“အိပ်မက်တွေကို အသက်ဝင်လာအောင် ဖန်တီးရင်း ရှေ့ဆက်နေကြသူ မြန်မာလူငယ် ၂ ဦး”

8.12.23-yyl-14.jpg

Kai Ming နဲ့ Tun Lin Aung တို့ဟာ မြန်မာနိုင်ငံအနှံ့က တီထွင်ဖန်တီးမှုစွမ်းရည်ရှိတဲ့လူငယ်တိုင်းရဲ့ အစွမ်းအစတွေကို ထုတ်ဖော်ပြသနိုင်စေဖို့အတွက် Samsung Myanmar နဲ့ MM Project တို့ ပူးပေါင်းကျင်းပခဲ့တဲ့ “Draw Your Dream Alive” Online Competition ကြီးမှာ ပြိုင်ပွဲဝင် ၂၅၆ ဦးကို ကျော်ဖြတ်ပြီး သက်ဆိုင်ရာ နယ်ပယ်မှာ ဆုအသီးသီး ရရှိခဲ့သူတွေပဲ ဖြစ်ပါတယ်။

Graphic Design နဲ့ Digital Art တွေကို ကျွမ်းကျင်ရာနယ်ပယ်အလိုက် ဝါသနာကို အရင်းခံရင်း အိပ်မက်နဲ့ လက်တွေ့ကျအောင် ကြိုးစားနေတဲ့ ဒီလူငယ် ၂ ဦးရဲ့ ဖြတ်သန်းနေတဲ့ ဘဝ တစေ့တစောင်းကို ကြည့်ကြည့်တဲ့အချိန်မှာတော့….

Digital Art တွေဖန်တီးရင်း Comic Artist အိပ်မက်ကို အကောင်အထည်ဖော်နေတဲ့ Kai Ming

လက်ရှိအချိန်မှာ Freelance Artist တစ်ယောက်အနေနဲ့ အိပ်မက်တွေကို အကောင်အထည်ဖော်နေတဲ့ Kai Ming ဟာ ငယ်စဉ်ကတည်းက ပုံဆွဲတော်တဲ့ အဖေ့ကို အားကျရင်း ပုံတွေဆွဲရတာ ဝါသနာပါလာခဲ့တဲ့ လူငယ်တစ်ယောက်ပဲ ဖြစ်ပါတယ်။ စာရွက်တွေပေါ်မှာ ပုံတွေဆွဲနေရာကနေ တိုးတက်လာတဲ့ နည်းပညာ အလျောက် ဖုန်းနဲ့ တက်ဘလက်တွေမှာပါ ဆွဲလို့ရမှန်းသိလာတဲ့နောက် တဖြည်းဖြည်း Digital Art ဘက်ကို ပြောင်းလာခဲ့တဲ Artist တစ်ယောက်ပါ။

Digital Artwork တွေကို ဖန်တီးလာတာ ၅ နှစ်ကျော်ခန့်ရှိလာပြီးတဲ့နောက် အခုအချိန်မှာတော့ Cloud 9 Studio ကို စတင် တည်ထောင်ထားနိုင်ပြီ ဖြစ်ပြီး Comic တွေကို ဆွဲနေပြီပဲ ဖြစ်ပါတယ်။ ရှေ့ဆက်ပြီးလည်း Comic Artist တစ်ဦးအနေနဲ့ပဲ ရပ်တည်သွားနိုင်ဖို့ ကြိုးစားနေသူ တစ်ဦးလည်း ဖြစ်ပါတယ်။

