အင်းဆက် နမူနာပေါင်း ၁၁၀၀၀ ကျော်ကို မရောင်းချဘဲ ပြတိုက်ကိုလှူဒါန်းခဲ့သူ

intl03.jpg

ချုံကင်း (Chongqing) သဘာဝသမိုင်းပြတိုက်ဟာ အင်းဆက် နမူနာပေါင်း ၁၁၀၀၀ ကျော်ကို ပြီးခဲ့တဲ့ အပတ်က လက်ခံရရှိခဲ့ပါတယ်။ အသက် ၆၉ နှစ်အရွယ် လီရှုဟန်း (Li Shuheng) ဆိုသူက

ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် အင်းဆက်တွေရဲ့ အကြောင်းကို လေ့လာပြီး ပြတိုက်ထံကို စုစည်းလှူဒါန်းခဲ့တာ ဖြစ်ပါတယ်။

လီဟာ ပြတိုက်မှာ သုတေသနသမားတစ်ယောက် ဖြစ်ချင်ခဲ့တာပါ။ ၂၀၀၈ ခုနှစ်မှာ သူ့ရဲ့ အလုပ်ကနေ အနားယူခဲ့ပြီး ခရီးတွေသွားကာ အင်းဆက် နမူနာတွေကို ရှာဖွေစုစည်း ခဲ့ပါတယ်။

အပင်နဲ့ တိရစ္ဆာန်တွေကြား ကွဲပြားခြားနားမှုတွေကို လေ့လာဖို့အတွက် တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက အလွန်မြင့်မားတဲ့တောင်တွေဆီကို အခြားသော သုတေသနပြုသူတွေနဲ့အတူ ခရီးတွေ အဆင့်ဆင့်သွားခဲ့ပါတယ်။

လီဟာ လိပ်ပြာနဲ့ပတ်သတ်ပြီး ကျွမ်းကျင်သူ တစ်ယောက်ဖြစ်ပါတယ်။ သူဟာ မတူညီတဲ့ လိပ်ပြာမျိုးစိတ်အမျိုးအစားတွေကို အချိန်တိုအတွင်း ခွဲခြားပြနိုင်ပါတယ်။

တချို့လုပ်ငန်းရှင်တွေက လီရဲ့ ရှာဖွေစုစည်းမှုတွေကို ဈေးပြိုင်ပေးပြီး ဝယ်ယူမှုတွေ ရှိပေမဲ့ လီကတော့ ငြင်းပယ်ခဲ့ပါတယ်။ သူရှာဖွေ စုစည်းထားတာတွေကို နောင်လာနောက်သားတွေ လေ့လာသိရှိပြီး သဘာဝအလှတရားတွေကို တန်ဖိုးထားတတ်စေဖို့ ရည်ရွယ်ပြီး လီက အခုလို ချုံကင်း သဘာဝသမိုင်းပြတိုက်ကို လှူဒါန်းခဲ့တာပဲ ဖြစ်ပါတယ်။

Ref: CGTN “Man donates huge insect specimen collection to the museum”

Cj (ရိုးရာလေး)

 

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top