နယ်စပ်ဒေသ တင်းမာမှုလျှော့ဖို့ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယား သဘောတူ

99523861_mediaitem99523860.jpg

မြောက်ကိုရီးယား နဲ့တောင်ကိုရီးယားနိုင်ငံက အဆင့်မြင့်အရာရှိကြီးတွေ ၂ နှစ် အတွင်း ပထမဆုံးအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် နယ်စပ်ဒေသ တင်းမာမူတွေ လျှော့ချဖို့အတွက် စစ်ဘက်ဆိုင်ရာ ဆွေးနွေးမှုတွေ လုပ်ဖို့ သဘောတူညီခဲ့ပါတယ်။

တောင်ကိုရီးယားနိုင်ငံမှာ ဖေဖော်ဝါရီလအတွင်းကျင်းပမယ့် ၂၀၁၈ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နိုင်ဖို့ မြောက်ကိုရီးယားနိုင်ငံက ကိုယ်စားလှယ်အဖွဲ့ စေလွတ်သွားမှာ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ နှစ်က ဆိုင်းငံထားခဲ့တဲ့ စစ်ဘက်ဆိုင်ရာ အဆက်အသွယ်ကို မူလအတိုင်း ပြန်ဖြစ်အောင်လုပ်ဖို့ သဘောတူညီခဲ့တယ်လို့ တောင်ကိုရီးယား အစိုးရက ပြောပါတယ်။ ဒါပေမဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ ကိုယ်စားလှယ်အဖွဲ့ ကတော့ နျူကလီယားလက်နက်ကို ဖယ်ရှားရေးကိစ္စအတွက် အပြုသဘော မဆောင်ခဲ့ဘူးလို့ တောင်ကိုရီးယားဘက်က ပြောထားပါတယ်။

အမေရိကန် နိုင်ငံကတော့ မြောက်ကိုရီးယား နဲ့တောင်ကိုရီးယား ဆွေးနွေးမှုနဲ့အစည်းဝေးကို သတိထားစောင့်ကြည့်ခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ ပိတ်ပင်မှုတွေကို ချိုးဖောက်မှုမရှိဘဲ ဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲမှာ မြောက်ကိုရီးယားနိုင်ငံ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့ အမေရိကန်နိုင်ငံက တောင်ကိုရီးယားအစိုးရ တာဝန်ရှိသူတွေနဲ့ အနီးကပ် တိုင်ပင်ဆွေးနွေးခဲ့တယ်လို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ကောင်းထက်ငွေ (ရိုးရာလေး)

Ref : BBC : Koreas agree military talks to defuse border tension

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top