ချဲလ်ဆီးကို လိဂ်ပြိုင်ပွဲမှာ ၂ ကျော့လုံးအနိုင်ရခဲ့တဲ့ မန်ယူ

yyl-030-7.jpg

ချဲလ်ဆီး ဝ-၂ မန်ယူ

ပထမအကျော့ အိမ်ကွင်းပွဲစဉ်မှာ ၄ ဂိုးပြတ်အနိုင်ရခဲ့တဲ့ မန်ယူဟာ အခုပွဲစဉ်မှာလည်း မာရှယ်၊မက်ဂွိုင်းရားတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ ၂ ဂိုးပြတ် အနိုင်ရခဲ့ပါတယ်။ ပွဲချိန် ၄၅ မိနစ်မှာ ဝမ်ဘစ်ဆကာရဲ့ ညာတောင်ပံ ဖြတ်တင်ဘောကို မာရှယ်က ခေါင်းတိုက်ပြီး မန်ယူအတွက် အဖွင့်ဂိုးသွင်းခဲ့ပါတယ်။ ပွဲချိန် ၅၄ မိနစ်မှာ ချဲလ်ဆီးအတွက် ထောင့်ကန်ဘောကနေ ဇူမားက ချေပဂိုး ပြန်သွင်းခဲ့ပေမဲ့ အက်ပီလီကျူတာက ဘရင်ဒန်ဝီလျံကို တွန်းခဲ့တယ်ဆိုပြီး VAR စနစ်က ဂိုးမပေးခဲ့ပါဘူး။

ပွဲချိန် ၆၅ မိနစ်မှာ ဘရူနိုဖာနန်ဒက်စ်ရဲ့ထောင့်ကန်ဘောကနေ မက်ဂွိုင်းရားက ခေါင်းတိုက်ပြီး ဒုတိယဂိုး ထပ်သွင်းခဲ့ပါတယ်။ ပွဲချိန် ၇၇ မိနစ်မှာ မာဆင်မောင့်ရဲ့ ညာတောင်ပံဖြတ်တင်ဘောကို ဂျရူး ခေါင်းတိုက်ဂိုး သွင်းနိုင်ခဲ့ပေမဲ့ ခြေဦးထိပ်လေး ကွံျနေတယ်ဆိုပြီး VAR စနစ်အရ ဂိုးမပေးခဲ့ပြန်ပါဘူး။ အခုပွဲစဉ် အစောပိုင်းမှာပဲ ကန်တီ ဒဏ်ရာရပြီး လူစားလဲခဲ့ရတဲ့အတွက် ချဲလ်ဆီး ကွင်းလယ်ပိုင်း အားနည်းခဲ့သလို ဘတ်ရှူယာရီကလည်း အခွင့်အရေးကောင်းတွေကို ဖြုန်းတီးပစ်ခဲ့ပါတယ်။

မန်ယူဟာ ၁၉၈၇-၈၈ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် လိဂ်ပြိုင်ပွဲမှာ ချဲလ်ဆီးကို ၂ ကျော့လုံးအနိုင်ရခဲ့ပြီး ၂ ကျော့လုံး ပေးဂိုးမရှိ အနိုင်ယူနိုင်ခဲ့တာကတော့ ၁၉၆၄-၆၅၅ ရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top