) သန်းရှိတယ်လို့ တွက်ဆထားပါတယ်။

ဒိုရာမား (Dora Maar)ဆိုတာ ပီကာဆိုနဲ့ (၇) နှစ်ကြာ မေတ္တာမျှခဲ့သူဖြစ်ပြီး သူ့ကို ပန်းချီကားတွေနဲ့ပတ်သက်ပြီး အကြံပေးခဲ့သူပါ။ ၁၉၇၃ ခုနှစ်မှာ ကွယ်လွန်ခဲ့တဲ့ ပီကာဆိုဟာ သူ မသေခင်အချိန်အထိ သူ့အိမ်မှာ အဲဒီပန်းချီကားကို ချိတ်ဆွဲထားခဲ့ပါတယ်။ ၁၉၉၉ ခုနှစ်မှာ ဆော်ဒီစော်ဘွားတစ်ယောက်ရဲ့ ရွက်လှေထဲကနေ အဲဒီပန်းချီကားခိုးယူခံခဲ့ရပြီး ဟော်လန်နိုင်ငံရဲ့ မြေအောက်ဒုစရိုက်လောကမှာ နှစ်ရှည်လများ လက်ဆင့်ကမ်းခဲ့ကြတယ်လို့ အာသာဘရန်းက ပြောပါတယ်။

အာသာဘရန်းဟာ မနှစ်တုန်းကလည်း ဘိုင်ဇန်တိုင်းခေတ်က ရေးဆွဲခဲ့တဲ့ စိန့်မက်ခ်ပုံ မှန်စီပန်းချီကားကို ရှာဖွေပေးနိုင်ခဲ့လို့ နာမည်ကျော်ကြားခဲ့သူပါ။ အဲဒီမှန်စီပန်းချီကားကတော့ ၁၉၇၀ ပြည့်နှစ်တွေအတွင်း ဆိုက်ပရက်စ်နိုင်ငံကဘုရားကျောင်းကနေ ခိုးယူခံခဲ့ရတာပါ။ အာသာဘရန်းဟာ ဟစ်တလာရဲ့မြင်းတွေလို့ အမည်ရတဲ့ မြင်းရုပ် (၂) ရုပ်ကို ရှာဖွေပေးနိုင်ခဲ့လို့ ၂၀၁၅ ခုနှစ်က နိုင်ငံတကာဂုဏ်ပြုဆု ရရှိခဲ့သူလည်း ဖြစ်ပါတယ်။ သင်္ဘောပေါ်က ခိုးယူခံခဲ့ရတဲ့ ပီကာဆိုရဲ့ ပန်းချီကားတစ်ချပ်ကို ဟော်လန်နိုင်ငံ မြေအောက်ဒုစရိုက်လောကမှာ လက်ပြောင်းဝယ်ယူနေကြတယ်လို့ သတင်းကြားခဲ့တဲ့ ၂၀၁၅ ခုနှစ်ကစတင်ပြီး အာသာဘရန်းက အဲဒီပန်းချီကားကို ရှာဖွေနေခဲ့တာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top