Samsung Myanmar နဲ့ MM Project တို့ ပူးပေါင်းကျင်းပခဲ့တဲ့ “Draw Your Dream Alive” ပြိုင်ပွဲကိုတော့သူငယ်ချင်း Artist တွေ အွန်လိုင်းပေါ် Post တွေ share လာတာ မြင်မိရာကနေ စိတ်ဝင်စားပြီး ပါဝင်ဖြစ်ခဲ့တာပါ။ မြင်သမျှကို အကောင်းဆုံးနဲ့ အခမ်းနားဆုံး ဖန်တီးစေချင်တဲ့ ရည်ရွယ်ချက့်နဲ့ “See Great,Be Great “ဆိုတဲ့ Theme နဲ့ ယှဉ်ပြိုင်ရမယ် ဆိုတဲ့ အချိန်မှာတော့ Digital Art စပြီး ဖန်တီးဖြစ်ချိန်ကတည်းက အခုအချိန်ထိ နှစ်ခြိုက်စွာ အသုံးပြုနေခဲ့တဲ့ Samsung Galaxy Tab S4 ကို အသုံးပြုရတဲ့ ခံစားချက်အပေါ် အခြေခံပြီး Artwork တစ်ခုကို ဖန်တီးပါဝင်ဖြစ်ခဲ့တာပဲ ဖြစ်ပါတယ်။

“ကျွန်တော်က Digital Art တွေ စလုပ်ဖြစ်ကတည်းက အခုအချိန်ထိ Samsung Galaxy Tab S4 နဲ့ ဆွဲဖြစ်ခဲ့တာပါ။ ဒီပြိုင်ပွဲကလည်း အသစ်ထွက်တဲ့ Flagship Tablet ဖြစ်တဲ့ Galaxy Tab S9 Series အတွက် ရည်ရွယ်ပြီး လုပ်တယ်လို့ သိရတဲ့အချိန်မှာ ကျွန်တော့ တက်ဘလက်ကို သုံးရတဲ့ ခံစားချက်အပေါ်ပဲ အခြေခံပြီး idea ထုတ်ဖြစ်တယ်။ Samsung ရဲ့ Screen တွေက အရောင်စိုစိုတောက်တောက် လေးတွေ ဖြစ်တယ်.. Product တွေကလည်း ပေါ့ပေါ့ပါးပါးရှိတာမလို့ ကျွန်တော့ artwork ကိုလည်း အရောင်တောက်တောက်နဲ့ ပေါ့ပါးတဲ့ ဟန်ကို ယူပြီး ဆွဲခဲ့တယ်။ အဲ့ထဲမှာဆိုရင် ရေလှိုင်းလေးတွေပါမယ်၊ ပတ်ဝန်းကျင်မှာ တော်တော်များများတွေ့ရတတ်တဲ့ ပစ္စည်းလေးတွေ လည်းထည့်ထားတယ်။ ဒီ product နဲ့ ဘာကိုမဆို ဖန်တီးလို့ရပြီးတော့ ကိုယ်စိတ်ကူးထဲက အရာအားလုံးကို အကန့်အသတ်မရှိ ဖန်တီးအသက်သွင်းနိုင်တယ် ဆိုတာကို အတတ်နိုင်ဆုံး ပုံဖော်ထားခဲ့ပါတယ်။” လို့ ဖန်တီးခဲ့တဲ့ Artwork နဲ့ပတ်သတ်ပြီး Kai Ming က ပြောပြပေးခဲ့ပါတယ်။

Kai Ming က Artist တစ်ယောက်အနေနဲ့ Samsung Galaxy Tab S Series တွေ ရဲ့ Screen အရောင်အသွေး တောက်ပ မှန်ကန်မှု၊ ကြည်လင်စိုပြည်မှုနဲ့ S Pen ရဲ့ အသုံးဝင်မှုတွေကိုကြိုက်နှစ်သက်တယ်လို့လည်း ဆိုပါတယ်။ အသစ်ထွက်ရှိလာတဲ့ Galaxy Tab S9 Series ဟာလည်း အဆိုပါ ကောင်းမွန်တဲ့ အရည်အသွေး အဆင့်မြင့် လုပ်ဆောင်ချက်တွေ ပါဝင်လာတာတင်မကဘဲ တက်ဘလက်ရော S Pen ကပါ ရေဒဏ် ဖုန်ဒဏ် ခံနိုင်လာပြီဖြစ်လို့ အချိန်နေရာမရွေး စိတ်ကူးအကြံဉာဏ် တွေကို အကောင်အထည် ဖော်နိုင်စေမှာ ဖြစ်ပါတယ်။

