အသက် ၆၀ ပြည့်မွေးနေ့ဆင်နွှဲတဲ့အနေနဲ့ ပရဟိတအဖွဲ့အစည်းကို ဒေါ်လာ ၁၀ သန်းလှူဒါန်းခဲ့တဲ့ မိုက်ကယ် ဂျော်ဒန်

16.2.2023-image-၈.jpg

ဖေဖော်ဝါရီ ၁၇ ရက်နေ့မှာ အသက် ၆၀ ပြည့်မြောက်တော့မယ့် ဘတ်စကက်ဘောအကျော်အမော် မိုက်ကယ်ဂျော်ဒန်က အသည်းအသန်နာမကျန်းဖြစ်နေတဲ့ ကလေးတွေအတွက် ဆန္ဒတွေ ဖြည့်ဆည်းပေးတဲ့ Make-A-Wish America အဖွဲ့အစည်းကို ဒေါ်လာ ၁၀ သန်းလှူဒါန်းခဲ့ပါတယ်။ သူ့ရဲ့လှူဒါန်းမှုက Make-A-Wish ရဲ့ ၄၃ နှစ်တာသမိုင်းတစ်လျှောက်မှာ အကြီးမားဆုံးလှူဒါန်းမှုဖြစ်တယ်လို့ သိရပါတယ်။

မိုက်ကယ်ဂျော်ဒန်ကိုယ်တိုင်ကလည်း ၁၉၈၉ ခုနှစ်ကစတင်ပြီး နှစ်တော်တော်ကြာ Make-A-Wish ရဲ့ကလေးရာပေါင်းများစွာကို ဆန္ဒတွေ ဖြည့်ဆည်းပေးလာခဲ့တာပါ။ သူ ဆန္ဒဖြည့်ဆည်းပေးခဲ့တဲ့ သူတွေထဲမှာ မှတ်မှတ်ရရဖြစ်တဲ့ကလေးတစ်ယောက်ကတော့ ၂၀၀၀ ခုနှစ်က သူ တွေ့ဆုံခဲ့တဲ့ အသက် ၁၁ နှစ် အရွယ် ကေတီ ဒန်ကိုစကီဆိုတဲ့ ကလေးမလေးပါ။
အဲဒီတုန်းက ကေတီက ဦးနှောက်အကျိတ်ကင်ဆာရောဂါအတွက် ကုသမှုခံယူနေခဲ့တာပါ။ သူက ဘတ်စကက်ဘောကစားသမားဖြစ်ချင်ခဲ့တာပါ။ ရောဂါကြောင့် သူ့အိပ်မက်ကိုဖြည့်ဆည်းဖို့ ရပ်တန့်ထားခဲ့ရတာပါ။ Make-A-Wish ကနေဆင့် မိုက်ကယ်ဂျော်ဒန်က တွေ့ဆုံရတာက အားကစားအတွက် သူ့ရဲ့ဝါသနာကို အကောင်အထည်ဖော်ဖို့ အကူအညီဖြစ်ခဲ့ပါတယ်။ ကေတီက ဆေးကုသမှုခံယူပြီးသွားတဲ့နောက်မှာ သူ့ဒေသအတွင်းက Make-A-Wish အတွက် (၅) နှစ် အလုပ်လုပ်ပေးခဲ့ပါတယ်။

၁၉၈၀ ခုနှစ်မှာ တည်ထောင်ခဲ့တဲ့ Make-A-Wish အဖွဲ့အစည်းဟာ နှစ်တိုင်း အမေရိကန်နိုင်ငံမှာ အသည်းအသန်နာမကျန်းဖြစ်နေတဲ့ ကလေးတွေထောင်ချီကို ဆန္ဒတွေဖြည့်ဆည်းပေးပါတယ်။

Ref: Michael Jordan makes historic Make-A-Wish donation

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top