ကွေ့တီယိုအရည်နဲ့ အသုပ်

delicious_001.jpg

မိုးရာသီနဲ့ လိုက်ဖက်တဲ့ ထိုင်းအစာအစာတွေထဲမှာ ကွေ့တီယိုလည်းပါပါတယ်။ ကွေ့တီယိုကို အရည်နဲ့အသုပ် နှစ်မျိုးရနိုင်တာဖြစ်ပြီး ပိတ်ရက် အိမ်မှာလုပ်စားဖြစ်အောင် ချက်နည်းလေးပြောပြလိုက်ပါတယ်။

ပါဝင်ပစ္စည်းတွေကတော့ – ကြက်/ဝက် ၅၀ သား ၊ နံနံပင်အမြစ် အနည်းငယ်၊ ငရုတ်ကောင်းစေ့ ၁၀ စေ့ ၊CP ကြက်သားလုံး၊ ငါးဖယ်လုံး၊ မြေပဲ(ထောင်းပြီးသား)၊ဆန်ပြားခေါက်ဆွဲ၊ကန်စွန်းရွက်၊ပဲတီပင်ပေါက်၊ကြက်သွန်ဖြူ၊ငရုတ်သီးစိမ်း၊ပဲငံပြာရည်အနောက် တို့ပဲဖြစ်ပါတယ်။

ပြုလုပ်နည်းအဆင့်ဆင့်ကိုပြောပြပါမယ်။

၁။ ဟင်းအိုးထဲကို ရေ ၁၂ လီတာ ၊ ဆား နဲ့ သကြားတို့ကိုထည့်ပြီး ပွက်ပွက်ဆူအောင်တည်ထားပါ။ ပွက်ပွက်ဆူတဲ့အခါ ဝက်/ကြက်သားထည့်ပြီး ရေစင်အောင်ဆေးထားတဲ့ နံနံပင်အမြစ် ၊ ငရုတ်ကောင်းတို့ကို ထည့်ပြုတ်ပါ။

၂။အသားအနည်းငယ်အိလာတဲ့အခါ ဟင်းအိုးထဲက ဆယ်ယူပြီး အေးသွားတဲ့အခါ အသားနွှင်ထားပါ။ အသားလုံးနဲ့ ငါးဖယ်လုံးတို့ကို ဟင်းရည်အိုးထဲ ၁၅ မိနစ်လောက် ထည့်ပြုတ်ထားပါ။

၃။ဟင်းရည်အိုးအဆင်သင့်ဖြစ်တဲ့အခါ ဆန်ပြားခေါက်ဆွဲကို ရေနွေးဆူဆူထဲ ခဏ ပြုတ်ပြီး ဇကာနဲ့ ရေပြန်စစ်ထားရပါမယ်။ ကန်စွန်းရွက်နဲ့ ပဲတီပင်ပေါက်ကိုလည်း ရေနွေးဖျောပေးရပါမယ်။

၄။ ငရုတ်သီး နဲ့ကြက်သွန်ဖြူကို ပါးပါးလှီးပြီး ရှာလကာရည်နဲ့စိမ်ကာ ငရုတ်ကြက်သွန်ဖြူချဉ်ပြုလုပ်ပါ။

၄။ ကွေ့တီယိုကို အရည်နဲ့စားမယ်ဆိုရင် – ပန်းကန်လုံးထဲမှာ ဆန်ပြားဖတ် ၊ကန်စွန်းရွက် ၊ ပဲတီပင်ပေါက်၊ မြေပဲ ၊ ကြက်သွန်ဖြူဆီချက်၊ ကြက်/ဝက်သား ၊ အသားလုံးနဲ့ ငါးဖယ်လုံးထည့်ပြီး အပေါ်ကနေ ဟင်းရည်များများဆမ်းပြီး စားသုံးနိုင်ပါတယ်။ငရုတ်ကြက်သွန်ဖြူချဉ်နဲ့လည်း တွဲဖက်စားနိုင်ပါတယ်။

၄။ ကွေ့တီယို အသုပ်ဆိုရင်တော့ ဆန်ပြားဖတ်၊ ကန်စွန်းရွက်၊ ပဲတီပင်ပေါက် ၊ငရုတ်ကြက်သွန်ဖြူချဉ် ၊ မြေပဲ ၊ပဲငံပြာရည်အနောက် အနည်းငယ်၊ ကြက်သွန်ဖြူဆီချက်၊ ကြက်/ဝက်သား ၊ အသားလုံးနဲ့ ငါးဖယ်လုံးတို့ထည့်ပြီး ဟင်းရည်ထမင်းစားဇွန်း ၃ ဇွန်းလောက်ဆမ်းပြီး သုပ်စားရမှာပါ။

(အရသာအပေါ့အငံအစပ်ကိုအဆင်ပြေသလိုချိန်ဆပြီး ပြောင်းလို့ရပါတယ်)

မိုးအေးအေးမှာ ကွေ့တီယိုစားဖို့ ဆိုင်ပြေးစရာမလိုတော့ဘဲ အိမ်မှာပဲ မိသားစုနဲ့ အဝစားလို့ရပါပြီ။

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top