ယနေ့ခေတ်မှာလည်း မြန်မာလူငယ် Artist တွေရဲ့ ရပ်တည်မှုက မလွယ်ကူသေးတဲ့ အနေအထားတစ်ခု ဖြစ်နေဆဲပဲ ဖြစ်ပါတယ်။ ကိုယ်တိုင် Digital Artist / Comic Artist တစ်ယောက်အနေနဲ့ လမ်းကြောင်းတစ်ခုကိုဖောက်နေတဲ့ Kai Ming ကိုယ်တိုင်ဟာလည်း အခုလို Artwork တွေကိုပဲ တစိုက်မက်မက် ဖန်တီးရတာ မလွယ်ကူကြောင်းကိုလည်း ပြောပြလာပါတယ်။ သို့ပေမယ့် ပုံဆွဲရရင် ပျော်နေတတ်တဲ့ Kai Ming ကတော့ အခက်အခဲတွေကို စိတ်ထဲမထားဖို့ ကြိုးစားရင်း သူ့အိပ်မက်ကိုသာ အကောင်အထည်ဖော်ဖို့ ကြိုးစားနေသူတစ်ဦးပါ။

“Digital ပဲဖြစ်ဖြစ် ရိုးရိုးပဲ ဖြစ်ဖြစ် ပုံတွေဆွဲရင်း Artist တစ်ယောက်ဖြစ်ချင်သူတွေနဲ့ ဖြစ်ဖို့ စတင် ကြိုးစားနေတဲ့သူတွေကို ပြောချင်တာကတော့ ပုံတွေကိုသာ တစိုက်မက်မက် ဆက်ဆွဲသွားပါ၊ တခြားဟာတွေ ဂရုမစိုက်နေပါနဲ့။ ကိုယ် ကြိုက်တဲ့ ပုံတွေကိုပဲ ဆက်ဆွဲနေမယ်ဆိုရင် တခြားအရာတွေက သူ့ဟာသူ ကိုယ့်ဆီရောက်လာပါလိမ့်မယ်” လို့လည်း Kai Ming က ပြောခဲ့ပါတယ်။

တစိုက်မက်မက် ကြိုးစားမှုတွေနဲ့ Graphic Designer အိပ်မက်ကို အသက်သွင်းနေတဲ့ Tun Lin Aung

“Draw Your Dream Alive” ပြိုင်ပွဲရဲ့ နောက်ထပ် Winner တစ်ဦးဖြစ်တဲ့ Tun Lin Aung ကတော့ Professional Graphic Designer တစ်ယောက်အဖြစ် ရပ်တည်နိုင်ဖို့ ကြိုးစားနေဆဲ လူငယ်တစ်ဦးဖြစ်ပါတယ်။ Graphic Design အပိုင်းကို စ စိတ်ဝင်စားပြီး ဝါသနာပါမှန်း သိကတည်းက Self-Study လည်းလုပ်ရင်း၊ သင်တန်းတွေလည်းတက်ရင်း ပညာဝမ်းစာ ဖြည့်နေသူတစ်ဦးပါ။ ယခင်က အလုပ်တစ်ခုနဲ့ တွဲလုပ်နေရာက ဝါသနာပါရာ Graphic Design နယ်ပယ်ထဲ ခြေစုံပစ်ဝင်ပြီး အခုအခါမှာတော့ Freelance အလုပ်တွေကိုလည်း လက်ခံပြီး လုပ်ကိုင်နိုင်နေပြီပဲ ဖြစ်ပါတယ်။ ကျန်မာရေး အပိုင်းမှာလည်း သိပ်မကောင်းသူမို့ အနာဂတ်ကို အရှည်ကြီးမတွေးဘဲ နေ့ရက်တိုင်းကို တစ်ရက်စာတစ်ရက် အကောင်းဆုံးလုပ်သွားချင်သူတစ်ဦးပဲလည်း ဖြစ်ပါတယ်။

