အင်ဒိုနီးရှားဥယျာဉ်မှာ ရေသူမရုပ်တုတွေရဲ့ ဗလာကျင်းနေတဲ့ရင်သားကို အဝတ်စဖြင့် ဖုံးကာ

55608168_2305044112859829_4454566756005969920_n.jpg

အင်ဒိုနီးရှားနိုင်ငံက အမျိုးသားဥယျာဉ်တစ်ခုဟာ အရှေ့တိုင်းတန်ဖိုးတွေကို အလေးထားတဲ့အနေနဲ့ ရေသူမရုပ်တု (၂) ခုရဲ့ ဗလာကျင်းနေတဲ့ ရင်သားတွေကို အဝတ်စနဲ့ ဖုံးကာခဲ့ပါတယ်။ ဂျာကာတာမြို့က အန်ကောဒရင်းလန်းဥယျာဉ်မှာ လွန်ခဲ့တဲ့ (၁၅) နှစ်ကတည်းကရှိနေတဲ့ ရေသူမရုပ်တု (၂) ခုရဲ့ ရင်သားနေရာကို ရွှေရောင်ပိတ်စနဲ့ ဖုံးကာခဲ့တာပါ။

ဒီလုပ်ရပ်က မြို့ခံလူတွေကို စိတ်ရှုပ်စရာဖြစ်စေခဲ့ပြီး အခုလိုလုပ်ဖို့
အတင်းအကျပ်ခိုင်းစေခံရတာလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်စေခဲ့ပါတယ်။ ဒါပေမဲ့ အန်ကောဒရင်းလန်းဥယျာဉ်ကတော့ ရေသူမရုပ်တုတွေရဲ့ ရင်သားနေရာကို အဝတ်နဲ့ဖုံးကာဖို့ မနှစ်ကတည်းက ဆုံးဖြတ်ခဲ့တာလို့ ဆိုပါတယ်။

ဒါဟာ ရုပ်တုတွေကို အဝတ်နဲ့ဖုံးလို့ ဟိုးလေးတစ်ကျော်ကျော်ဖြစ်ရတဲ့ ပထမဆုံးဖြစ်ရပ်မဟုတ်ပါဘူး။ ၂၀၁၆ ခုနှစ်က အီရန်သမ္မတ ရူဟာနီရဲ့ အီတလီနိုင်ငံခရီးစဉ်မှာ အီတလီနိုင်ငံက ဝတ်လစ်စလစ်ရုပ်တုတွေကို အဝတ်နဲ့ ဖုံးကာခဲ့လို့ ဝေဖန်စရာဖြစ်ခဲ့ဖူးပါတယ်။ သိပ်မကြာသေးခင်က ဆားဘီးယားနိုင်ငံမှာ ဖွင့်လှစ်ခဲ့တဲ့ ဇီးကွက်ရုပ်တုကလည်း အမျိုးသားအင်္ဂါနဲ့ တူနေလို့ မျက်လုံးပြူးစရာဖြစ်ခဲ့ဖူးပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top