လ္ဘက်ရည်လား… ကော်ဖီလား

yyl-039.jpg

ကျွန်တော်တို့ နေ့စဉ်သောက်သုံးနေကျသောက်စရာတွေဖြစ်တဲ့ လ္ဘက်ရည်နဲ့ ကော်ဖီတို့ဟာ ကွဲပြားခြားနားမှုတချို့ရှိနေပေမဲ့ ကျန်းမာရေးအကျိုးတရားတွေပေးစွမ်းရာမျာတော့ အတူတူပဲဖြစ်ပါတယ်။ အဲဒီသောက်စရာနှစ်မျိုးထဲက ပိုကောင်းတဲ့တစ်ခုကိုရွေးချယ်ပါဆိုရင် ဘယ်တစ်ခုကို ရွေးချယ်ဖြစ်မယ်ထင်ပါသလဲ ဖတ်ကြည့်လိုက်ပါဦး

ကဖိန်းပါဝင်မှု

ကော်ဖီကော လ္ဘက်ရည်မှာပါ ဗဟိုအာရုံကြောစနစ်ကို လှုံ့ဆော်ပေးနိုင်တဲ့ဒြပ်ပေါင်း ကဖိန်းဓာတ်ပါဝင်ပါတယ်။ အဲဒီကဖိန်းဓာတ်ဟာ ရုပ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာစွမ်းဆောင်ရည်တွေကိုတိုးတက်လာစေသလို တချို့သောရောဂါဘယတွေဖြစ်နိုင်ချေကိုလည်း လျော့ပါးသက်သာစေပါတယ်။

လေ့လာမှုတွေအရ ကဖိန်း ၄၀၀ မီလီဂရမ်ဟာ တစ်နေ့တာအတွက် အသင့်တော်ဆုံးဖြစ်ပြီး ကော်ဖီတစ်ခွက်မှာ ပမာဏတူလ္ဘက်ရည်ကြမ်းတစ်ခွက်မှာထက် ကဖိန်းဓာတ် (၂) ဆ ပါဝင်နေတယ်လို့ ဆိုထားပါတယ်။

ဓာတ်တိုးဆန့်ကျင်ဂုဏ်သတ္တိများ

ကော်ဖီနဲ့ လ္ဘက်ရည် နှစ်မျိုးစလုံးမှာ သူတို့ရဲ့ သွင်ပြင် အနံ့ အရသာနဲ့ ကျန်းမာရေးအကျိုးပြုမှုတွေကို ပေးတဲ့ ပိုလီဖီနောလ်ဒြပ်ပေါင်း (polyphenols) ပုံစံအသီးသီးပါရှိနေပါတယ်။ ဒါကြောင့် ဒီသောက်စရာနှစ်မျိုးဟာ ရင်သားကင်ဆာ၊ အူမကြီးကင်ဆာနဲ့ သည်းခြေအိတ်ကင်ဆာတွေနဲ့ နှလုံးဝေဒနာတွေဖြစ်နိုင်ချေလျော့ကျစေဖို့ အထောက်အကူပေးနိုင်တာပါ။

(၁၀) နှစ်ကြာလေ့လာမှုအရ တစ်ရက်ကို လ္ဘက်ရည်ကြမ်း (၄) ခွက်ကနေ (၅) ခွက်ထိသောက်လေ့ရှိသူတွေဟာ နှလုံးဝေဒနာဖြစ်နိုင်ချေ (၂၁) ရာခိုင်နှုန်းလျော့ကျလာပြီး တစ်ရက်ကို ကော်ဖီ (၅) ခွက်နဲ့အထက်သောက်သုံးသူတွေကတော့ မသောက်သူတွေထက် နှလုံးထိခိုက်မှု (၂၃) ရာခိုင်နှုန်းထိလျော့ကျသွားတာကိုတွေ့ရှိထားပါတယ်။

စွမ်းအင်အပေါ်အကျိုးသက်ရောက်မှု

ကော်ဖီမှာပါတဲ့ကဖိန်းဓာတ်က နာကျင်မှုဝေဒနာနဲ့သက်ဆိုင်တဲ့ အဒီနိုဆိုင်း (adenosine) ထွက်ရှိမှုကို တားမြစ်ပေးပြီး ဒိုပါမင်း (dopamine) ဟော်မုန်းထွက်ရှိမှုကိုလံှု့ဆော်ပေးနိုင်တဲ့အရာပါ။ ကော်ဖီတစ်ခွက်သောက်ပြီးချိန်မှာထွက်လာတဲ့ ဒိုပါမင်းက နှလုံးခုန်နှုန်းကိုတိုးလာစေသလို ဦးနှောက်စနစ်ထဲမှာ ကော်ဖီကိုစွဲလန်းစိတ်ကိုပါ ဖြစ်လာစေပါတယ်။

လ္ဘက်ရည်ကြမ်းမှာက ကဖိန်းဓာတ်ပါဝင်မှုပိုနည်းပါးပေမဲ့ ဦးနှောက်စွမ်းဆောင်ရည်ကိုတိုးမြှင့်ပေးနိုင်တဲ့ အယ်လ် သီရာနိုင်း (L-theanine) ပိုကြွယ်ဝပါတယ်။

ကိုယ်အလေးချိန်လျော့ကျစေနိုင်မှု

ကော်ဖီမှာ ကဖိန်းဓာတ်ပါဝင်မှုမြင့်မားတာကြောင့် ကိုယ်အလေးချိန်လျော့ကျမှုအတွက် အကျိုးသက်ရောက်စေနိုင်တာကတော့ ငြင်းလို့မရနိုင်ပါဘူး။

ကဖိန်းပါဝင်တဲ့အရည်တစ်မျိုးကိုသောက်သုံးပြီး (၃) နာရီကြာတာနဲ့ ကယ်လိုရီ (၃) ရာခိုင်နှုန်းကနေ (၁၃) ရာခိုင်နှုန်းထိလောင်ကျွမ်းစေနိုင်ပါတယ်။

လူဦးရေ (၄၀၀) ကိုလေ့လာသုတေသနပြုမှုမှာတော့ ကောက်ဖီကိုပုံမှန်သောက်သုံးမှုနဲ့ အဆီပိုတွေလျော့ပါးလာမှုနဲ့ ဆက်စပ်နေတာကိုတွေ့ရှိထားပါတယ်။

လ္ဘက်ရည်ကြမ်းဟာလည်း သူ့မှာပါဝင်နေတဲ့ သီရာဖလေဗင် (Theaflavin) ဒြပ်ပေါင်းကြောင့် ကိုယ်အလေးချိန်လျော့ကျမှုအတွက် များစွာအထောက်အကူပြုပေးနိုင်ပါတယ်။

Ref: MSN “Is Coffee Better Than Tea?”

TH (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top