ရွှေလက်တွဲကြတော့မယ့် ဂျိုဂျန်ဆွတ်ခ် (Jo Jung Suk) နဲ့ ဂန်မီ (Gummy)

jo.jpeg

မင်းသား ဂျိုဂျန်ဆွတ်ခ်က Oh My Ghost ဇာတ်လမ်းတွဲနဲ့ လူသိများပါတယ်။ ပါ့ခ်ဂျီယွန်း (ခေါ်) ဂန်မီ ကတော့ အဆိုတော် ဖြစ်ပြီး DOTS ဇာတ်လမ်းတွဲ ရဲ့ ဇာတ်ဝင်တေး “You are My Everything” ကို သီဆိုပေးသူလည်းဖြစ်ပါတယ်။ အသက် ၃၇ နှစ်ရှိနေပြီဖြစ်တဲ့ သူတို့နှစ်ဦးက ချစ်သူသက်တမ်းအကြာကြီးနေပြီးမှ ရွှေလက်တွဲတော့မှာပါ။

လာမယ့် ဆောင်းတွင်းမှာ နှစ်ဖက်မိဘ ဆွေမျိုးတွေ ရက်အတိအကျ သတ်မှတ်ပြီးတာနဲ့ လက်ထပ်မှာဖြစ်ကြောင်း ဒီကနေ့ ဇွန်လ ၂၂ ရက်နေ့က ကြေညာလိုက်တာဖြစ်ပါတယ်။

“ဆောင်းရာသီမှာ လက်ထပ်ဖို့တော့ စီစဉ်ထားပါတယ်။ ကျွန်တော် ဒီရက်ထဲမှာ Hit-and-Run ရုပ်ရှင် ရိုက်နေ ဆဲမို့ နှစ်ဖက်မိဘ တရားဝင်တွေ့ဆုံဆွေးနွေးတာ မျိုး မင်္ဂလာ ဆောင်မယ့် နေရာ ၊ ခန်းဝင်ပစ္စည်း တွေ အခုထိ မစဉ်းစားရသေးပါဘူး။ ကျွန်တော်တို့နှစ်ဦးသားက တစ်ဦးကို တစ်ဦးချစ်ပြီး ပျော်ပျော်ရွှင်ရွှင် လက်ထပ်သွားကြမှာပါ။” ဆိုပြီး သတင်းမီဒီယာတစ်ခုမှာ ဂျိုဂျန်ဆွတ်ခ်က ဖွင့်ပြောထားပါတယ်။နှစ်ဦးသား လက်ထပ်ပွဲကို သိုသိုသိပ်သိပ် ကျင်းပသွားမှာလည်းဖြစ်ပါတယ်။

ဂျိုဂျန်ဆွတ်ခ် နဲ့ ဂန်မီတို့ က ၂၀၁၃ ခုနှစ်ကတည်းက ချစ်သူတွေဖြစ်ခဲ့ကြပြီး ပရိသတ်တွေကိုတော့ ၂၀၁၅ ခုနှစ်ကမှ အသိပေးခဲ့တာပါ။ အင်တာဗျူးမှာတစ်ယောက်အကြောင်းတစ်ယောက်ကို မေးတိုင်း နှစ်ဦးသား အဖြေက တိကျမှုရှိသလို တစ်ဦးပေါ်တစ်ဦးလေးစားမှု ဘယ်လောက်ရှိကြောင်းကိုလည်း အဆိုတော် ပါ့ခ်ဂျွန်ဟွန်း က ထောက်ခံပြောဆိုပါတယ်။ ဂန်မီရဲ့ အမေကလည်း သားမက်ကို သဘောကျကြောင်း တီဗွီ ပရိုဂရမ်တစ်ခုမှာ ပြောပြသွားပါတယ်။

ဂျိုဂျန်ဆွတ်ခ် က အခုလက်ရှိမှာ သူရဲ့ အသစ်ထွက်ရှိမယ့် Hit and Run ဇာတ်ကား ထုတ်လုပ်ဖို့ လုပ်ဆောင်နေတာဖြစ်ပြီး ဂန်မီကတော့ တောင်ကိုးရီးယား ဂီတဖျော်ဖြေပွဲတွေမှာ သီဆိုနေပြီး Mnet Variety show မှာလည်း ပါဝင်ထားပါတယ်။

Ref: Soompi “Breaking: Long-Term Couple Jo Jung Suk And Gummy To Marry This Year”

Alice May (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top