PUBG Mobile နဲ့ WeChat Work အပါအဝင် တရုတ် app ၁၁၈ ခုကို အိန္ဒိယအစိုးရ ပိတ်ပင်

3-9-2020-yyl-023.jpg

တရုတ်နဲ့ အိန္ဒိယနိုင်ငံကြား တင်းမာမှုတွေ ဆက်လက်မြင့်တက်နေလို့ PUBG Mobile နဲ့ WeChat Work တို့အပါအဝင် တရုတ်နိုင်ငံထုတ် မိုဘိုင်း app ၁၁၈ ကို အိန္ဒိယအစိုးရက ထပ်မံပိတ်ပင်လိုက်ပါပြီ။ အိန္ဒိယအစိုးရဟာ အရင်တုန်းကလည်း အမျိုးသားလုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုကြောင့် TikTok အပါအဝင် တရုတ်နိုင်ငံထုတ် နာမည်ကျော် apps ၅၉ ခုကို ပိတ်ပင်ခဲ့ဖူးပါတယ်။ အခုနောက်ဆုံး ပိတ်ပင်ခဲ့တဲ့ apps တွေဟာ အိန္ဒိယနိုင်ငံရဲ့ အကျိုးစီးပွား ထိခိုက်အောင်လုပ်နေတယ်လို့ ခိုင်လုံတဲ့ သတင်းအချက်အလက် ရရှိထားကြောင်း အိန္ဒိယနိုင်ငံ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာနက ဖော်ပြပါတယ်။

အသုံးပြုသူတွေရဲ့ ဒေတာတွေကို ခိုးယူဖို့၊ အိန္ဒိယနိုင်ငံပြင်ပမှာရှိတဲ့ ဆာဗာတွေဆီ လျှို့ဝှက်ဖြန့်ဖြူးဖို့အတွက် Android နဲ့ iOS ပလက်ဖောင်းတွေမှာ အသုံးပြုနိုင်တဲ့ မိုဘိုင်း app တချို့ကို အလွဲသုံးစား အသုံးချနေကြတယ်လို့ သတင်းရင်းမြစ်တွေက တိုင်ကြားခဲ့တယ်လို့ အိန္ဒိယနိုင်ငံ သတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီးဌာနက ဖော်ပြပါတယ်။

ပိုင်ဆိုင်မှု အငြင်းပွားနေတဲ့ ဟိမဝန္တာနယ်စပ်ဒေသတစ်လျှောက် တင်းမာမှုတွေရဲ့ နောက်ဆက်တွဲအဖြစ် အခုလို ပိတ်ပင်ခဲ့တာပါ။ ပြီးခဲ့တဲ့ဇွန်လက လာဒက်ဒေသမှာ အိန္ဒိယနဲ့ တရုတ်စစ်သည်တွေ သံတုတ်တွေနဲ့ ရိုက်နှက်ခဲ့ကြတဲ့ တိုက်ပွဲကြောင့် အနည်းဆုံး အိန္ဒိယစစ်သည် ၂၀ သေဆုံးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ၂ နိုင်ငံလုံးက လာဒက်ဒေသထံ စစ်သည်တွေ ပိုမိုစေလွှတ်ခဲ့ကြပါတယ်။ ဂြိုဟ်တုဓာတ်ပုံတွေအရ တရုတ်နိုင်ငံက ဟိမဝန္တာနယ်စပ်ဒေသကို အပေါ်ကနေ စီးမိုးမြင်ရတဲ့ အဆောက်အအုံသစ်တွေ တည်ဆောက်နေတာ တွေ့ရပါတယ်။

Ref: BBC ” India bans PUBG, Baidu and more than 100 apps linked to China”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top