ဝန်ထမ်းတွေကို တက္ကသိုလ်တက်ဖို့ ထောက်ပံ့ပေးတော့မယ့် ဝေါလ်မတ်ကုမ္ပဏီ

cdn.corporate.walmart.com_.jpg

အမေရိကန်ကုမ္ပဏီ ဝေါလ်မတ် (Walmart) ဟာ သူရဲ့ ဝန်ထမ်းတွေကို တက္ကသိုလ်ဘွဲ့ ရရှိစေနိုင်ရန် ထောက်ပံ့ပေးဖို့ စီစဉ်လိုက်ပြီ ဖြစ်ပါတယ်။ ဝေါလ်မတ်ဟာ အမေရိကန်မှာ ဝန်ထမ်းအများဆုံး ကုမ္ပဏီကြီးတစ်ခုဖြစ်သလို အရင်ကတည်းက အထက်တန်းကျောင်း မပြီးသေးတဲ့ ဝန်ထမ်းတွေကို အထက်တန်းကျောင်းပြီးအောင် တက်နိုင်ဖို့ ထောက်ပံ့ပေးနေခဲ့တာ ဖြစ်ပြီး အခုအခါ တက္ကသိုလ်တက်နိုင်အောင်ပါ ကူညီထောက်ပံ့ဖို့ ကမ်းလှမ်းလိုက်တာပါ။

ဒီလို ကမ်းလှမ်းလိုက်ရတဲ့ ရည်ရွယ်ကတော့ အရည်အချင်းပြည့်မှီတဲ့ ဝန်ထမ်းတွေကို ထိန်းသိမ်းထားလိုတာကြောင့်ဖြစ်ပြီး အပြိုင်အဆိုင်တွေ များနေတဲ့ အလုပ်သမားဈေးကွက်မှာ ရှိပြီးသားဝန်ထမ်းတွေကို အဆင့်မြှင့်တင်ပေးလိုရင်း ဖြစ်ပါတယ်။

ဝေါလ်မတ်ဟာ Guide Education ကုမ္ပဏီနဲ့ ပါတနာပြုလုပ်ထားပြီး ဝန်ထမ်းတွေကို အလုပ်ခွင်ထဲကနေ အလုပ်လုပ်ရင်း ဘွဲ့ဒီဂရီတွေ ရရှိအောင် ကူညီပေးဖို့ စီစဉ်နေပါတယ်။

ဖလော်ရီဒါ တက္ကသိုလ် (Florida University)၊ ဘရန်းမန်း တက္ကသိုလ် (Brandman University) နဲ့ ဘယ်လာ့ဘ် တက္ကသိုလ် (Bellevue University) စတဲ့ ပညာဒါနပေးမယ့် တက္ကသိုလ် ၃ ခုမှာ ပညာသင်ကြားစရိတ် တစ်ရက်ကို တစ်ဒေါ်လာသာ ကျသင့်မယ့် အစီအစဉ်ကို ပြုလုပ်ပေးထားတဲ့ စီမံကိန်းဖြစ်တယ်လို့ သိရပါတယ်။

အနာဂတ်မှာ ဒီထက်ပိုပြီး ကျယ်ပြန့်စွာ တခြားတက္ကသိုလ်တွေနဲ့ ချိတ်ဆက်ဆောင်ရွက်သွားဖို့ အစီအစဉ်တွေ ချမှတ်နေပြီး ဝန်ထမ်းတွေအတွက် ကျောင်းစရိတ်နဲ့ စာအုပ်ဖိုးအပြင် ပညာသင်ကြားရေးနဲ့ ဆက်စပ်တဲ့ အခြားကုန်ကျစရိတ်တွေကိုပါ ထောက်ပံ့ပေးသွားမှာ ဖြစ်တာကြောင့် ဝန်ထမ်းတွေအတွက် ပညာသင်ကြားနိုင်ဖို့ ပိုက်ဆံချေးရတဲ့ ဒုက္ခမျိုးတွေ လုံးဝမရှိစေတော့ပါဘူး။

လုပ်သက် ရက် ၉၀ ပြည့်ပြီးတဲ့ အချိန်ပိုင်း (သို့) အချိန်ပြည့် ဘယ်ဝန်ထမ်းမဆို ဒီစီမံကိန်းမှာ ပညာသင်ဖို့ လျှောက်ထားနိုင်ပြီး အမေရိကန်နိုင်ငံတစ်ဝန်းက သူတို့ရဲ့ ဝန်ထမ်းပေါင်း ၁.၄ သန်းထဲက အယောက် ၆၈၀၀၀ လောက်ကို လာမယ့် ၅ နှစ်အတွင်း ထောက်ပံ့ပေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဝေါလ်မတ် ကုမ္မဏီရဲ့ စီမံခန့်ခွဲရေး ဒုဥက္ကဌ ဂျူလီ မာဖီ (Julie Murphy) က ဆိုပါတယ်။

ဒီစီမံကိန်းဟာ လွန်ခဲ့တဲ့ ၃ နှစ်က နာမည်ကျော် ကော်ဖီကုမ္ပဏီ Starbucks ရဲ့ ပညာသင်နှစ် ၄ နှစ်တက်ရတဲ့ အွန်လိုင်းဘွဲ့ကို Arizona State University နဲ့အတူ ပူးပေါင်းပြုလုပ်ဖူးတဲ့ ပုံစံမျိုးလည်း ဖြစ်ပါတယ်။

Ref: learningenglish.voanews.com “Walmart offers to pay for employees College Degree”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top