ဝါသနာပါရာ Graphic Design လောကထဲ ခြေစုံပစ် ဝင်လာနိုင်ဖို့က သူ့အတွက်လည်း မလွယ်ကူခဲ့ပါဘူး။ မိသားစုနဲ့ အမြင်မတူမှု.. မိသားစုက ဖြစ်စေချင်တဲ့လမ်းကြောင်းနဲ့ မိမိဖောက်ချင်တဲ့ လမ်းကြောင်းတွေမတူတဲ့နောက် မိခင်ဖြစ်သူရဲ့ ဖြစ်အောင်လုပ်ပြလိုက်ဆိုတဲ့ စကားတစ်ခွန်းထဲကနေ တွန်းအားရယူပြီး အိပ်မက်တွေနောက် တစိုက်မက်မက် လိုက်ခဲ့သူပဲ ဖြစ်ပါတယ်။

Samsung Myanmar နဲ့ MM Project တို့ရဲ့ “Draw Your Dream Alive” ပြိုင်ပွဲကတော့ သူ့အတွက် ပထမဆုံး ပါဝင်ယှဉ်ပြိုင်ဖြစ်ခဲ့တဲ့ ပြိုင်ပွဲပဲ ဖြစ်ပါတယ်။ ပြိုင်ပွဲဝင်ခဲ့တဲ့ Artwork ကိုတော့ ရေအနက်နဲ့ ရေထဲက အကောင်အကြီးကြီးတွေ ကြောက်တတ်တဲ့ Thalassophobia ရှိနေသူ သူ့အတွက် အကြောက်တရားကို ရင်ဆိုင်ချင်တဲ့ စိတ်နဲ့ ရေနဲ့ ဝေလငါးတွေ ဝန်းရံနေတာကို ထည့်ဆွဲခဲ့ပါတယ်။ နောက်ထပ်လည်း ဒီ Graphic Designer လမ်းကြောင်းကို ရှေ့ဆက်လျှောက်ဖို့အားပေးခဲ့သူဖြစ်တဲ့ အမေ့ရဲ့ အိမ်က ကြောင်လေးတွေကို ကျွေးနေကျ ငါးပုံစံ အစာလေးတွေကိုလည်း inspire ယူပြီး လူမျက်လုံးထည့်ကာဆွဲခဲ့ပါသေးတယ်။ Artwork ထဲမှာ အဓိက ပါဝင်တဲ့ Artistရဲ့အနုပညာသက်ဝင်မှုဟာ Samsung Galaxy Tab S9 Series ရဲ့ သာလွန်တဲ့လုပ်ဆောင်နိုင်စွမ်းတွေနဲ့ ပေါင်းစပ်မိတဲ့နောက် ဖန်တီးတွေးတောမှုတွေဟာလည်း တစ်ဆင့်ပြီးတစ်ဆင့် မြင့်တက်လာပုံကို Paper-cut boxတစ်ခုပုံစံ သရုပ်ဖော်ထားပြီး၊ အဆုံးအစမဲ့ ဖန်တီးရေးဆွဲနေဟန် ဖန်တီးပုံဖော်ခဲ့တာပဲ ဖြစ်ပါတယ်။

