ကိုယ်ချစ်ခင်ရတဲ့သူတွေကို ဘယ်လို ခရစ်စမတ်လက်ဆောင်တွေ ပေးကြမလဲ

yyl-028-10.jpg

ဒီဇင်ဘာလကိုရောက်လာပြီဆိုတော့ ပွဲတော်တွေ များလှတဲ့ ကာလကို ရောက်နေပြီလို့ ဆိုရမှာပါပဲ။ ခရစ်စမတ်၊ နှစ်သစ်ကူး အစရှိတဲ့ ပွဲတော်တွေမှာ ကိုယ်ချစ်ရခင်ရတဲ့ မိသားစု၊ ချစ်သူ၊ သူငယ်ချင်း မိတ်ဆွေတွေကို ဘယ်လို လက်ဆောင်လေးတွေ ပေးကြမလဲ။ တကယ်တော့ တစ်ယောက်နဲ့ တစ်ယောက် လက်ဆောင်ပေးကြတယ်ဆိုတာကတော့ ပေးလိုက်တဲ့ ပစ္စည်းရဲ့ တန်ဖိုးဆိုတာထက် ပေးတဲ့သူနဲ့ လက်ခံတဲ့သူ ကြားရှိတဲ့ စေတနာနဲ့ အသိအမှတ်ပြုမှုတွေရဲ့ သင်္ကေတပါပဲ။ အခုလို လက်ဆောင်လေးတွေ ပေးဖို့ စဉ်းစားတဲ့အခါ ကိုယ်အလေးအနက်ထားပြီး ရွေးချယ်ပေးထားတယ်ဆိုတာကိုလည်း ပေါ်လွင်စေနိုင်စေဖို့ လက်ဆောင်ပေးခါနီးမှာ ထည့်သွင်းစဉ်းစားသင့်တဲ့ အချက်ကလေးတွေကို ပြောပြပေးချင်ပါတယ်။

၁။ လူကြီးမိဘတွေကို ဘယ်လို လက်ဆောင်တွေပေးမလဲ

ကိုယ်လက်ဆောင်ပေးမယ့်သူက ကိုယ့်မိဘ၊ ဒါမှ မဟုတ် အသက်ကြီး၊ ဝါကြီးတဲ့ သူ တစ်ဦး ဖြစ်မယ်ဆိုပါစို့။ ပေးမယ့် လက်ဆောင်က သူ့တို့အပေါ် ကိုယ့်ရဲ့ နွေးနွေးထွေးထွေးရှိတဲ့ မေတ္တာကို ပေါ်လွင်အောင်ပြသနိုင်ဖို့လိုပါတယ်။ နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာကို ဖော်ပြတဲ့၊ ဆောင်းရာသီနဲ့ လိုက်ဖက်ညီတဲ့ ပစ္စည်းလေးတွေကို လက်ဆောင်ပေးမယ်ဆိုရင်လည်း ချစ်စဖွယ် စိတ်ကူးလေး အဖြစ် သတ်မှတ်ခံရမှာတော့ အသေအချာပါပဲ။ လူကြီးမိဘတွေ ပိုပြီး လိုအပ်တဲ့အရာကတော့ လက်ဆောင်ပစ္စည်းဆိုတာတွေထက် သူတို့ကို အလေးထား အချိန်ပေးမှုကို ပိုပြီး လိုချင်မှာပါ။ ခရစ်စမတ်လက်ဆောင်အနေနဲ့ အမေ့ကို အနမ်းလေး တချက်ပေးတာမျိုးကတောင် ပိုပြီး ကြည်နူးစေမှာပါ။ ဒါ့ပြင် မိသားစု အချိန်ပေးပြီး ညစာ စားတာမျိုးကလည်း ပျော်ရွှင်စရာ ပွဲတော် အချိန်အခါလေးကို ရရှိစေနိုင်မှာပါ။

