ကျန်းမာကြံ့ခိုင်စေခြင်းကို ခံစားရရှိစေမယ့် မနက်ခင်းအလေ့အထလေးများ

25-3-2020-yyl-022.jpg

မနက်ပိုင်းလုပ်တတ်တဲ့ အလေ့အထလေးအချို့နဲ့ ပတ်သက်ပြီး ပြောပြပေးချင်ပါတယ်။ ဒီလို မနက်ပိုင်းလုပ်တတ်တဲ့ အလေ့အထလေးများဟာ ကိုယ့်ရဲ့ခံစားချက်တွေကို ကောင်းမွန်စေအောင် ဖော်ဆောင်ပေးလို့ တကယ့်ကိုပဲအကျိုးသက်ရောက်မှုတွေ ရှိစေပါတယ်။ ဒါကြောင့်မို့ ဒီလိုအချက်လေးတွေကို ဝေမျှပေးလိုက်ပါတယ်။

အကြံပေးချက် ၁ – သင့်ခန္ဓာကိုယ်အားလောင်စာအာဟာရဖြည့်သွင်းပါ

“နံနက်စာသည် တစ်နေ့တာအတွက် အကောင်းဆုံးသောအစာအာဟာရဖြစ်သည်” ဆိုတဲ့ စကားလေးကိုအားလုံး ကြားဖူးကြမှာပါ။ နံနက်ခင်းဟာကျန်းမာစေတဲ့ အလေ့အထတွေကိုနေရာတစ်ကျရှိနေစေဖို့ အကောင်းဆုံးသောအချိန်တစ်ခုလို့ ယူဆပါတယ်။ တစ်ချက်ထည့်စဉ်းစားပေးရမှာကတော့ ရေဓာတ်ပါပဲ။ နံနက်ခင်းမှာသံပရာရည် တစ်ခွက် သောက်သုံးပေးခြင်းဟာလည်းစိတ်ကိုလတ်ဆတ်လန်းဆန်းစေပါတယ်။ ဆောင်းရာသီကာလများမှာတော့ ရေနွေးနွေးလေးတစ်ခွက်ဟာလည်းရေဓာတ်ကိုပြည့်ဝစေပါတယ်။

အကြံပေးချက် ၂ – စိတ်အား ပြင်ဆင်ပါ

တစ်နေ့တာအတွက် ကိုယ့်ရဲ့စိတ်ကို ပြင်ဆင်ထားခြင်းဖြစ်တဲ့ သင့်ရဲ့နံနက်ခင်းအလေ့အထတစ်ခုမှာတစ်စုံတစ်ခုကိုလုပ်ကိုင်ဆောင်ရွက်ခြင်းဟာလည်းအရေးကြီးတယ်ထင်ပါတယ်။ ဥပမာအနေနဲ့ ပြောရမယ်ဆိုရင်တော့ တရားထိုင်ခြင်း၊ ရှိခိုးဆုတောင်ခြင်းနှင့် နေ့စဉ်မှတ်တမ်းရေးသားခြင်းတို့ဖြစ်ပါတယ်။ ဘဝလောကဓံဟာအနိမ့်အမြင့် အတက်အကျတွေ အပြည့်နဲ့ပါ။ ဒါပေမယ့် နေ့ရက်တိုင်းမှာကျေးဇူးတင်စကားပြောဖို့ အချိန်အနည်းငယ်ယူခြင်းဟာသင့်စိတ်ကိုပျော်ရွှင်မှုပေးတဲ့နေရာမှာ ကြီးမားတဲ့အကျိုးသက်ရောက်မှုကို ဖြစ်စေပါတယ်။ ဒီလိုလုပ်ပေးခြင်းဖြင့် သင့်ရဲ့နှလုံးသားဟာခွင့်လွှတ်တတ်လာပြီးသင့်ကိုယ်သင် ချစ်တတ်လာမယ်။ ကမ႓ာလောကကိုချစ်တတ်လာပါမယ်။ ဥပမာ- နေ့တစ်နေ့မှာကိုယ်ဟာအဆင်မပြေတွေ ဖြစ်လာခဲ့ပြီးအလုပ်ချိန်တွင်းမှာအချိန်တွေ အလဟဿဖြုန်းတီးနေမိမယ်။ ကိုယ့်ကိုယ်ကိုယ် စိတ်တိုစေမယ့် အရာတွေ လုပ်ခဲ့မိမယ်။ ဒါဆိုရင် နောက်တစ်နေ့ နံနက် အိပ်ရာထချိန်မှာသင့်ကိုယ်သင် ခွင့်လွှတ်ပေးလိုက်ပြီးဒီနေ့ဟာနေ့သစ်တစ်ရက်ဖြစ်တယ်။ ဒီနေ့ဟာအခွင့်အရေးတွေ ပိုတိုးလာပြီးပိုအဆင်ပြေအောင် လုပ်ဆောင်မယ်ဆိုတဲ့ မိမိကိုယ်ကိုယ် သတိပေးမှုလေးကိုတစ်မိနစ်လောက် အချိန်ယူလုပ်ဆောင်ပါ။

အကြံပေးချက် ၃ – ခန္ဓာကိုယ်အား နိုးကြားတက်ကြွစေပါ

အချို့လူများဟာနံနက်ခင်းချိန်မှာကိုယ်ကာယလေ့ကျင့်ခန်းလုပ်လေ့ရှိတတ်ကြပါတယ်။ ဒါဟာအတော်ကောင်းမွန်တဲ့ အလေ့အထတစ်ခုပဲ ဖြစ်ပါတယ်။ဒီလိုမလုပ်ဘူးဆိုရင်လည်းကိုယ့်အိမ်မှာမွေးထားတဲ့ ခွေးလေးနဲ့ လမ်းလျှောက်ထွက်ပေးခြင်းမျိုးကိုလည်းလုပ်ဆောင်ပေးခြင်းဟာကောင်းမွန်တဲ့ အလေ့အကျင့်တစ်ခုပဲ ဖြစ်ပါတယ်။ တခြားနည်းလမ်းများအနေနဲ့ကတော့ ဓာတ်လှေကားရှိတဲ့ အဆောက်အဦးမျိုးမှာဓာတ်လှေကားမသုံးဘဲလှေကားကိုအသုံးပြုခြင်းနဲ့ နံနက်ခင်းမှာရေချိုးတတ်တဲ့ အလေ့အထလေးဟာလည်း ရိုးရှင်းတဲ့ အလေ့အထတစ်ခုပေမယ့် သင့်ရဲ့တစ်နေ့တာကိုအစပြုဖို့အတွက် သင့်ရဲ့ခန္ဓာကိုယ်ကို နိုးကြွားတက်ကြွစေပါတယ်။
ဒါကြောင့် ဒီအချက် ၃ချက်ဟာ ရိုးရှင်းပြီးတော့ သင့်ကိုကျန်းမာရွှင်လန်းစေပြီးကိုယ့်ရဲ့ခံစားချက်တွေကိုကောင်းမွန်စေအောင် ဖော်ဆောင်ပေးတဲ့ အချက်လေးတွေပဲ ဖြစ်ပါတယ်။

Ref : Knowledge : 3 TIPS FOR CREATING A HEALTHY MORNING ROUTINE

HtetHtet Tin Zar (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top