“ပထမဆုံး ပါဝင်ခဲ့တဲ့ ပြိုင်ပွဲလည်း ဖြစ်တော့ ဆုရမယ်လို့တော့ မမှန်းထားမိပါဘူး။ အမေ့ကိုတော့ အမေ ကြောင်လေးတွေ ကျွေးနေကျ ကြောင်စာငါးလေးတွေကို ထည့်ဆွဲထားတယ်လို့ ပြောပြထားဖြစ်တယ်။ ဒိုင်တွေကိုယ်တိုင် ဆုရွေးချယ်တဲ့ Live မှာ ကိုယ့်ရဲ့ artwork ကို တွေ့တဲ့အချိန်မှာတော့ အရမ်း စိတ်လှုပ်ရှားမိတယ်။ မထင်ထားဘဲ ဆုရတယ်ဆိုတာ သိသိချင်း ပဲ အမေ့ကို ပြေးဖက်မိတယ်။ ပထမဆုံးပြိုင်တဲ့အချိန် အခုလို ဆု တန်းရတာကိုလည်း အရမ်းပျော်မိပါတယ်။ ဒီဘက်နယ်ပယ်ကို ကြည့်ပေးပြီး ဒီလိုပြိုင်ပွဲ လုပ်ပေးရင်း အခွင့်အရေးတွေပေးခဲ့တဲ့ Samsung နဲ့ ဦးစီးပြီး လုပ်ဆောင်ပေးခဲ့တဲ့ MM Project ကိုလည်း အရမ်းကျေးဇူးတင်မိပါတယ်။” လို့ Tun Lin Aung က ပြောပါတယ်။

မိမိကိုယ်တိုင်လိုပဲ Graphic Designer အိပ်မက်ကို အသက်သွင်းဖို့ ကြိုးစားနေသူ လူငယ်များကိုတော့ ဝါသနာ၊ ပြင်းပြတဲ့ စိတ်ဆန္ဒ နဲ့ Passion ရှိပြီး၊ artwork တွေဖန်တီးရတာကို အလုပ်တစ်ခု လို့မမြင်ဘဲ ကိုယ် နေ့တဓူဝ ကြိုက်လို့ လုပ်ပြီး ပျော်နေမယ်ဆိုတာ သေချာမှ ဒီ တစ်ခုဆို တစ်ခု focus ထားပြီး ကြိုးစားဖို့နဲ့ ပညာဝမ်းစာကို ပြည့်ဝအောင်ဖြည့်ရင်း၊ ကိုယ်လုပ်နိုင်တဲ့ အတိုင်းအတာနဲ့ အကောင်းဆုံး လုပ်ဆောင်သွားဖို့ကိုလည်း အကြံပေးခဲ့ပါတယ်။

Samsung Myanmar နဲ့ MM Project တို့ ပူးပေါင်းကျင်းပခဲ့တဲ့ “Draw Your Dream Alive” ပြိုင်ပွဲမြန်မာ လူငယ်တွေရဲ့ creative ဖြစ်တဲ့ idea တွေကို ထုတ်ဖော်ပြချင်သလို အဲ့လိုလူငယ်တွေကို တစ်ဖက်တစ်လမ်းကနေ support ပေးချင်တာကြောင့် Samsung Myanmar အနေနဲ့ MM project နဲ့ပူးပေါင်းပြီး “Draw Your Dream Alive” ပြိုင်ပွဲကို ပြုလုပ်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီပြိုင်ပွဲကို မြန်မာနိုင်ငံအနှံ့က တီထွင်ဖန်တီးမှုစွမ်းရည်ရှိတဲ့လူငယ်များစွာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး Graphic Design Category မှာ “ ၁၅၁ ” ယောက်၊ Digital Art Category မှ “ ၁၀၅” ယောက်၊ စုစုပေါင်း ၂၅၆ ဦး ပါဝင်ယှဉ်ပြိုင်ခဲ့တာပါ။ SAMSUNG Galaxy Tab S9 Series ရဲ့ အဓိက ပံ့ပိုးမှူနဲ့ အတူ လူငယ်တွေရဲ့ အစွမ်းအစတွေကို ချပြခွင့်ပေးနိုင်ခဲ့ပြီး Category တစ်ခုချင်းစီအတွက် Winner ဆု 2 ခု၊ Popular Award 2 ဆု၊ ကျေးဇူးတုံ့ပြန်မှူအနေနဲ့ ဆု 3 ဆု စတဲ့ စုစုပေါင်း ဆု 6 ဆု နဲ့ အတူ ဆုလက်ဆောင်တွေ များစွာကို ထိုက်ထိုက်တန်တန်ပေးအပ်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top