မန်ယူတာဝန်ရှိသူတွေကို သေနတ်နဲ့ချိန်ပြီး ပေါ့ဘာကို ဝယ်ခိုင်းခဲ့တာမဟုတ်ဘူးလို့ ရိုင်အိုလာ ဝေဖန်

61.jpg

နာမည်ကျော်အေးဂျင့် ရိုင်အိုလာကတော့ ပြင်သစ်ကွင်းလယ်လူ ပေါ့ဘာနဲ့ပတ်သက်ပြီး မန်ယူအသင်းကို ဝေဖန်လိုက်ပြန်ပါပြီ။ စာချုပ်သစ်ချုပ်ဆိုဖို့ ချီတုံချတုံဖြစ်နေတဲ့ ပေါ့ဘာကို ၂၀၁၂ ခုနှစ်မှာ မန်ယူအသင်းက အသင်းကနေ ထွက်ခွာခွင့်ပေးခဲ့ပါတယ်။ ဂျူဗင်တပ်ကို ရောက်ရှိချိန်မှာ ခြေစွမ်းပြနိုင်ခဲ့တဲ့ ပေါ့ဘာကို ၂၀၁၆ ခုနှစ်မှာ (ထိုစဉ်က)ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး ပေါင် ၈၉ သန်းနဲ့ မန်ယူအသင်းက ပြန်လည်ခေါ်ယူခဲ့ပါတယ်။ ဒါပေမဲ့ ပေါ့ဘာဟာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် ဒီရာသီ ပွဲစဉ်အများစုကို လွဲချော်ခဲ့ရပါတယ်။ သူဟာ ဝက်ဖို့ဒ်၊ နယူးကာဆယ်နဲ့ပွဲစဉ်တွေမှာ ဒဏ်ရာအလျဉ်း မပျောက်သေးဘဲ ဝင်ကစားခဲ့ပြီး ခွဲစိတ်မှုထပ်လုပ်ရမယ့်အတွက် အနားယူရဖို့ ရှိနေပါတယ်။

ပေါ့ဘာဟာ ဆုဖလားအောင်မြင်မှုတွေ ဆွတ်ခူးနိုင်ဖို့ မန်ယူကနေ ထွက်ခွာချင်နေပါတယ်။ ” ကျွန်တော်က မန်ယူအသင်း တာဝန်ရှိသူတစ်ယောက်ယောက်ကို သေနတ်နဲ့ထောက်ပြီး ပေါ့ဘာကို ပြန်ဝယ်ခိုင်းခဲ့တာမဟုတ်ပါဘူး။ အဲလက်စ်ဖာဂူဆန်က ပေါ့ဘာနဲ့ ကျွန်တော့်ကို ဘုကလန့်တိုက်ခဲ့ပါတယ်။ အဲဒါက ထားလိုက်ပါတော့။ ဒါပေမဲ့ သူ့နေရာ ဆက်ခံတဲ့ မန်ယူနည်းပြတွေက ပေါ့ဘာကို ပြန်ဝယ်လိုက်တော့ ဖာဂူဆန် ဘာဖြစ်သွားလဲ”လို့ ရိုင်အိုလာက ပြောပါတယ်။ မန်ယူကို ပေါ့ဘာ တစ်ကျော့ပြန် ပြောင်းရွှေ့ခဲ့တဲ့ အပြောင်းအရွှေ့စာချုပ်မှာ ရိုင်အိုလာက အေးဂျင့်ခ မြိုးမြိုးမြက်မြက် ရခဲ့တယ်လို့ သတင်းတွေက ဖော်ပြပါတယ်။ ၂၀၁၂ ခုနှစ်မှာ မန်ယူကနေ ပေါ့ဘာ ထွက်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဖာဂူဆန်က ရိုင်အိုလာက ”ချီးထုပ်”လို့ ပြောခဲ့ဖူးပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရိုင်အိုလာနဲ့ မန်ယူအသင်းကြား စကားလုံးတိုက်ပွဲတွေ ပြင်းထန်ခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top