စစ်ရေးကင်းမဲ့ဇုန်ကို ဖြတ်ကျော်ပြီး မြောက်ကိုရီးယားစစ်သည်တစ်ယောက် တောင်ကိုရီးယားသို့ ဝင်ရောက်ခိုလှုံ

67748744_2512026672161571_1906137839226060800_n.jpg

မြောက်ကိုရီးယားစစ်သည်တစ်ယောက်ဟာ ကိုရီးယားနိုင်ငံကြား ပိုင်းခြားထားတဲ့ စစ်ရေးကင်းမဲ့ဇုန်ကို ကျော်ဖြတ်ပြီး တောင်ကိုရီးယားနိုင်ငံကို ဝင်ရောက်ခိုလှုံခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့ ညဉ့်သန်းခေါင်ယံအချိန်က လုံခြုံရေးအစောင့်အကြပ် ထူထပ်တဲ့ စစ်ရေးကင်းမဲ့ဇုန်ကို ကျော်ဖြတ်ခဲ့ပြီး တောင်ကိုရီးယားနိုင်ငံဘက်က အပူချိန်အာရုံခံ ပုံရိပ်ဖမ်းကိရိယာမှာ သူ့ကို တွေ့ရှိခဲ့တာလို့ ပူးတွဲစစ်ဦးစီးချုပ်ရုံးက ပြောပါတယ်။

တာဝန်ချိန်မှာ နယ်စပ်ဖြတ်ကျော်လာတဲ့ မြောက်ကိုရီးယားစစ်သည်ကို ခွဲခြားဖော်ပြခဲ့ခြင်းမရှိပါဘူး နှစ်စဉ်နှစ်တိုင်း မြောက်ကိုရီးယားနိုင်ငံကနေ ထွက်ပြေးလာသူ ဒါဇင်ပေါင်းများစွာ ရှိပေမဲ့ လုံခြုံရေးအစောင့်အကြပ် တင်းကျပ်တဲ့ စစ်ရေးကင်းမဲ့ဇုန်ကို ကျော်ဖြတ်မှုကတော့ အရမ်းအန္တရာယ်များပြီး ကြုံတောင့်ကြုံခဲကိစ္စပါ။

၂၀၁၇ ခုနှစ် နိုဝင်ဘာလမှာ စစ်ရေးကင်းမဲ့ဇုန်ကို ကျော်ဖြတ်ဝင်ရောက်တဲ့ မြောက်ကိုရီးယားစစ်သည်တစ်ဦးကို ရဲဘော်ရဲဘက်တွေက သေနတ်နဲ့ အချက် (၄၀)လောက် ပစ်ခတ်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီဖြစ်ရပ်မှာ သူ အသက်ရှင်ခဲ့ပါတယ်။ အခုနောက်ဆုံး တောင်ကိုရီးယားနိုင်ငံကို ဝင်ရောက်ခိုလှုံခဲ့တဲ့ မြောက်ကိုရီးယားစစ်သည်ကို တောင်ကိုရီးယားစစ်သည်တွေက စစ်တပ်အချုပ်ထဲ ပို့ခဲ့ကြပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top