၂။ ကိုယ်တန်ဖိုးထားရတဲ့ ချစ်သူကိုရော ဘယ်လိုမျိုးလက်ဆောင်တွေ ပေးမလဲ

တကယ်လို့ ကိုယ် ခရစ်စမတ်လက်ဆောင်ပေးမယ့်သူက ကိုယ်ချစ်ခင်ရတဲ့ ချစ်သူကောင်မလေး ဖြစ်နေမယ်ဆိုပါစို့။ ဒီနေရာမှာ လက်ဆောင်ရွေးချယ်မှုက အရမ်း အရေးကြီးလာပါပြီ။ ကိုယ့်အတွက် သူက ဘယ်လောက် တန်ဖိုးထားစရာဖြစ်သလဲ။ အရေးပါသလဲဆိုတာ ဒီနေရာမှာ ပြလို့ရမှာပါ။ ဥပမာ သူ့အတွက်ကိုယ်တိုင် ပြုလုပ်ထားတဲ့ DIY ခရစ်စမတ်ကတ်လေး လက်ဆောင်ပေးတာမျိုး၊ လှလှပပ ပန်းစည်းလေးနဲ့အတူ စိတ်ကူးယဉ်စရာကောင်းတဲ့ ညနေစာ စီစဉ်ပေးတာမျိုး၊ ချစ်စရာကောင်းတဲ့ စရစ်စမတ် သင်္ကေတလေးတွေပါမယ့် လက်ဝတ်လက်စား တစ်ခုခု လက်ဆောင်ပေးတာမျိုးက ကိုယ်ချစ်တဲ့ ကောင်မလေးကို ပျော်ရွှင်စေနိုင်မယ်လို့ထင်ပါတယ်။

ကိုယ်ချစ်တဲ့ ကောင်လေးကိုရော ဘယ်လို လက်ဆောင်ပေးကြမလဲ။ ဒီနေ့ခေတ် ကောင်လေးတွေရဲ့ အကြိုက်ကတော့ နည်းပညာပစ္စည်းတွေလို့ ဆိုရမှာပါပဲ။ ဂိမ်းဆော့ရတာ ကြိုက်တဲ့ ကောင်လေးတွေဆိုရင် ဂိမ်းစက် လက်ဆောင်ပေးတာ၊ ဂိမ်းခွေ လက်ဆောင်ပေးတာမျိုးက သူတို့ရဲ့ စိတ်ကို လုံးဝ ဆွဲဆောင်နိုင်မှာပါ။ ဖုန်းလက်ဆောင်ပေးမယ်ဆိုရင်လည်း သူတို့ ပျော်မှာ အသေအချာပါပဲ။ ဥပမာ-I phone X ဆိုပါတော့။

ဒီထက်ပိုပြီး ဆန်းဆန်းပြားပြားလက်ဆောင်ပေးချင်တယ်ဆိုရင်တော့ ဖုန်းမှာ စိတ်ကြိုက်ဂိမ်းဆော့လို့ရမယ့် အင်တာနက် ဒေတာ တွေ နဲ့ ဖုန်းဘေလ် ကို surprise gift အနေနဲ့ ပေးလို့ရပါတယ်။ ဥပမာ ပြောရရင် ကိုယ့်ကောင်လေးက အူရီဒူး သုံးတယ်ဆိုရင် Hottest data packs နဲ့ လက်ဆောင်ပေးလို့ရပါတယ်။ Ooredoo ရဲ့ Hottest data packs မှာဆိုရင်တော့ ဖုန်းဘေလ် 8999 ကျပ်နဲ့ အင်တာနက်ဒေတာ 5300 MB ဝယ်ယူမယ်ဆိုရင် ဖုန်းဘေလ် 9000 ကျပ်ကို လက်ဆောင် အဖြစ်ပြန်လည်ရရှိမှာပါ။

အရင်ကတော့ ဖုန်းဘီလ်လက်ဆောင်ကို အူရီဒူးအချင်းချင်း ဖုန်းခေါ်ဆိုခြင်း၊ ဗွီဒီယိုဖုန်းခေါ်ဆိုခြင်း၊ SMS ပေးပို့ခြင်းနှင့် သုံးသလောက်သာကျသင့်မယ့် အင်တာနက်တို့အတွက် ၃ရက်အတွင်းအသုံးပြုနိုင်ပါတယ်။ အခုကတော့ အဲ့ဒီ အစီအစဉ်မဟုတ်တော့ဘဲ ပိုပြီး ကောင်းမွန်တဲ့ လက်ဆောင် အစီအစဉ်တစ်ခုကို အူရီဒူးက ပြန်လည်ပေးအပ်သွားမှာပါ။ အဲ့ဒါကတော့ လက်ဆောင်ရရှိတဲ့ ဖုန်းဘေလ်နဲ့ သုံးသလောက်သာ ကျသင့်မယ့် အင်တာနက်အတွက် ၇ ရက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အင်တာနက် ဒေတာ ဝယ်ယူမှု 1499 ကျပ်ကနေ စတင်ပြီး ဖုန်းဘေလ် လက်ဆောင်တွေ ပြန်လည်ရရှိမှာပါ။ ဖုန်းဘေလ်နဲ့ အင်တာနက်ဒေတာ က ဒီနေ့ခေတ်ကောင်လေးတွေကို ကျေနပ်ပျော်ရွှင်စေမယ့် လက်ဆောင်ဖြစ်မှာတော့ အမှန်ပါပဲ။

၃။ ကိုယ်ချစ်ခင်ရတဲ့ သူငယ်ချင်း မိတ်ဆွေ၊ လုပ်ဖော်ကိုင်ဖက်တွေကို ဘယ်လို လက်ဆောင်မျိုးပေးမလဲ

ကိုယ်လက်ဆောင်ပေးမယ့်သူက ကိုယ်ချစ်ခင်ရတဲ့ သူငယ်ချင်း မိတ်ဆွေ ဖြစ်မယ်ဆိုရင်တော့ အကောင်းဆုံး ရွေးချယ်သင့်တဲ့ လက်ဆောင်တမျိုးကတော့ စာအုပ်လက်ဆောင်လို့ဆိုပါရစေ။ သူကြိုက်နှစ်သက်တဲ့ စာအုပ်အမျိုးအစား၊ စာရေးသူတွေကို မသိမသာ စုံစမ်းပြီး လက်ဆောင်ပေးမယ်ဆိုရင် သူလည်း ပျော်ရွှင်ရမှာပါ။ ဒါ့ပြင် ခရစ်စမတ်ကတ်လေးတွေကလည်းကိုယ့်ရဲ့ သူငယ်ချင်းတွေအပေါ်ထားရှိတဲ့ အလေးထားမှုကို သိသာစေမှာပါ။

တကယ်လို့ ကိုယ်လက်ဆောင်ပေးမယ့်သူက ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက် ထဲက ဖြစ်မယ်ဆိုရင်တော့ မကြာခင်မှာ ကူးပြောင်းတော့မယ့် နှစ်သစ်အတွက် ရည်ရွယ်တဲ့ ဒိုင်ယာရီ စာအုပ်အမိုက်စားလေးတွေ လက်ဆောင်ပေးမယ်ဆိုရင် ချစ်စဖွယ် စိတ်ကူးလေး ဖြစ်မှာ အမှန်ပါပဲ။ နေ့စဉ် အလုပ်ခွင်မှာ အသုံးဝင်တဲ့ အခြား လက်ဆောင်ပစ္စည်းသေးသေးလေးတွေကလည်း ကိုယ့်ရဲ့ ခင်မင်မှုကို ပေါ်လွင်စေမှာပါ။ ဥပမာ- ဖောင်တိန် လက်ဆောင်ပေးတာမျိုး၊ စားပွဲတင် ပန်းပင်လေးတွေ လက်ဆောင်ပေးတာမျိုးကလည်း ပျော်ရွှင်စေတဲ့ လက်ဆောင် ဖြစ်စေမှာပါ။

Zym (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top